©

Mat Wright

ယူကေ သင်တန်းတစ်ခုခုကို တက်ရောက်လိုသော နိုင်ငံတကာ ကျောင်းသားများအတွက် ပညာသင်ဆုများ၊ ထောက်ပံ့ကြေးများ၊ ပညာသင်ဆုငွေများ (bursaries) ၊ ငွေရေးကြေးရေး အထောက်အပံ့များ (financial awards) ၊ ချေးငွေများ အစရှိသည်တို့ ပါဝင်သော ငွေကြေးထောက် ပံ့မှုရွေးချယ်ခွင့် အများအပြားရှိပါသည်။ Study UK ဝက်ဗ်ဆိုဒ် တွင် ပညာသင်ဆုများကို ရှာဖွေနိုင်ပြီး ယူကေတစ်ဝှမ်းရှိ တက္ကသိုလ်များမှ ထောင်ပေါင်းများစွာသော ပညာသင်ဆုများ၏ အသေးစိတ်အချက်အလက်များပါ ပါရှိသည်။

Study UK ဝက်ဗ်ဆိုဒ်ပညာသင်ဆုများနှင့် ငွေကြေးအထောက်အပံ့များ စာမျက်နှာတွင် ပညာတော်သင်ဆုများကို ရှာဖွေနိုင်ပြီး သင်သိလိုသော နောက်ထပ် အချက်အလက်များကိုပါ ရှာဖွေနိုင်ပါသည်။

မြန်မာနိုင်ငံသားများအတွက် သီးသန့်ပညာတော်သင်ဆုများ

  • Foreign, Commonwealth & Development Office (FCDO) က ပိုင်ဆိုင်သော the Chevening Scholarship Scheme သည် ယူကေ၌ ဘွဲ့လွန်သင်တန်းများကို ဆက်လက်တက်ရောက်လိုသော မြန်မာနိုင်ငံသား ထူးချွန်ကျောင်းသားများနှင့် အတတ်ပညာရှင်များအတွက် အခွင့်အလမ်းတစ်ခုဖြစ်သည်။ Chevening ပညာတော်သင်ဆုများနှင့် ပတ်သက်၍ နောက်ထပ် သတင်း အချက်အလက်ကို သိလိုပါက www.chevening.org ကို ၀င်ကြည့်၍၎င်း၊ ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံးသို့ ဆက်သွယ်၍၎င်း စုံစမ်းမေးမြန်းနိုင်ပါသည်။ 

External links

မျှဝေပါ