Alumni UKဆိုသည်မှာ အဘယ်နည်း။

Alumni UK ဆိုသည်မှာ နိုင်ငံတကာကျောင်းသားအဖြစ် ယူကေတွင် ပညာသင်ဖူးသော ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံရပ်ခြား ကျောင်းသားများအတွက် အသစ်တည်ထောင်ထားသော ကမ္ဘာ့ကွန်ရက်သစ်တစ်ခု ဖြစ်သည်။ Alumni UK အသင်းဝင်ခြင်းဖြင့် သင့်၏ကမ္ဘာတစ်ဝှမ်းမှ လုပ်ငန်းကွန်ရက်ကို ဖွံ့ဖြိုးစေပြီး စဉ်ဆက်မပြတ် ဆက်လက်လေ့လာမှုကိုပြုလုပ်ကာ မိမိအတွေ့အကြုံနှင့် ကျွမ်းကျင်မှုများကိုလည်း ဝေမျှစေနိုင်ပါမည်။ မိမိ၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ဖွံ့ဖြိုးစေပြီး အောင်မြင်မှုအတွက် အထောက်အကူပြုမည့် အရင်းအမြစ်များကိုလည်း တွေ့နိုင်ပါသည်။ ယူကေနှင့် သင့်ချိတ်ဆက်မှုကို ဂုဏ်ပြုနိုင်သည့် နေရာလည်း ဖြစ်သည့်အပြင် ယူကေယဉ်ကျေးမှုနှင့် အင်္ဂလိပ်ဘာသာစကားနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်း စဉ်ဆက်မပြတ် ထိတွေ့ နိုင်မည့် နေရာတစ်ခုလည်းဖြစ်ပါသည်။

ယူကေကျောင်းသားဟောင်းများသည် ကမ္ဘာတွင် အလုပ်အကိုင်အရအလွယ်ဆုံး ဘွဲ့ရများတွင် ပါဝင်ပါသည်။ နိုင်ငံခြားပညာသင် နိုဘယ်ဆုရှင်(၃၈%)ကယူကေတွင် ပညာသင်ကြားခဲ့ကြသည်။ မည်သည့်ယူကေတက္ကသိုလ်တွင်မဆို ပညာသင်ကြားဖူးသူများကို ဆက်သွယ်ပေးသည့် အကြီးဆုံး ယူကေကျောင်းသားဟောင်းအဖွဲ့ကို ဗြိတိသျှကောင်စီမှ တည်ထောင်နေစဉ် အသင်းဝင်ပြီး သင့်ပန်းတိုင်ကို လှမ်းကိုင်ရန် Alumni UKမှ ကူညီနိုင်ပုံကို စူးစမ်းရှာဖွေလိုက်ပါ။

 Alumni UK ကိုဝင်သင့်သည့်အကြောင်းအရင်းများ 

•         အထူးလုပ်ငန်းခွင်ပွဲများ၊ မဟာတန်းများတက်ရောက်နိုင်ခြင်း

•         မိမိလုပ်ငန်းတိုးတက်စေရန် ဆက်လက်လေ့လာနိုင်ခြင်း

•         အခွင့်အလမ်းသစ်များ ရှာဖွေတွေ့ရှိနိုင်ခြင်း

•         ကမ္ဘာ့ဇာတ်ခုံတွင်မိမိကျွမ်းကျင်မှုများ ပြသနိုင်ခြင်း

•         အခြားယူကေကျောင်းသားဟောင်းများနှင့် ဆက်သွယ်ပြီး သင့်ကွန်ရက်ကို တိုးချဲ့နိုင်ခြင်း  

"မိမိထံ အခွင့်အလမ်းတွေ ဆောင်ကျဉ်းလာပြီး ကမ္ဘာတစ်ဝှမ်းမှ အားကျစရာ ပုဂ္ဂိုလ်များနဲ့ ဆက်သွယ်ပေးမယ့် အထူးကွန်ရက်တစ်ခုဖြစ်တဲ့ Alumni UKကို ဗြိတိသျှကောင်စီက စတင်လုပ်ဆောင်တဲ့အတွက် နှစ်ထောင်းအားရ ရှိလှပါတယ်။" စကော့မက်ဒေါနယ် - အမှုဆောင်အရာရှိချုပ်၊ ဗြိတိသျှကောင်စီ

 ဝင်ခွင့်ရှိသူများ 

•         မည်သည့်ယူကေတက္ကသိုလ်၊ မည်သည့်နှစ်သင်တန်းမဆို တက်ဖူးသည့် နိုင်ငံတကာ ယူကေကျောင်းသားဟောင်းအားလုံး အသင်းဝင်ရန် တိုက်တွန်းအပ်ပါသည်။

•         ခရက်ဒစ်ပေးသည့် ယူကေအဆင့်မြင့်ပညာသင်တန်းတွင် အနည်းဆုံး သင်တန်းကာလတစ်ခုမျှ တက်ရောက်ဖူးသူဖြစ်ရမည်။ Transnational ပညာရေးနှင့် အွန်လိုင်းပညာရေးတို့လည်းပါဝင်ပါသည်။

 ယူကေတက္ကသိုလ်တစ်ခုတွင် နိုင်ငံတကာကျောင်းသားတစ်ယောက်အနေဖြင့် တက်ရောက်ဖူးလျှင် ယနေ့ပင် Alumni UKကို ဝင်လိုက်ပါ။

 ယခုပဲစာရင်းသွင်းလိုက်ပါ။

 

မျှဝေပါ