IELTS Academic - အဆင့်မြင့် ပညာရေး ရပ်ဝန်းအတွက် ပြင်ဆင်လိုက်ပါ။
IELTS Academic - အဆင့်မြင့် ပညာရေး ရပ်ဝန်းအတွက် ပြင်ဆင်လိုက်ပါ။
အဆင့်မြင့် ပညာရေးရပ်ဝန်းအတွက် လိုအပ်သည့် အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု သင့်မှာ ရှိမရှိ ပညာရေးဆိုင်ရာ IELTS စာမေးပွဲမှ တိုင်းတာပေးပါသည်။ ပညာရပ်ဆိုင်ရာ စကားအသုံးအနှုံးများကို ထင်ဟပ်ပြီး သင်က စတင်ပညာသင်ကြားရန် သင်တန်းတက်ရန် အဆင်သင့် ဖြစ်မဖြစ် စစ်ဆေးပေးပါသည်။
- ကမ္ဘာတစ်ဝှန်း နေရာမရွေးဘွဲ့ကြို၊ ဘွဲ့လွန်အဆင့် ပညာသင်ကြားလိုလျှင်
- ယူကေရှိ အဆင့်(၄)တာဝန်ခံသည့် တက္ကသိုလ်အတွက် အဆင့်(၄)ကျောင်းသား/သူဗီဇာ လျှောက်ထားလိုလျှင်
- အင်္ဂလိပ်စကားပြော နိုင်ငံတစ်နိုင်ငံရှိ လုပ်ငန်းအဖွဲ့အစည်းတစ်ခုတွင် လုပ်ကိုင်လိုလျှင်
- ဗီဇာနှင့် လူဝင်မှုကြီးကြပ်ရေးအတွက် IELTS ဖြေဆိုရန် တောင်းဆိုသည့် ယူကေတက္ကသိုလ်တစ်ခု တက်ရောက်ဖို့ လျှောက်ထားခြင်း ဖြစ်လျှင်
ဒီစာမေးပွဲကို ဖြေဆိုပါ။ ယူကေဗီဇာနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ (UKVI)IELTS အကြောင်း ဆက်လက်စူးစမ်းပါ။
IELTS Academic စာမေးပွဲကြေး - ၂၇ဝ,ဝဝဝ ကျပ်
ကြာချိန်- ၂-နာရီ ၄၅-မိနစ်
ပုံစံ- နားထောင်ခြင်း၊ ဖတ်ရှုခြင်း၊ ရေးသားခြင်း၊ ပြောဆိုခြင်း ဟူ၍စာမေးပွဲ အပိုင်း ၄-ပိုင်းရှိသည်။ ဗြိတိသျှကောင်စီတွင် IELTS ဖြေဆိုရန် စာရင်းပေးသွင်းသောအခါ ဗြိတိသျှကောင်စီ တရားဝင် IELTS စာမေးပွဲဌာနတွင် ကျင်းပမည်ဖြစ်သည်။
Listening၊ Reading၊Writing စစ်ဆေးမှုများဖြေဆိုရာတွင် အစီအစဉ် မတူညီနိုင်ပါ။ ဤစစ်ဆေးမှုသုံးခုအကြား နားချိန်များလည်းရှိမည်မဟုတ်ပါ။
စကားပြောစစ်ဆေးမှုကို အခြားအပိုင်းများနှင့် တစ်ရက်တည်းသော်လည်းကောင်း၊ တစ်ပတ်ကြို၊ တစ်ပတ်နောက်ကျ၍သော်လည်းကောင်း စစ်ဆေးနိုင်ပါမည်။ စကားပြောစစ်ဆေးမှုကို အခြားနေ့များတွင် ပြုလုပ်ခဲ့လျှင် အကြောင်းကြားပါမည်။
၂ဝ၂ဝ သြဂုတ်လ မှစတင်၍ video call ဖြင့် IELTS Speaking စစ်ဆေးခြင်းကို အချို့ သော IELTS စာစစ်ဌာနများ တွင် စတင်စစ်ဆေးတော့မည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် စာမေးပွဲဖြေဆိုသူများတွင် ရွေးချယ်စရာ IELTS Speaking test slot များပိုမိုရရှိလာမည်ဖြစ်ပါသည်။
Video-Call Speaking test ကို ဖြေဆိုရာတွင် တရားဝင်သတ်မှတ်ထားသော IELTS စာစစ်ဌာန၌ စာမေးပွဲစစ်ဆေးသူနှင့် လူတွေ့မျက်နှာချင်းဆိုင်ဖြေဆိုရသောသာမူလ စစ်ဆေးခြင်းကဲ့သို့ တူညီ၍ အဆင့်မြင့်မားသော စာမေးပွဲဖြေဆိုသူအထောက်အထားစစ်ဆေးခြင်းကို လုပ်ဆောင်သွားမည်ဖြစ်သည်။ ဖြေဆိုရသော အကြောင်းအရာများ၊ အမှတ်ပေးပုံ၊ အချိန်သတ်မှတ်ချက်၊ ခက်ခဲမှုအဆင့်၊ မေးခွန်းပုံစံ နှင့် လုံခြုံရေးစီစဉ်မှုများ အားလုံးတူညီမှု ရှိပါသည်။
စာမေးပွဲစစ်ဆေးသူများမှ video-call ဖြင့်စစ်ဆေးပေးခြင်းဖြစ်သောကြောင့် စာမေးပွဲစစ်ဆေးသူနှင့် မျက်နှာချင်းဆိုင်လူတွေ့ ဖြေဆိုရခြင်းပုံစံဖြင့်သာ စစ်ဆေးပေးခြင်းဖြစ်ပါသည်။
ပိုမိုသိရှိလိုပါက သင်နှင့် နီးစပ်ရာ ပြည်တွင်းစာစစ်ဌာနကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။
IELTS Academic စာမေးပွဲအတွက် စာရင်းပေးသွင်းပါ။
အောင်မြင်မှုအစ IELTS က။ အင်္ဂလိပ်စကားပြောသည့် နိုင်ငံတစ်နိုင်ငံတွင် တက္ကသိုလ်တက်၊ အလုပ်လုပ်လိုလျှင် ပညာရေးဆိုင်ရာIELTS သည် သင့်အတွက် မှန်ကန်သည့် စာမေးပွဲဖြစ်ပါသည်။
သင်စာမေးပွဲ ကောင်းကောင်းဖြေဆိုနိုင်စေရန် ဗြိတိသျှကောင်စီမှ အလေးအနက်ထား ပံ့ပိုးပေးပါသည်။ စာရင်းသွင်းသည့်အခါ နောက်ဆုံးအချိန်အတွက် IELTS သို့သွားရာလမ်း (Road to IELTS Last Minute)သင်တန်းကို အကန့်အသတ်မဲ့ တက်ရောက်နိုင်ပါသည်။ အကြံပြု စစ်ဆေးပေးသည့် ဗီဒီယို (၉)ခု၊ အပြန်အလှန်လုပ်ဆောင်ချက်(၁၀၀)နှင့် ကျွမ်းကျင်မှုလေးခုမှ တစ်ခုစီအတွက် လေ့ကျင့်ရန် အစမ်းစာမေးပွဲ နှစ်ခုစီ ပါဝင်ပါသည်။
IELTS Academic စာမေးပွဲကျင်းပမည့်ရက်ကို ရှာဖွေပါ
စာမေးပွဲအတွက် စာရင်းမသွင်းမီ မည်သည့် စာမေးပွဲမျိုး ဖြေဆိုရန် လိုအပ်ကြောင်း သင်လျှောက်ထားသည့် အဖွဲ့အစည်းများနှင့် ဆန်းစစ်ပါ။