ယူကေနိုင်ငံအတွက် ဗီဇာနဲ့ လူဝင်မှုကြီးကြပ်ရေးအတွက် လိုအပ်သော IELTS စာမေးပွဲ
UKVI သည် ယူကေနိုင်ငံအတွက် ဗီဇာနဲ့ လူဝင်မှုကြီးကြပ်ရေးအတွက် လိုအပ်သော IELTS စာမေးပွဲဖြစ်ပါသည်။
အောက်ဖော်ပြပါ စာမေးပွဲအမျိုးအစားများသည် UKVI စာမေးပွဲအတွက်ဖြေဆိုနိုင်သောစာမေးပွဲများဖြစ်သည်။
| စာမေးပွဲများ | စာမေးပွဲကြေး |
| စာရွက်ဖြင့် (သို့) ကွန်ပျူတာဖြင့်ဖြေဆိုရသော UKVI | USD 235* |
| IELTS for UKVI Life Skills A1 and B1 | USD 160* |
UKVI စာမေးပွဲများသည် စာမေးပွဲဖြေဆိုရာတွင် လုံခြုံရေးအထူး ကြပ်မှတ်ထားသည့်အတွက် တရားဝင် UKVI ဖြေဆိုနိုင်သည့် စာမေးပွဲစင်တာတွင်သာ လူကိုယ်တိုင်သာလာရောက်ဖြေဆိုရမည်ဖြစ်သည်။
မြန်မာပြည်တွင် UKVI စာမေးပွဲများကို ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီ တစ်ခုတည်း ၌ သာလျှင်ဖြေဆိုနိုင်ပါသည်။
*ကွန်ပျူတာနဖြင့်ဖြေဆိုရသော IELTS for UKVI, စာရွက်ဖြင့်ဖြေဆိုရသော IELTS on Paper နှင့် Life Skills (A1 နှင့် B1) စာမေးပွဲကြေးများကို အွန်လိုင်းမှစာရင်းပေးသွင်းကာ ပြည်တွင်း/ပြည်ပဘဏ်များမှ ထုတ်ပေးသော နိုင်ငံတကာ ငွေလွှဲလက်ခံသည့် Credit (သို့မဟုတ်) Debit Card (ဥပမာ - Visa, Mastercard, JCB နှင့်အခြားသော နိုင်ငံတကာမှ လက်ခံသည့် အွန်လိုင်းငွေပေးချေမှုအတွက်လက်ခံသည့်မည်သည့်ကတ်မဆို) ဖြင့်သာပေးချေနိုင်မည်ဖြစ်သည်။
ဤငွေလွှဲခများသည်လူကြီးမင်းအသုံးပြုလွှဲအပ်မည် ဘဏ်ကတ်/ ဘဏ်၏ငွေလှဲနှုန်းထား နှင့် ငွေလွှဲခ မူတည်၍ အပြောင်းအလဲရှိနိုင်ပါသည်။ဗြိတိသျှကောင်စီသည် ဗြိတိန် (သို့မဟုတ်) အခြားနိုင်ငံများမှ အရေးယူပိတ်ဆို့ထားသည့် ဘဏ်များ/ ငွေရေးကြေးရေးအဖွဲ့အစည်းများမှ ပေးချေမှုများကို လက်ခံမည်မဟုတ်ပါ။
ယူကေ ဗီဇာနဲ့ လူဝင်မှုကြီးကြပ်ရေးအတွက်လျောက်ထားမှုအတွက် မည်သည့် အမှတ်များရရှိရန်လိုအပ်ပါသနည်း။
ယူကေ ဗီဇာနဲ့ လူဝင်မှုကြီးကြပ်ရေးအတွက်လျောက်ထားမှုအတွက် လိုအပ်သည့် ရမှတ်သည် မိမိလျှောက်ထားလိုသော ဗီဇာ အမျိုးအစားအပေါ်မူတည်ပါသည်။
(Visit GOV.UK for further guidance on proving your English language abilities.)
- CEFR level A1 လိုအပ်သော ဗီဇာအတွက်, IELTS for UKVI Life Skills A1 စာမေးပွဲ (Listening and Speaking).
- CEFR level A2 လိုအပ်သော ဗီဇာအတွက်, IELTS for UKVI Life Skills A2 test (Listening and Speaking). ၎င်းစာမေးပွဲသည် ယူကေနိုင်ငံတွင်သာဖြေဆိုနိုင်ပါသည်။
- CEFR level B1 လိုအပ်သော ဗီဇာအတွက်, IELTS for UKVI Life Skills B1 စာမေးပွဲ (Listening and Speaking).
- CEFR level B1လိုအပ်သော ဗီဇာအတွက်, IELTS For UKVI စာမေးပွဲအတွင် Skill (၄)ခုလုံး (Listening, Reading, Writing, Speaking) ၌ Score 4.0 ရရှိထားရမည်။
- CEFR level B2 လိုအပ်သော ဗီဇာအတွက် IELTS For UKVI စာမေးပွဲအတွင် Skill (၄)ခုလုံး (Listening, Reading, Writing, Speaking).၌ Score 5.5 ရရှိထားရမည်။
- CEFR level C1လိုအပ်သော ဗီဇာအတွက် IELTS For UKVI စာမေးပွဲအတွင် Skill (၄)ခုလုံး (Listening, Reading, Writing, Speaking).၌ Score 7.0 ရရှိထားရမည်။
ဖော်ပြပါ စာမေးပွဲအတွက် ရလဒ်သတ်မှတ်ချက်များသည် ယူကေ အစိုးရမှ လိုအပ်သော ရမှတ်များဖြစ်ပါသည်။
လိုအပ်သော IELTS ရလဒ်များကို သိရှိအောင်ပြုလုပ်ပြီး စာမေးပွဲအတွက် ဤ တွင်လေ့လာပြင်ဆင်လိုက်ပါ။