©

Bothee Thaik Htun

မြန်မာကျောင်းသားများအတွက် ပိုမိုကောင်းမွန်သော ပညာသင်ကြားခြင်းနှင့် အင်္ဂလိပ်ဘာသာ စကားသင်ကြားမှုတိုးတက်လာစေရန်ရည်ရွယ်သော TREE စီမံကိန်းသည် UK aid၏ ပံ့ပိုးကူညီမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော မြန်မာ-ယူကေ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း Myanmar – UK Partnership for Education (MUPE) အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၅နှစ် ကြာ အကောင်အထည်ဖော်ဆောင် သွားမည့် ပညာရေးစီမံကိန်းဖြစ်ပါသည်။  TREEစီမံကိန်းကို ဗြိတိသျှကောင်စီက ဦးဆောင်ပြီး မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော The Open University၊ Montroseနှင့် Voluntary Service Overseas တို့နှင့်အတူ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

TREE စီမံကိန်းသည် စီမံကိန်းရလဒ်ကြီး လေးခုကို အဓိကထားဖော်ဆောင်သွားမည် ဖြစ်ပါသည်။ အဆိုပါ‌စီမံကိန်းရလဒ်ကြီးလေးခုမှာ - သင်ကြားမှုဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကို အကောင်အထည်ဖော်ဆောင်ရန် ပညာရေးကောလိပ်မှ ဆရာအတတ်သင် ဆရာဆရာမများနှင့် ကျောင်းအုပ်များ၏ အရည်အသွေးကို မြှင့်တင်ပေးခြင်း၊ ဆရာ ဆရာမလောင်းများ၏ သင်ကြားမှုရလဒ်များ ပိုမိုကောင်းမွန်လာစေရန် ပံ့ပိုးပေးခြင်း၊ အချက်အလက်တွေ့ရှိချက်များကို အခြေပြုပြီး ပိုမိုထိရောက်ကောင်းမွန်သော သင်ကြားမှုနည်းစနစ်များ ဖြစ်ပေါ်လာစေရန် နှင့် သင်ကြားမှုဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲမှုအား အထောက်အကူဖြစ်စေမည့် ပိုမိုထိရောက်ပြီး မသန်စွမ်းအပါအဝင် အားလုံးတန်းတူညီမျှရှိသော ပညာရေးစနစ်ဖြစ်ပေါ်လာစေရန် တို့ဖြစ်ပါသည်။

ထို့အပြင် သုတေသနစစ်တမ်းကောက်ယူခြင်းနှင့် ဆန်းသစ်တီထွင်ခြင်းသည် အထက်ဖော်ပြပါ စီမံကိန်းရလဒ်ကြီးလေးခုလုံးတွင် ပါဝင်နေမည်ဖြစ်သည်။အဆိုပါရလဒ်များသည် ကျောင်းသားကျောင်းသူများ၏ အင်္ဂလိပ်စာအရည်အသွေး ပိုမိုကောင်းမွန်လာခြင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် အကောင်အထည်ဖော်ဆောင်ခြင်း နှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများအကြားဆက်သွယ်လုပ်ဆောင်ခြင်းများ ပိုမိုကောင်းမွန်လာခြင်းတို့အတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်သည်။

ထို့အပြင် TREE စီမံကိန်းရလဒ်များသည် MUPE အစီအစဉ်၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် ပိုမိုထိရောက်ကောင်းမွန်သည့် ပညာရေးစနစ်နှင့် မြန်မာကျောင်းသားများအတွက် သင့်လျော်သော သင်ကြားမှုပုံစံ အောင်မြင်စွာအကောင်အထည်ဖော်ခြင်းအပြင် ကျောင်းပြင်ပ လုပ်ငန်းခွင်အတွက် လိုအပ်သည့်အရည်အသွေးများ ပြင်ဆင်ပေးခြင်းတို့ကို ပံ့ပိုးပေးသွားရန် ရည်ရွယ်သည်။ TREE စီမံကိန်းကနဦးကာလသည် ၂၀၁၉ ခုနှစ် ဇွန်လ ၃ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိဖြစ်ပြီး အဆိုပါ ကနဦးကာလာအတွင်း လက်ရှိမြန်မာနိုင်ငံ၏ ပညာရေးကဣနှင့်ပတ်သက်ပြီး  အထူးသဖြင့် ပညာရေးကောလိပ်များတွင် လေ့လာဆန်းစစ်မှုများစွာ ပြုလုပ်ခဲ့သည်။

TREE စီမံကိန်း အကောင်အထည်ဖော်ဆောင်ပုံသည် အထက်ဖော်ပြပါ လုပ်ငန်းစဉ် ၄ခုနှင့် အဆိုပါကဣများအားလုံးတွင် ပါဝင်မည့် လုပ်ငန်းစဉ် ၂ခုတို့ကို အပိုင်း ၃ပိုင်းခွဲကာ အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ ၎င်းအပိုင်း၃ပိုင်းမှာ အခြေခံလိုအပ်ချက်များ တည်ဆောက်ခြင်း၊ တစ်စုတစ်စည်းတည်းအဖြစ် လုပ်ဆောင်ခြင်းနှင့် စဉ်ဆက်မပြတ် ဆက်လက်လုပ်ဆောင်သွားခြင်းတို့ဖြစ်သည်။ TREE စီမံကိန်းသည် သင်တန်းဆရာ ၅၀ဦးကို ပညာရေးကောလိပ် ၂၅ကျောင်းတွင် တာဝန်ထမ်းဆောင်စေပြီး ပညာရေးဆိုင်ရာ နည်းပညာများအသုံးပြုကာ လုပ်ငန်းစဉ် ၄ခုကို အကောင်အထည် ဖော်သွားမည် ဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ်ကြီးလေးခုမှာ ဆရာ ဆရာများ၏ စဉ်ဆက်မပြတ် ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအား ထောက်ပံ့ကူညီသွားရန်၊ အင်္ဂလိပ်စာဘာသာ အဆင့်အတန်းနှင့် သင်ကြားမှုအား မြှင့်တင်ပေးရန်၊ ပိုမိုထိရောက်ကောင်းမွန်သော သင်ကြားမှုနည်းစနစ်များ ဖွံ့ဖြိုးတိုးတက်လာမှု အပါအဝင် ဆရာအတတ်သင်ပညာရေး စွမ်းဆောင်ရည် မြင့်မားလာစေရန်၊ မသန်စွမ်းအပါအဝင် အားလုံးတန်းတူညီမျှရှိသော ပညာရေးစနစ်ဖြစ်ပေါ်လာစေရန် ပံ့ပိုးကူညီပေးခြင်းစသည်တို့ဖြစ်ပါသည်။

မျှဝေပါ