အမြင်၊အကြား၊စကားပြောနှင့်သင်ကြားမှုဆိုင်ရာ အခက်အခဲများ ရှိခဲ့လျှင် ဗြိတိသျှကောင်စီ တရားဝင် IELTS စာမေးပွဲဌာနများမှ အကူအညီပေးနိုင်ပါသည်။ IELTS ပုံစံ နောက်တစ်မျိုး ပြောင်းလဲဖြေဆိုလိုလျှင် စာမေးပွဲဌာနကို ၆-လကြိုတင် အကြောင်းကြားပါ။
(အချိန်ပိုဖြေဆိုခြင်း စသည့်)အထူးအစီအစဉ်များ လိုအပ်လျှင် စာမေးပွဲဌာကို သီတင်းပတ် ၆-ပတ်ကြိုတင် အကြောင်းကြားပါ။
မည်သည့် အင်္ဂါချို့ယွင်းချက်၊ အထူးလိုအပ်ချက်များ ရှိသည်ဖြစ်စေ သင့်အင်္ဂလိပ်ဘာသာ စွမ်းရည်ကို ဓမ္မဒိဌာန်ကျကျ စစ်ဆေးပါမည်။
အထူးအစီအစဉ်တွင် မည်သည်တို့ ပါဝင်ပါသနည်း။
- braille မေးခွန်းများ
- လိုအပ်လျှင် ရပ်နားနိုင်သည့် အထူး listening CD
- နှုတ်ခမ်းလှုပ်ရှားမှုကို ကြည့်ရှုနားထောင်နိုင်မည့် listening စာမေးပွဲ
- ချဲ့ထားသည့် ပုံနှိပ်စာလုံး၊ Braille ဖြင့်ရိုက်နှိပ်ထားသည့် စကားပြောကဒ်များ
မည်သည့်အကူအညီများ ရရှိနိုင်ပါမည်နည်း
အမြင်အာရုံချို့ယွင်းခဲ့လျှင် အောက်ပါတို့ကို ပေးနိုင်ပါမည်။
- ချဲ့ထားသည့် ပုံနှိပ်စာလုံး
- Braille စာမေးပွဲမေးခွန်းလွှာ
- အဖြေရေးပေးမည့်သူ
အကြားအာရုံချို့ယွင်းလျှင် အောက်ပါတို့ကို ပေးနိုင်ပါသည်။
- အထူးအသံချဲ့ကိရိယာ
- နှုတ်ခမ်းလှုပ်ရှားမှု ကြည့်ရှုဖြေဆိုနိုင်မည့် listening မေးခွန်း
စာဖတ်ရန်အခက်အခဲ ရှိလျှင် အောက်ပါတို့ကို စီစဉ်ပေးနိုင်ပါမည်။
- အဖတ်နှင့် အရေး စာမေးပွဲများအတွက် အချိန်ပိုပေးခြင်း
ပြုပြင်ပြောင်းလဲထားသည့် IELTS စာမေးပွဲပုံစံဖြေရမည့် အထူးလိုအပ်ချက်များ ရှိခဲ့လျှင် ဒေသတွင်း စာမေးပွဲဌာနကို အမြန်ဆုံး ဆက်သွယ်ပါ။