IELTS General Training စာမေးပွဲမှ သင့်ထံတွင် လက်တွေ့ကျသည့် နေ့စဉ်သုံးအင်္ဂလိပ်စကား ကျွမ်းကျင်မှုများ ရှိကြောင်း သက်သေထူပေးပါသည်။
IELTS General Training စာမေးပွဲမှ လက်တွေ့ကျသည့် နေ့စဉ်အနေအထားတွင် အင်္ဂလိပ်စကား ကျွမ်းကျင်မှုရှိမရှိ တိုင်းတာပေးသည်။ လုပ်ဆောင်ဖွယ်များ၊ စစ်ဆေးမှုများက အလုပ်ခွင်နှင့် လူမှုရေး အနေအထားများကို ထင်ဟပ်ပါသည်။
အောက်ပါတို့ကို လုပ်ဆောင်လိုလျှင် IELTS General Training စာမေးပွဲကို ဖြေဆိုလိုက်ပါ။
- ဘွဲ့ထက်နိမ့်သည့်အဆင့် သင်တန်းတက်ခြင်း၊ ပညာသင်ခြင်းပြုလိုလျှင်
- အင်္ဂလိပ်စကားပြောနိုင်ငံတစ်နိုင်ငံတွင် အလုပ်လုပ်ခြင်း၊ လုပ်ငန်းခွင်သင်တန်းတက်ခြင်း ပြုလိုလျှင်
- အင်္ဂလိပ်စကားပြော နိုင်ငံတစ်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်လိုလျှင်
- သင့်နိုင်ငံတွင်း ပိုမိုကောင်းမွန်သည့် အလုပ်အကိုင် ရရှိလိုလျှင်
ယူကေသို့ ပြောင်းရွှေ့နေထိုင်လိုလျှင် ယူကေဗီဇာနှင့် လူဝင်မှုကြီးကြပ်ရေးအတွက် IELTS (UKVI) အကြောင်း ဆက်လက်စူးစမ်းပါ။
စာမေးပွဲကြေးမှာဘာတွေပါဝင်လဲ။ ဗြိတိသျှကောင်စီ စာမေးပွဲကြေးမှာပါဝင်ပြီးသားဖြစ်တာကတော့ သင့်အတွက်အထောက်အကူဖြစ်စေမယ့် လေ့ကျင့်ရေးပစ္စည်းများ၊ အစမ်းစာမေးပွဲများစသည်ဖြင့် အထူးပြင်ဆင်ထားပါတယ်။
ကြာချိန်- ၂-နာရီ ၄၅-မိနစ်
ပုံစံ- IELTS General Training တွင် နားထောင်ခြင်း၊ စာဖတ်ခြင်း၊ ရေးသားခြင်း၊ စကားပြောခြင်း ဟူ၍ အပိုင်း (၄) ပိုင်း ပါဝင်ပါမည်။ ဗြိတိသျှကောင်စီတွင် IELTS General Training စာမေးပွဲအတွက် စာရင်းပေးသွင်းသည့်အခါ တရားဝင် ဗြိတိသျှကောင်စီ စာမေးပွဲဌာနတွင် ကျင်းပပေးမည်ဖြစ်သည်။.
IELTS စာမေးပွဲကြေးများ
- IELTS on Computer - ၂၁၀ ဒေါ်လာ
- IELTS on Paper - ၂၁၀ ဒေါ်လာ
စကားပြောစစ်ဆေးမှုကို အခြားစာမေးပွဲအပိုင်းများနှင့် တစ်နေ့တည်းလုပ်ပေးခြင်း၊ တစ်ပတ်ကြို/တစ်ပတ်နောက်ကျ လုပ်ပေးခြင်းများ ရှိနိုင်ပါသည်။ သင်စကားပြော စစ်ဆေးခံရမည့် နေ့က အဓိကစာမေးပွဲနေ့နှင့် မတူလျှင် ကြိုတင်အကြောင်းကြားပါမည်။