ယူကေတွင်းရှိ တက္ကသိုလ်(သို့) ကောလိပ် (သို့) ကျောင်းတစ်ခုခုတွင် သင်တန်းတစ်ခုခုသို့ တက်ခွင့် လျှောက် ထားရာတွင် အကူအညီပေးနိုင်မည့် ပညာရေးကိုယ်စားလှယ်များ၊ အကြံပေးပုဂ္ဂိုလ်များနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် များရှိပါသည်။
ထိုပုဂ္ဂိုလ်များက သင့်အား ကျောင်းရွေးချယ်ခြင်းနှင့် ကျောင်းလျှောက်လွှာပြင်ဆင်ရေးသားရာ၌ ကူညီနိုင်ပါသည်။ ထို့ပြင် သူတို့သည် ဗီဇာများ၊ နေရာထိုင်ခင်းများ၊ ခရီးသွားခြင်း အစရှိသော အကြောင်းအရာနှင့် တခြားသော အကြောင်းအရာများနှင့်ပတ်သက်၍ အကြံဉာဏ်လည်းပေးကောင်းပေးနိုင်ပါလိမ့်မည်။
ယူကေ၌ ပညာသင်ရန် လျှောက်ထားရာတွင် ကိုယ်စားလှယ် (သို့) အကြံပေးပုဂ္ဂိုလ်ကို မရှိမဖြစ် အသုံးပြုရန် မလိုအပ်ပါ။ သို့သော် သင့်အနေဖြင့် အကြံပေးပုဂ္ဂိုလ်တစ်ယောက် လိုအပ်တယ်ဆိုရင်ဖြင့် ကျွန်ုပ်တို့၏ ဗြိတိသျှကောင်စီ အသိမှတ်ပြု ပညာရေးအကြံပေးများ စာရင်းတွင် ရှာဖွေနိုင်ပါသည်။