သင့် ကလေးငယ်သည် စာမေးပွဲဖြေဆိုရန် စွမ်းရည်နှင့်သက်ဆိုင်သည့် အခက်အခဲတစ်စုံတစ်ရာကြောင့် အထူးစီစဉ်ပေးသည့် ဝန်ဆောင်မှု (Special Arrangements Service) လျှောက်ထားမှု အတွက် လိုအပ်ပါက စာမေးပွဲအတွက် စာရင်းပေးသွင်းမှုကာလ မပြီးဆုံးမှီ အနည်းဆုံးတစ်ပတ်အကြို ၍ enquiries@mm.britishcouncil.org သို့ အမြန်ဆုံးဆက်သွယ်ပေးရပါမည်။သီးသန့်ပြုလုပ်ပေးရမည့် Speaking စာမေးပွဲဖြေဆိုရန်အတွက် စာမေးပွဲမတိုင်မီ (၅)ပတ် အလိုတွင် အသိပေးရပါမည်။
သတ်မှတ်ထားသည့်အချိန်ကာလကျော်လွန်ပြီးနောက် ဆက်သွယ်လာပါက အဆိုပါဝန်ဆောင်မှုကို ရရှိနိုင်မည်မဟုတ်ပါ။
မှတ်ချက် – ဆရာဝန်အထူးကုတစ်ဦးမှ ထုတ်ပေးသည့် အထောက်အထားမပါလျှင် လျှောက်လွှာကို လက်ခံစဉ်းစားနိုင်မည် မဟုတ်ပါ။ဆေးမှတ်တမ်းအထောက်အထားသည် တရားဝင် အသိမှတ်ပြု ဆရာဝန် ထံမှ ၎င်း၏ အမည်၊ ရာထူး၊ သက်ဆိုင်ရာ တရားဝန် ဆေးရုံ/ဆေးခန်း များမှ ထုတ်ပေးထားသည့် မူရင်း ဆေးထောက်ခံချက်ဖြစ်ရပါမည်။ ထို့ပြင် လူနာ၏ မသန်စွမ်းမှုအခြေအနေကို တိကျဖော်ပြပေးထားသည့်အထောက်ထားလည်း ပါဝင်ရမည်။
လျှောက်ထားမှုအားလုံးကို Cambridge English မှ အတည်ပြုရမည်ဖြစ်ပြီး၊ ၎င်းတို့၏ဆုံးဖြတ်ချက်မှသာ အတည်ဖြစ်သည်။