မှတ်ချက်-ဤစာမေးပွဲ ပယ်ဖျက်မှု မူဝါဒသည် IELTS Life Skills အပါအဝင် UKVI အတွက် IELTS စာမေးပွဲ စစ်ဆေးခြင်းနှင့်သာ သက်ဆိုင်ပါသည်။ UKVI IELTS မဟုတ်သည့် အခြားစာမေးပွဲများအတွက် သက်ဆိုင်ရာ မူဝါဒ စာရွက်စာတမ်း ကို ကိုးကားဖတ်ရှုပါ။
(က) IELTS ပယ်ဖျက်ကြေး နှင့် IELTS စာမေးပွဲ ပယ်ဖျက်ခြင်းမူဝါဒ
သင်သည် IELTS စာမေးပွဲဖြေဆိုရန်အတွက် စာရင်းပေးထားခြင်းအား စာမေးပွဲ (ပထမဆုံးအပိုင်း) မဖြေဆိုမီ အချိန်မရွေး စာမေးပွဲစင်တာသို့ အကြောင်းကြားပြီး ပယ်ဖျက်နိုင်ပါသည်။ ငွေပြန်အမ်းသည့် စည်းမျဉ်းများသည် သင် ပယ်ဖျက်လိုက်သည့်အချိန်နှင့် အခြား ခြွင်းချက်အခြေအနေများ ရှိ၊ မရှိ အပေါ် မူတည်ပါသည်။
၁။စာမေးပွဲ ကျင်းပမည့်ရက် ရောက်ရှိရန် ကျန်ရှိသောအချိန်
၁.၁။ စာမေးပွဲ မကျင်းပမီ ၁၄ ရက်ကျော် ကြိုတင် အကြောင်းကြားလျှင်-
သင်၏ IELTS ဖြေဆိုရန် မှတ်ပုံတင်ထားခြင်းကို စာမေးပွဲ မကျင်းပမီ ၁၄ ရက်ကျော် ကြိုတင်ပြီး ပယ်ဖျက်လျှင် စုစုပေါင်း စာမေးပွဲကြေး၏ ၇၅% ကို ပြန်အမ်းပေးပါမည်။
၁.၂။ စာမေးပွဲမကျင်းပမီ နှစ်ရက်ကျော်မှ ၁၄ ရက်အတွင်း အကြောင်းကြားလျှင်-
သင်၏ IELTS ဖြေဆိုရန် မှတ်ပုံတင်ထားခြင်းကို စာမေးပွဲ မကျင်းပမီ နှစ်ရက်ကျော်မှ ၁၄ ရက်အတွင်း ပယ်ဖျက်လျှင် စုစုပေါင်း စာမေးပွဲကြေး၏ ၅၀% ကို ပြန်အမ်းပေးပါမည်။
၁.၃။ စာမေးပွဲ မကျင်းပမီ နှစ်ရက်အတွင်း အကြောင်းကြားလျှင်-
သင်၏ IELTS ဖြေဆိုရန် စာရင်းပေးသွင်းထားခြင်းကို စာမေးပွဲ မကျင်းပမီ နှစ်ရက်အတွင်း ပယ်ဖျက်လျှင် စုစုပေါင်း IELTS စာမေးပွဲကြေး၏ ၂၅% ကို ပြန်အမ်းပေးပါမည်။
၁.၄။ စာမေးပွဲ ကျင်းပသည့်နေ့တွင် ဖြစ်စေ၊ စာမေးပွဲ ကျင်းပပြီးမှ ဖြစ်စေ အကြောင်းကြားလျှင်-
သင်၏ IELTS ဖြေဆိုရန် စာရင်းပေးသွင်းထားခြင်းကို စာမေးပွဲ ကျင်းပသည့်နေ့တွင် ဖြစ်စေ၊ စာမေးပွဲ ကျင်းပပြီးမှ ဖြစ်စေ အကြောင်းကြားလျှင် မည်သည့် စာမေးပွဲကြေးကိုမျှ ပြန်အမ်းပေးမည် မဟုတ်ပါ။
* သင်၏ဘဏ်မှ ဘဏ်ငွေလွှဲခကို နှုတ်ယူထားနိုင်ပါသည်။
၂။ စာမေးပွဲ ဖြေဆိုမည့်သူ၏ ခြွင်းချက် အခြေအနေများ
သင်သည် စာမေးပွဲသို့ လာရောက် မဖြေဆိုခဲ့ပါက စာမေးပွဲ မဖြေမီဖြစ်စေ၊ စာမေးပွဲ ကျင်းပသည့်ရက်မှစ၍ ရုံးဖွင့်ရက် ငါးရက်အတွင်းဖြစ်စေ ခြွင်းချက် အခြေအနေများအတွက် အကြောင်းရင်းကို သင်၏ စာမေးပွဲ စင်တာထံ တင်ပြနိုင်ပါသည်။ စာဖြင့် ရေးသားပေးပို့ထားသော သင်၏ ဖြစ်စဉ်ကို လက်ခံရရှိပြီး ရုံးဖွင့်ရက် ခုနစ်ရက်အတွင်း သင်၏ စာမေးပွဲ စင်တာက အကြောင်းပြန်ပါလိမ့်မည်။ သင်၏ စာမေးပွဲ စင်တာက ခြွင်းချက် အခြေအနေများတွက် သင်၏ ဖြစ်စဉ်ကို အကဲဖြတ်ပါလိမ့်မည်။
ခြွင်းချက် အခြေအနေအားလုံးအတွက် ဖြစ်စဉ်အားလုံးနှင့် အထောက်အပံ့ ဖြစ်စေမည့် သက်သေအထောက်အထားအားလုံးကို သတ်မှတ် စာမေးပွဲ ကျင်းပသည့်ရက်မှ ရုံးဖွင့်ရက် ငါးရက်ထက် နောက်မကျစေရဘဲ သင်၏ စာမေးပွဲ စင်တာက လက်ခံ ရရှိရပါမည်။
စာမေးပွဲစင်တာက သင်၏ ဖြစ်စဉ်ကို လက်ခံ ခွင့်ပြုလိုက်ပါက သင့်အနေဖြင့် ပြန်အမ်းငွေရယူရန် သတ်မှတ်ချက် ပြည့်မီနိုင်ပါသည်။
စာမေးပွဲစင်တာက သင်၏ ဖြစ်စဉ်ကို လက်ခံ ခွင့်ပြုလိုက်ပါက သင့်အနေဖြင့် ပြန်အမ်းငွေရရှိနိုင်ပါသည်။
သင့်ဖြစ်စဉ်အပေါ် အကဲဖြတ်စစ်ဆေးမှု၏ ရလဒ်အပေါ်မူတည်ပြီး သင့်အနေဖြင့် ပြန်အမ်းငွေရယူရန် သတ်မှတ်ချက် ပြည့်မီနိုင်ပါသည်။
သင်၏ စာမေးပွဲ စင်တာက သင့်ဖြစ်စဉ်ကို လက်ခံ ခွင့်ပြုခြင်း မရှိပါက အပိုင်း ၁ တွင် ဖော်ပြထားသည့် စည်းမျဉ်းများကို ကျင့်သုံးပါမည်။
ကျွန်ုပ်တို့က ခြွင်းချက် အခြေအနေများကို အောက်ပါအတိုင်း အဓိပ္ပါယ် သတ်မှတ်ထားပါသည်-
- စာမေးပွဲ ကျင်းပသည့်ရက်တွင် လာရောက် မဖြေဆိုနိုင်စေရန် အဟန့်အတား ဖြစ်စေသည့် ပြင်းထန်သော ဆေးကုသမှု အခြေအနေများ။ ထိုသို့သော အခြေအနေများအတွက် သတ်မှတ်အရည်အချင်းဖြင့်ပြည့်မီသော ဆရာဝန်ထံမှ ဆေးကုသမှု အထောက်အထား လက်မှတ်များကို ပံ့ပိုးပေးရန် လိုပါသည်
- ဆွေမျိုး အရင်းအချာ ဆုံးပါးခြင်း၊ စိတ်သောက အပြင်းအထန် ခံစားရခြင်း သို့မဟုတ် သိသိသာသာ ဆင်းရဲဒုက္ခ ခံစားရသည့် အခြား ပုံစံများအတွက် သက်သေ အထောက်အထား
- စစ်မှုထမ်းခြင်း
* သင်၏ဘဏ်မှ ဘဏ်ငွေလွှဲခကို နှုတ်ယူထားနိုင်ပါသည်။
၃။ စာမေးပွဲ စင်တာ၏ ခြွင်းချက် အခြေအနေများ
စာမေးပွဲ စင်တာ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သော အခြေအနေအချို့တွင် ကျွန်ုပ်တို့သည် စာမေးပွဲ ကျင်းပခြင်းကို ပယ်ဖျက်နိုင်ပါသည်။
ဤအခြေအနေများတွင် မိုးလေဝသ အခြေအနေ အလွန် ဆိုးရွားခြင်း၊ သဘာဝ ဘေးအန္တရာယ် ကျရောက်ခြင်း၊ ပြည်သူများ ဆူပူအုံကြွမှုနှင့် အလုပ်သမားများ ဆန္ဒပြခြင်းတို့ အပါအဝင် အကန့်အသတ်မရှိသော အခြေအနေများ ပါဝင်ပါသည်။
ဤအခြေအနေများတွင် သင်၏ စာမေးပွဲစင်တာက အသိပေးချက်ကို တတ်နိုင်သမျှ အမြန်ဆုံး သင့်ကို အသိပေးမည်ဖြစ်ပြီး အောက်ပါတို့အနက် တစ်ခုကို ရွေးချယ်ခွင့် ပေးပါမည်-
- IELTS စာမေးပွဲကြေး အပြည့် ပြန်အမ်းပေးခြင်း သို့မဟုတ်
- သင်အဆင်ပြေမည့် ရက်သို့ ရွှေ့ပြီး စာမေးပွဲ ဖြေဆိုခြင်း။
အကယ်၍ သင်၏ စာမေးပွဲ စင်တာက ၎င်းထိန်းချုပ်နိုင်စွမ်းရှိသည့် အခြေအနေများတွင် စာမေးပွဲ ကျင်းပခြင်းကို ပယ်ဖျက်ခဲ့ခြင်း ဖြစ်လျှင် သင်သည် ပြန်အမ်းပေးသည့် စာမေးပွဲကြေး အပြည့်ကို လက်ခံခြင်း သို့မဟုတ် အခြားရက်သို့ ရွှေ့ပြီး စာမေးပွဲ ဖြေဆိုခြင်းအပြင် ကုန်ကျခဲ့သည့် အသုံးစရိတ်များအတွက် နစ်နာကြေးကို တောင်းဆိုလျှောက်ထားခွင့် ရှိနိုင်ပါသည်။
သင်၏ လျှောက်ထားခွင့်သည် ကျိုးကြောင်း ဆီလျော်မှုရှိသော တောင်းဆိုချက် ဟုတ်၊ မဟုတ်ကို စာမေးပွဲ စင်တာက အကဲဖြတ်မည်ဖြစ်ပြီး အောက်ပါ အခြေအနေများအပေါ် မူတည်ပြီး မည်သည့် နစ်နာကြေးကိုမဆို ထုတ်ပေးပါမည်။
- ပယ်ဖျက်လိုက်ရသည့် ဆုံးဖြတ်ချက်သည် စာမေးပွဲ စင်တာ၏ ထိန်းချုပ်နိုင်စွမ်းအတွင်း ဟုတ်၊ မဟုတ် သို့မဟုတ် ထိန်းချုပ်နိုင်စွမ်း ပြင်ပတွင် ဟုတ်၊ မဟုတ် အကဲဖြတ်ပါမည်။
- ထုတ်ပေးမည့် နစ်နာကြေးသည် ခရီးစရိတ်နှင့် နေထိုင်စရိတ်အတွက်သာ ဖြစ်မည်ဖြစ်ပြီး ၎င်းတို့မှာ-
- စာမေးပွဲ ကျင်းပမည့်နေ့တွင် လာရောက်ရန် စီစဉ်ခြင်းကြောင့် တိုက်ရိုက် ကျသင့်သော ကုန်ကျစရိတ်၊
- လက်ခံပြေစာ(များ)ဖြင့် အထောက်အထား ပြသနိုင်သော ကုန်ကျစရိတ်၊
- ပယ်ဖျက်လိုက်သည့် ခရီးစရိတ် နှင့်/သို့မဟုတ် နေထိုင်စရိတ်များကို ဝန်ဆောင်မှု ပေးသူထံမှ ပြန်လည်တောင်းခံနိုင်ခြင်း မရှိကြောင်း အထောက်အထား ပြသနိုင်သော ကုန်စရိတ်၊
- ဖော်ပြပါ ကုန်ကျစရိတ်များအတွက် ကျိုးကြောင်းဆီလျော်မှုရှိသော အနိမ့်ဆုံး ဈေးကွက်နှုန်းထားနှင့် နှိုင်းယှဉ်စစ်ဆေးထားသော စံပြု ကုန်ကျစရိတ် (၎င်းကို စာမေးပွဲ စင်တာမှ အကဲဖြတ်လိမ့်မည်ဖြစ်သည်)။
- သင်နေထိုင်ရာ နေရာနှင့် အနီးဆုံးရှိ စာမေးပွဲ ကျင်းပသည့် နေရာတွင် မဖြေဆိုဘဲ ပိုမိုဝေးကွာသော နေရာသို့ သွားခဲ့လျှင် သင်၏ တောင်းဆိုမှုသည် ကျိုးကြောင်း ဆီလျော်မှုရှိသည်ဟု စာမေးပွဲ စင်တာက ယူဆမည် မဟုတ်ပါ။
* သင်၏ဘဏ်မှ ဘဏ်ငွေလွှဲခကို နှုတ်ယူထားနိုင်ပါသည်။
(ခ) ရက်ရွှေ့ပြောင်းမှုများ
၎.၁။ စာမေးပွဲ မကျင်းပမီ ၁၄ ရက်ကျော် ကြိုတင် အကြောင်းကြားလျှင်-
သင်သည် စာမေးပွဲ မကျင်းပမီ ၁၄ ရက်ကျော် ကြိုတင်ပြီး သင် စာမေးပွဲ ဖြေမည့်ရက်ကို ပြောင်းနိုင်ပါသည်။
သင်သည် နောက်စာမေးပွဲ ဖြေမည့်ရက်ကို မူလ စာမေးပွဲဖြေမည့်ရက်မှ နောက်သုံးလအတွင်း ရွေးချယ်ရပါမည်။
မူလ စာမေးပွဲဖြေသည့်ရက်မှစ၍ သုံးလကျော်ပြီးမှ စာမေးပွဲ ဖြေဆိုလိုလျှင် သင်၏ ရက်ရွှေ့ပြောင်းမှုကို ပယ်ဖျက်မှုအဖြစ် ယူဆ၍ ဆောင်ရွက်ပါမည်။
စာရင်းသွင်းမှုတစ်ခုကို တစ်ကြိမ်သာ ရွှေ့ပြောင်းခွင့် ရှိပါသည်။
သင်၏ စာမေးပွဲ စင်တာက စုစုပေါင်း စာမေးပွဲကြေး၏ ၂၅% ကို စီမံခန့်ခွဲခအဖြစ် ကောက်ခံနိုင်ပါသည်။
၎.၂။ စာမေးပွဲ မကျင်းပမီ 14 ရက်အတွင်း အကြောင်းကြားလျှင်-
စာမေးပွဲ မကျင်းပမီ ၁၄ ရက်အတွင်း ရက်ရွှေ့ပေးရန် တောင်းဆိုခြင်းကို ပယ်ဖျက်ခြင်းအဖြစ် ယူဆ၍ ဆောင်ရွက်ပါမည်။
ဤမူဝါဒ စာရွက်၏ အပိုင်း (က) ပယ်ဖျက်မှုများကို ကိုးကား ဖတ်ရှုပါ။
မှတ်ချက်များ-
၁။ ပြန်အမ်းငွေများကို ထုတ်ပေးရန်နှင့် ရက်ပြောင်းရွှေ့ခြင်းများကို စီမံဆောင်ရွက်ရန် သင်၏ စာမေးပွဲ စင်တာတွင် တာဝန်ရှိပါသည်။
၂။ အပိုင်း (က) ၂။ အရ ခြွင်းချက် အခြေအနေများအတွက် စာမေးပွဲ ဖြေဆိုသူ၏ တောင်းဆိုချက်များနှင့် စပ်လျဉ်းသော ဆုံးဖြတ်ချက်များအတွက် စာမေးပွဲ စင်တာတွင် တာဝန်ရှိပါသည်။
၃။ အပိုင်း (က) ၃။ အရ နစ်နာကြေး လျှောက်ထားခွင့် ရှိမရှိနှင့် ပြန်ထုတ်ပေးမည့် ပမာဏများ အပါအဝင် နစ်နာကြေးနှင့်ပတ်သက်သော ဆုံးဖြတ်ချက်များအတွက် စာမေးပွဲ စင်တာတွင် တာဝန်ရှိပါသည်။
၎။ စာမေးပွဲကို ဖြေဆိုရန် သင် စာရင်းပေးသွင်းထားခြင်းသည့် နိုင်ငံရှိ ပြည်တွင်း စားသုံးသူ ကာကွယ်ရေး ဥပဒေအရ သတ်မှတ်ထားသည့် ပယ်ဖျက်ပိုင်ခွင့်နှင့် ရက်ရွှေ့ပြောင်းပိုင်ခွင့်များသည် အထက်တွင် ဖော်ပြထားသည့် လုပ်ပိုင်ခွင့်များထက် ပို၍ သာလွန်နေလျှင် ဒေသတွင်း စားသုံးသူ ကာကွယ်ရေး ဥပဒေက အကျိုးသက်ရောက်မှု ရှိပါမည်။
* သင်၏ဘဏ်မှ ဘဏ်ငွေလွှဲခကို နှုတ်ယူထားနိုင်ပါသည်။