IELTS စာမေးပွဲအတွက် စာရင်းပေးသွင်းရာတွင် စည်းကမ်းသတ်မှတ်ချက်များကို ဖတ်ရှုပြီး လက်ခံရန် အရေးကြီးပါသည်။ 

လျှောက်လွှာတွင်ပါရှိသည့် ဖြေဆိုသူများအတွက် သတင်းအချက်အလက် စာစောင်မှ စည်းကမ်းသတ်မှတ်ချက်များကို ရရှိမည်။ 

စည်းကမ်းသတ်မှတ်ချက်များတွင် အရေးကြီးသတင်းအချက်အလက်များအပြင် အောက်ပါအသေးစိတ် အချက်များလည်း ပါရှိပါသည်။

  • လိုက်နာရမည့် စည်းကမ်းများ
  • စာမေးပွဲဖြေလျှင် လုပ်ဆောင်ရမည့် လုံခြုံရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုမျာ
  • ရလဒ်ထုတ်ပေးခြင်း
  • ဖြေဆိုမှု ပယ်ဖျက်သည့်လုပ်ငန်း
  • သင့်အချက်အလက်များအား အသုံးပြုပုံ

အွန်လိုင်း လျှောက်ထားသည့်အခါ လျှောက်လွှာတွင်ပါရှိသည့် ကြေငြာချက်ကိုလည်းကောင်း၊ စည်းကမ်းသတ်မှတ်ချက်များကိုလည်းကောင်း အမှန်ခြစ်ခဲ့လျှင် IELTS စည်းကမ်းသတ်မှတ်ချက် များကို ဖတ်ရှု နားလည်ပြီုးဖြစ်ကြောင်း၊ လိုက်နာရန် သဘောတူကြောင်း  အတည်ပြုခြင်းဖြစ်သည်။

IELTS Online ကိုဖြေဆိုရန် မိမိ၏ ID ကတ်အား Test Section တစ်ခု မစခင်တိုင်း ပြသရမည်ဖြစ်သည်။

မျှဝေပါ