Covid-19 ကြောင့် လူကိုယ်တိုင်လာရောက်ဖြေဆိုရသော စာမေးပွဲများကို မပြုလုပ်နိုင်သေးသည့်အတွက် IELTS indicator သည် သင့်အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုကို သက်သေပြရန်အသုံးပြုနိုင်သော အွန်လိုင်းစာမေးပွဲဖြစ်ပါသည်။

IELTS Indicator အကြောင်း

ဤစာမေးပွဲသည် ‌အောက်ဖော်ပြပါ အဓိကကျသောကျွမ်းကျင်မှု ၄ မျိုးကို အကဲဖြတ်သော တရားဝင် IELTS စာမေးပွဲဖြစ်ပါသည်။

  • Listening
  • Reading
  • Writing
  • Speaking

သင်သည် ရမှတ်များကို ၇ ရက်အတွင်းရရှိမည်ဖြစ်ပြီး ကဏ္ဍတစ်ခုချင်းစီအတွက် ရည်ညွှန်းရမှတ်နှင့် စုစုပေါင်းရည်ညွှန်းရမှတ်နှစ်မျိုးလုံးရရှိပါမည်။ IELTS indicator သည် လူကိုယ်တိုင်လာရောက်ဖြေဆိုရသော IELTS စာမေးပွဲ၏ အစားထိုးစာမေးပွဲမဟုတ်ကြောင်း သတိပြုရန် အရေးကြီးပါသည်။

IELTS Indicator ၏ အဓိကအကျိုးကျေးဇူးများ

လုံခြုံမှု

အွန်လိုင်းမှဖြေဆိုရသော စာမေးပွဲဖြစ်သည့်အတွက် သင့်အိမ်မှာပင် လုံခြုံစွာနှင့် အလွယ်တကူဖြေဆိုနိုင်ပါသည်။

အသုံးပြုနိုင်မှု

ဤစာမေးပွဲသည် အပါတ်စဉ် ပုံမှန်အချိန်၌ ပြုလုပ်ပါသည်။ လုံခြုံသော browser မှ ရိုးရှင်းစွာ ဝင်ရောက်နိုင်ပါသည်။

ယုံကြည်စိတ်ချရမှု

ဤစာမေးပွဲအား IELTS စစ်ဆေးသူများက စစ်ဆေးအမှတ်ပေးပြီး တိုက်ရိုက်ထုတ်လွှင့်သောစာမေးပွဲမေးခွန်းများကို အသုံးပြုပါသည်။ ပညာရှင်များသည် ဖြေဆိုသူများ၏ကျွမ်းကျင်မှုကို ယုံကြည်စိတ်ချစွာပုံဖော်ပေးနိုင်ရန် ၎င်းကိုအားထားနိုင်သည်ကို သိရှိကြပါသည်။

စာ‌မေးပွဲအား မည်သို့ပြုလုပ်သနည်း။

IELTS indicator သည် တိုက်ရိုက်ထုတ်လွှင့်သော အွန်လိုင်းစာမေးပွဲဖြစ်ပြီး အပါတ်စဉ် စီစဉ်ထားသောအချိန်တွင် စတင်ကာ အချိန်အတိုင်းအတာကို ပုံသေသတ်မှတ်ထားပါသည်။ စာ‌မေးပွဲ၏ Listening၊ Reading နှင့် Writing ကဏ္ဍများကို တစ်ထိုင်တည်း ဖြေဆိုပြီး Speaking စာမေးပွဲကို ကျန်ကဏ္ဍများ မဖြေဆိုခင် (သို့မဟုတ်) ဖြေဆိုပြီး ရက်အနည်းငယ်အတွင်းဖြေဆိုရပါမည်။

IELTS Indicator အား မည်သူများ လက်ခံပါသနည်း။

ယခုကဲ့သို့ ခက်ခဲသည့် အချိန်ကာလအတွင်း လူကိုယ်တိုင်လာရောက်ဖြေဆိုရသော IELTS စာမေးပွဲများအား မပြုလုပ်နိုင်စဉ် လျှောက်လွှာရှင်များ၏ အင်္ဂလိပ်ဘာသာစကားစွမ်းရည်တိုင်းတာရန် IELTS indicator အား လက်ခံပေးရန် တက္ကသိုလ်များနှင့် တခြားပညာရေးအဖွဲ့အစည်းများအား တိုက်တွန်းထားပါသည်။ သင့်လျှောက်ထားသောတက္ကသိုလ်သည် လက်ခံသည်/လက်မခံသည်ကို စစ်ဆေးပါ။

အခကြေး‌ငွေ

IELTS Indicator သည် အခွန်အပါအဝင် အမေရိကန်ဒေါ်လာ ၁၄၉ ဖြစ်ပါသည်။‌

External links