IELTS အမှတ်စာရင်းကို Test Taker Portal ထဲတွင်ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ IELTS စာမေးပွဲအမျိုးအစားအပေါ်မူတည်၍ အဖြေလွှာအမှတ်စာရင်း ထွက်ရှိသည့်ရက် များအား အောက်ပါဇယားတွင် ဖော်ပြထားပါသည်။
စာမေးပွဲအမျိုးအစား |
အမှတ်စာရင်းထွက်ရှိမည့်ရက် ကြာချိန် |
| IELTS on Computer | ၁ - ၅ ရက်အတွင်း |
| IELTS Online | ၆ - ၈ ရက်အတွင်း |
| IELTS for UKVI on Computer | ၁ - ၅ ရက်အတွင်း |
| IELTS Life Skills | ၇ ရက် |
IELTS Test Report Form ဆိုသည်မှာ အဘယ်နည်း။ မည်သည့် အချိန်တွေ Test Report Form ရရှိနိုင်မည်နည်း။
IELTS Test Report Form (TRF) ဆိုသည်မှာ သင်၏ အင်္ဂလိပ်စာကျွမ်းကျင်မှုကို သက်သေပြနိုင်သော တရားဝင်လက်မှတ်ဖြစ်ပါသည်။ ဤ Report Form အား စာရွက်နှင့် သော်လည်းကောင်း၊ အီလတ်တရောနစ် နှင့်သော်လည်းကောင်းရရှိနိုင်ပါသည်။
အီလတ်တရောနစ် Test Report Forms
သင်သည် ကွန်ပျူတာဖြင့်ဖြေဆိုရသော IELTS စာမေးပွဲကို ဖြေဆိုထားပါက၊ ရလဒ်များကို အီလက်ထရောနစ်ပုံစံဖြင့်သာ ရရှိမည်ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုပြီးနောက် ၁ ရက်မှ ၈ ရက်အတွင်း Test Taker Portal မှတစ်ဆင့် အီလက်ထရွန်းနစ် Test Report Form (eTRF) ကို ဒေါင်းလုဒ်ရယူနိုင်ပါသည်။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ စာရွက်ပုံစံ Test Report Form (TRF) များကို ထုတ်ပေးတော့မည် မဟုတ်ပါ။
သင်၏ eTRF ကို print ထုတ်ပြီး လျှောက်ထားလိုသည့် အဖွဲ့အစည်းများသို့ ပေးပို့နိုင်သလို၊ email မှတစ်ဆင့်လည်း ပေးပို့နိုင်ပါသည်။ ထို့အပြင် Test Taker Portal မှတစ်ဆင့် သင်၏ ရလဒ်များကို အဖွဲ့အစည်းများသို့ တိုက်ရိုက်ပေးပို့နိုင်ပါသည်။ Test Report Form ပျက်စီး ပျောက်ဆုံးသွားပါက သို့မဟုတ် စာမေးပွဲရလဒ်များနှင့် ပတ်သက်၍ မေးမြန်းလိုသည်များရှိပါက +၉၅၉ ၉၄၀၀၇၀၀၉၉ သို့ ဖုန်းဆက်၍ဖြစ်စေ၊ mmieltsadmin@mm.britishcouncil.org သို့ email ပေးပို့၍ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
IELTS စာမေးပွဲရလဒ်အစီရင်ခံစာ အား ကိုယ်စားထုတ်ခွင့်ရှိပါသလား။
IELTS စာမေးပွဲရလဒ်အစီရင်ခံစာ အား ကိုယ်စားထုတ်ယူလိုလျှင် Customer Service Team မှ ဖောင်တွင် သက်ဆိုင်ရာ ID အား တွဲ၍ အချက်အလက်များဖြည့်စွက်လျှောက်ထားရပါမည်။ကိုယ်စားထုတ်ယူလိုသည့် သူအား ထိုဖောင် နှင့်တကွ ဖြေဆိုသူ ID နှင့် ကိုယ်စားထုတ်ယူသူ ID မိတ္ထူပါ တစ်ပါတည်းယူဆောင်ရမည်။
သင်လျှောက်ထားသည့် ကျောင်းမှ မူရင်း IELTS စာမေးပွဲရလဒ်အစီရင်ခံစာ(TRF)တောင်းခဲ့လျှင် တိုက်ရိုက်ပေးပို့ပါမည်။ မိတ္တူများကို လက်မခံပါ။
(တက္ကသိုလ်၊ လ.၀.ကရုံး စသည့်) သင်လျှောက်ထားသည့် အဖွဲ့အစည်းများထံ နောက်ထပ် အီလက်ထရောနစ် စာမေးပွဲအစီရင်ခံစာပုံစံ (၅) စောင် ပို့ပေးပါမည်။ ထိုသို့ ပို့လိုလျှင် သက်ဆိုင်ရာလိပ်စာများကို ဖြေဆိုသည့်အချိန်မှ (၂)နှစ်အတွင်း Test taker portal ပေါ်၌ ထည့်ပေးရပါမည်။
ကျောင်း/အဖွဲ့အစည်း၏ စာပို့ရန် လိပ်စာအပြည့်အစုံကို ထည့်ပေးရန် မမေ့ပါနှင့်။ လိပ်စာအပြည့်အစုံ ပေးမထားလျှင် ထိုကျောင်း/အဖွဲ့အစည်းမှ အွန်လိုင်းဖြင့်ပို့လိုက်သည့် သင့်ရလဒ်များကို ကြည့်ရှုစေနိုင်မည့် IELTS စာမေးပွဲအစီရင်ခံစာ ရမရ၊ စစ်ဆေးသည့် ၀န်ဆောင်မှုကို သုံးနိုင်ခြင်း ရှိမရှိ ဆန်းစစ်နိုင်မည် မဟုတ်ပါ။ ထိုဝန်ဆောင်မှုကို မသုံးနိုင်ခဲ့လျှင် အစီရင်ခံစာ (TRF) ကို စာတိုက်မှ ပို့ပေးနိုင်ပါသည်။ ပြည်ပလိပ်စာများသို့ပို့ဆောင်လိုပါက ပို့ဆောင်ခကျသင့်ငွေအားပေးချေရပါမည်။
နောက်ထပ် IELTS ရလဒ်အစီရင်ခံစာ မိတ္တူ ရနိုင်ပါသလား။
Test Report Form အားထပ်မံ တောင်းခံလိုပါလျှင် mmieltsadmin@mm.britishcouncil.org သို့ အီးမေလ်းပေးပို့ တောင်းခံနိုင်ပါသည်။
နောက်ထပ်စာမေးပွဲရလဒ်အစီရင်ခံစာ(TRF)ထုတ်ပေးရန် ၁၀-ရက်မျှ ကြာမြင့်ပါမည်။
မိမိ၏IELTS အမှတ်သည် မည်သည့်အဓိပ္ပါယ်ဆောင်ပါသနည်း။
IELTS စာမေးပွဲအပိုင်းတစ်ခုချင်းစီအတွက် အမှတ် ၀-၉ အထိပေးပြီး သင့်အင်္ဂလိပ်စာ ကျွမ်းကျင်မှုကို ထင်ဟပ်ပါသည်။
သင့်စာမေးပွဲရလဒ်အစီရင်ခံစာ(TRF)တွင် ကျွမ်းကျင်မှုလေးရပ်ဖြစ်သည့် နားထောင်ခြင်း၊ ဖတ်ကြားခြင်း၊ ရေးသားခြင်း၊ ပြောဆိုခြင်းစွမ်းရည် အပိုင်းတစ်ခုချင်းအတွက် အမှတ်ပေးထားပြီး လေးမျိုးပေါင်းပျမ်းမျှ အမှတ်လည်း ပေးထားပါသည်။ တစ်ပိုင်းချင်းအတွက် band scores အပြည့် (ဥပမာ-၅.၀၊ ၆.၀၊ ၇.၀)ရနိုင်သကဲ့သို့ band scores တစ်ဝက် (ဥပမာ- ၅.၅၊ ၆.၅၊ ၇.၅)ရနိုင်ပါသည်။
သင့်အမှတ်က မည်သို့အဓိပ္ပါယ်ဆောင်ကြောင်း ဤနေရာတွင် ရှာဖွေဖတ်ရှုပါ။
IELTS စာမေးပွဲအမှတ်များ မည်မျှကြာကြာ အတည်ဖြစ်ပါသနည်း။
သင့်IELTS ရလဒ်များ နှစ်နှစ်အထက်ပိုကြာခဲ့ပြီး စာမေးပွဲဖြေပြီးနောက် အင်္ဂလိပ်စာကို တက်တက်ကြွကြွ လေ့လာပြီး တိုးတက်အောင်ကြိုးပမ်းခဲ့ကြောင်း သင်က သက်သေမပြနိုင်ခဲ့လျှင် အဖွဲ့အစည်းများမှ အမှတ်ကိုလက်ခံလေ့မရှိပါ။ IELTS မိတ်ဖက်အဖွဲ့များမှ နှစ်နှစ်အထက် ပိုမိုကြာမြင့်သော စာမေးပွဲ ရလဒ်များကို အတည်ပြုနိုင်ခြင်း မရှိပါ။
မိမိ၏IELTSစာမေးပွဲဖြေကြားချက်ကို မည်ကဲ့သို့ ပြန်ပြီး အမှတ်ခြစ်စေရပါမည်နည်း။
သင်မှန်းထားသလောက် IELTS စာမေးပွဲအမှတ်မရခဲ့လျှင် သင့်ဖြေကြားချက်အား ပြန်လည်အမှတ်ခြစ်ပေးရန် လျှောက်ထားနိုင်ပါသည်။ ရလဒ်အားစုံစမ်းခြင်း(EOR)ဟု ခေါ်ဆိုပါသည်။ စာမေးပွဲ မည်သည့်အပိုင်းကို ပြန်လည်အမှတ်ခြစ်စေလိုကြောင်း ရွေးချယ်နိုင်ပြီး သင်ဖြေဆိုခဲ့သည့် ဌာနတွင် တောင်းဆိုရန်လိုအပ်ပါသည်။
ဤ၀န်ဆောင်မှုအတွက် စတာလင်ပေါင် ငွေ (၈၃.၆၃) ကျသင့်ပြီး ဖြေဆိုချက်၏ မည်သည့်အပိုင်းမဆို အမှတ်တိုးပေးခဲ့လျှင် ငွေပြန်အမ်းပေးပါမည်။
IELTS on Computer ဖြေဆိုသည့်ရက်နောက်ပိုင်း သီတင်းပတ်(၆)ပတ်ထက် နောက်မကျစေပဲ အမှတ်ပြန်ခြစ်ပေးရန် လျှောက်ထားရမည်။
Enquiry on Results (EOR) အား အွန်လိုင်းပေါ်တွင် Test Taker Portal မှတစ်ဆင့် ပေးပို့နိုင်ပါတယ်။ EOR အား အွန်လိုင်းမှပေးပို့ပုံကို အောက်ပါ downloadsကဏ္ဍ တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
သို့မဟုတ် Enquiry on Results ဖောင် ကို ဗြိတိသျှကောင်စီ customer service တွင်မေးမြန်းပေးပို့နိုင်ပါသည်။ စာမေးပွဲအစီရင်ခံစာပုံစံနှင့် ငွေပေးသွင်းပြီးသည့် အထောက်အထားများကို တွဲပေးရပါမည်။
ရလဒ်အားစုံစမ်းခြင်း (Enquiry on Result) ဝန်ဆောင်ခများ
- ကွန်ပျူတာဖြင့်ဖြေဆိုရသော IELTS အတွက် ၉၅ ဒေါ်လာ
- ယူကေဗီဇာ IELTS နှင့် Life Skills စာမေးပွဲအတွက် ၉၅ ဒေါ်လာ
မှတ်ချက်
- စာမေးပွဲကြေးအား အွန်လိုင်းမှ စာရင်းပေးသွင်းကာ ပြည်တွင်း/ပြည်ပဘဏ်များမှ ထုတ်ပေးသော နိုင်ငံတကာ ငွေလွှဲလက်ခံသည့် Credit (သို့မဟုတ်) Debit Card (ဥပမာ - Visa, Mastercard, JCB နှင့်အခြားသော နိုင်ငံတကာမှ လက်ခံသည့် အွန်လိုင်းငွေပေးချေမှုအတွက်လက်ခံသည့်မည်သည့်ကတ်မဆို) ဖြင့်သာပေးချေနိုင်မည်ဖြစ်သည်။
- အွန်လိုင်းမှငွေပေးချေရာတွင် သင်အသုံးပြုသော ပြည်တွင်း/ပြည်ပဘဏ်များမှ ထုတ်ပေးသော နိုင်ငံတကာ ငွေလွှဲလက်ခံသည့် Credit (သို့မဟုတ်) Debit Card (ဥပမာ - Visa, Mastercard, JCB နှင့်အခြားသော နိုင်ငံတကာမှ လက်ခံသည့် အွန်လိုင်းငွေပေးချေမှုအတွက်လက်ခံသည့်မည်သည့်ကတ်မဆို) ၏ ဘဏ်အပေါ်မူတည်၍ ငွေလွှဲနှုန်းထား အပြောင်းအလဲရှိနိုင်ပါသည်။
- ဗြိတိသျှကောင်စီမှ ဗြိတိန် (သို့မဟုတ်) အခြားနိုင်ငံများမှ အရေးယူပိတ်ဆို့ထားသည့် ဘဏ်များ/ ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ပြန်အမ်းငွေပေးခြင်း မပြုလုပ်နိုင်ပါ။ သြဂုတ်လ (၂၅)ရက် နှောင်းပိုင်းမှ စ၍ ပြည်တွင်းဘဏ်များမှလွှဲအပ်သည့်ငွေပေးချေမှုများကိုလုံးဝလက်ခံမည်မဟုတ်ပါ။
ရလဒ်စုံစမ်းခြင်းကိုပြုလုပ်ပြီး သက်ဆိုင်ရာ အမှတ်စာရင်းရှိ Skill တစ်ခုခု ၏ အမှတ်သည် မူရင်းအမှတ်ထက် တိုးမြင့်သွားပါက ဝန်ဆောင်ခကို ပြန်လည် ပေးအပ်သွားပါမည်။
Enquiry on Results (EOR) ဝန်ဆောင် ခကြေးငွေ ကို ပြည်တွင်း/ပြည်ပဘဏ်များမှ ထုတ်ပေးသော နိုင်ငံတကာ ငွေလွှဲလက်ခံသည့် Credit (သို့မဟုတ်) Debit Card (ဥပမာ - Visa, Mastercard, JCB နှင့်အခြားသော နိုင်ငံတကာမှ လက်ခံသည့် အွန်လိုင်းငွေပေးချေမှုအတွက်လက်ခံသည့်မည်သည့်ကတ်မဆို) ဖြင့်သာပေးချေနိုင်မည်ဖြစ်သည်
မိမိလျှောက်ထားသည့် (EOR) အကြိမ်အရေအတွက် ပေါ်မူတည်၍သော်လည်းကောင်း၊ လျှောက်တင်ထားသည့် အချက်အလက်အပေါ်မူတည်၍သော်လည်းကောင်း ရလဒ်သည် လျှောက်ထားသည့် နေ့မှစ၍ (၂၁)ရက် အတွင်း သိရှိရမည်ဖြစ်သည်။
မိမိလျှောက်ထားသည့်နေ့မှ စ၍ (၂၁)ရက် အတွင်း ရလဒ် မရရှိသေးပါက mmieltsadmin@mm.britishcouncil.org သို့ ဆက်သွယ်မေးမြန်နိုင်ပါသည်။
| Test Type | Method |
|
IELTS on Computer IELTS for UKVI on computer |
Test Taker Portal |
|
IELTS for UKVI Life Skills |
Click Here . |
IELTS စာမေးပွဲကို ပြန်ဖြေနိုင်ပါသလား။
IELTS စာမေးပွဲ ဖြေဆိုမှုကို ကန့်သတ်ထားခြင်း မရှိပါ။ အဆင်သင့် ဖြစ်လျှင်ဖြစ်ခြင်း ဖြေဆိုရန် စာရင်းသွင်း နိုင်ပါသည်။
စာမေးပွဲ ပြန်မဖြေမီ အင်္ဂလိပ်စာ တိုးတက်အောင် ထူးထူးခြားခြား မကြိုးစားပဲ IELTS စာမေးပွဲ အမှတ်တိုး မလာနိုင်ပါ။ စာမေးပွဲကို လေ့ကျင့်ဖြေဆိုပြီး သင့်အဆင့်ကို စစ်ဆေးနိုင်ရန် ပြင်ဆင်မှုအပိုင်းကို ၀င်ရောက်ပါ။