၂၀၂၆ ဇန်နဝါရီလ ၀၇ ရက် (မြန်မာစံတော်ချိန် ညနေ ၄ နာရီ)မှ စ၍ တစ်ဦးချင်းပေးသွင်းသူများအနေဖြင့် School Exams (IGCSE/International GCSE & A/IAL Level) စာမေးပွဲကြေးများကို အွန်လိုင်းမှ တဆင့်ဖြင့်သာပေးချေရပါမည်။ အသေးစိတ်အချက်အလက်ကို ဖတ်ရန် နှိပ် ပါ။
May/June 2026 Cambridge International Education IGCSE & A/AS Level အတွက်စာရင်းပေးသွင်းခြင်းကို ၁၃ ဇန်နဝါရီလ မှ ၁၃ ဖေဖော်ဝါရီလ အတွင်းလက်ခံနေပါပြီ။
May/June 2026 Pearson Edexcel International GCSE & IAL အတွက်စာရင်းပေးသွင်းခြင်းကို ၁၃ ဇန်နဝါရီလ မှ ၁၃ မတ်လ ၂၀၂၆ အတွင်းလက်ခံနေပါပြီ။
၁။ စာရင်းပေးခြင်း
ကျောင်းများ - ဗြိတိသျှကောင်စီ၏ School Registration System (SRS) Portal ကိုအသုံးပြု၍ မိမိကျောင်းသားများအတွက်စာရင်းပေးသွင်းရန် ဤနေရာကိုနှိပ်ပါ။
စာရင်းပေးသွင်းရန် Portal account လိုအပ်ပါက အောက်ပါအချက်များကို ဗြိတိသျှကောင်စီသို့ပေးပို့နိုင်ပါသည် - ကျောင်းအမည်၊ SRS အသုံးပြုမည့်သူ၏အီးမေးလ်လိပ်စာ၊ မိုဘိုင်းဖုန်းနံပါတ်၊ ကျောင်းလိပ်စာ။
တစ်ဦးချင်းဝင်ရောက်ဖြေဆိုမည့်သူများ - ဗြိတိသျှကောင်စီ၏ School Registration System (SRS) ကိုအသုံးပြု၍ စာရင်းပေးသွင်းရန် ဤနေရာကိုနှိပ်ပါ။
ကျေးဇူးပြု၍ စာမေးပွဲအတွက် စာရင်းပေးကာလအတွင်း စာရင်းပေးရန်မေတ္တာရပ်ခံအပ်ပါသည်။ စာရင်းပေးသွင်းပြီးသည့်အခါ registration report သိုမဟုတ် Statement of Entry အား ဖြေဆိုမည့်သူများ / ကျောင်းများသို့ ပို့ပေးမည်ဖြစ်ပါသည်။ စာရင်းပေးသွင်းပြီးနောက် အပြောင်းအလဲများပြုလုပ်လို့ပါက ပြောင်းလဲကြေးကျသင့်မည်ဖြစ်ပါသည်။
Exams Registration Date
| Exams | Registration Date | Remark |
| Cambridge International Education IGCSE & A/AS Level (May/June 2026) * | ၁၃ ဇန်နဝါရီလ မှ ၁၃ ဖေဖော်ဝါရီလ | ပုံမှန်စာရင်းပေးသွင်းရမည့်ကာလ |
| Pearson Edexcel International Advanced Level [IAL] (May/June 2026) | ၁၃ ဇန်နဝါရီလ မှ ၁၃ မတ်လ | ပုံမှန်စာရင်းပေးသွင်းရမည့်ကာလ |
| Pearson Edexcel International GCSE (May/June 2026) | ၁၃ ဇန်နဝါရီလ မှ ၁၃ မတ်လ | ပုံမှန်စာရင်းပေးသွင်းရမည့်ကာလ |
| Pearson Edexcel iPrimary & iLower Secondary (Oct 2025) | Registration closed | Next Registration - (January 2026 Series) စာမေးပွဲအား October တွင် လက်ခံပေးသွားမည်။ |
*Cambridge International Exams နှင့် Pearson Edexecl Exams များအား ရန်ကုန်မြို့ နှင့် မန္တလေးမြို့များတွင်ကျင်းပလျက်ရှိပါသည်။
စာမေးပွဲအချိန်ဇယားများ နှင့် စာမေးပွဲ ကြေး များကို အောက်ပါတွင် ကြည့်ရှု့နိုင်ပါသည်။
၂။ စာမေးပွဲကြေးပေးသွင်းခြင်း
ကိုယ်တိုင် တစ်ဦးချင်းစာရင်းပေးသွင်းသူများအတွက် စာမေးပွဲကြေးများကို ၂၀၂၆ ဇန်နဝါရီလ (၇)ရက်မှ စတင်၍ အမေရိကန်ဒေါ်လာ (USD) ဖြင့်သာလက်ခံမည်ဖြစ်ပါသည်။
- စာမေးပွဲကြေးများကို ၂၀၂၆ ဇန်နဝါရီလ (၇)ရက် မှ စတင်ပြီး အွန်လိုင်းမှ စာရင်းပေးသွင်းကာ ပြည်တွင်း/ပြည်ပဘဏ်များမှ ထုတ်ပေးသော နိုင်ငံတကာ ငွေလွှဲလက်ခံသည့် Credit (သို့မဟုတ်) Debit Card (ဥပမာ - Visa, Mastercard, JCB နှင့်အခြားသော နိုင်ငံတကာမှ လက်ခံသည့် အွန်လိုင်းငွေပေးချေမှုအတွက်လက်ခံသည့်မည်သည့်ကတ်မဆို) ဖြင့်သာပေးချေနိုင်မည်ဖြစ်သည်။
- ယင်းငွေလွှဲခြင်းအတွက် ငွေလှဲနှုန်းနှင့် ငွေလွှဲအခကြေးငွေများ သည် မိမိအသုံးပြုမည့် Credit/Debit ကတ်များ၏ ဘဏ်များပေါ်မူတည်ပါသည်။
- ဗြိတိသျှကောင်စီသည် ဗြိတိန် (သို့မဟုတ်) အခြားနိုင်ငံများမှ အရေးယူပိတ်ဆို့ထားသည့် ဘဏ်များ/ ငွေရေးကြေးရေးအဖွဲ့အစည်းများမှ ပေးချေမှုများကို လက်ခံမည်မဟုတ်ပါ။
ဗြိတိသျှကောင်စီ မိတ်ဖက်ကျောင်းများ
ဗြိတိသျှကောင်စီ မိတ်ဖက်ကျောင်းမှတစ်ဆင့် စာမေးပွဲအတွက်စာရင်းပေးသွင်းပါလျှင် ၂၀၂၆ မေ/ဇွန် စာမေးပွဲအတွက် ဘဏ်များမှတစ်ဆင့် မြန်မာကျပ်ငွေဖြင့်ပေးသွင်းနိုင်ဦးမည်ဖြစ်ပါသည်။ သို့သော်မကြာမီကာလအတွင်း အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် အမေရိကန်ဒေါ်လာနှင့်သာ ပေးချေသွားနိုင်ရန်ပြုလုပ်မည်ဖြစ်သည်။ လက်ရှိ စာမေးပွဲကြေးများအား မြန်မာကျပ်ငွေ ဖြင့် AYA ဘဏ်မှသော်လည်းကောင်း၊ AYA အင်တာနက်ဘဏ်စနစ် ဖြင့်သော်လည်းကောင်း၊ AYA မိုလ်ဘိုင်းဘဏ်စနစ် ဖြင့်သော်လည်းကောင်း၊ AYA Pay ဖြင့်သော်လည်းကောင်း၊ ရန်ကုန်ဗြိတိသျှကောင်စီကမ်းနားလမ်းရုံး သို့ လူကိုယ်တိုင် ဘဏ်ကတ်ဖြင့် လည်းကောင်း ပေးသွင်းနိုင်ပါမည်။ သင့်တွင် AYA Bank အကောင့် (သို့) AYA Pay Application ရှိပါလျှင် ‘Bill Payment’ မှ တဆင့် ပေးသွင်းနိုင်ပါမည်။ မိတ်ဖက်ကျောင်းများအနေနှင့် စာရင်းပေးသွင်းရန် SRS Portal မှ တဆင့် စာမေးပွဲဖြေဆိုမည့်သူ၏အချက်အလက်များကိုဖြည့်သွင်းပေးရပါမည်။ဖြည့်သွင်းပြီးသည်နှင့်တပြိုင်နက် သက်ဆိုင်ရာ စာမေးပွဲစစ်ဆေးပေးသည့် ဌာနသို့ အသိပေးရပါမည်။ထို့နောက် စာမေးပွဲစစ်ဆေးပေးသည့်ဌာနမှ စာရင်းပေးသွင်းထားသည့်အချက်အလက်များစစ်ဆေးပေးပြီး စာမေးပွဲကြေးပေးသွင်းရန်အတွက် Reference Code ကို ပေးပို့ပေးသွားပါမည်။
၃။ အချိန်ဇယားကို စစ်ဆေးခြင်း
စာမေးပွဲ timetable များအား အောက်ပါ document များတွင် ဝင်ရောက်ကြည့်ရှုပါ။