အသက် 7 နှစ်မှ 17 နှစ်အရွယ်ရှိသော ကလေးများနှင့် ဆယ်ကျော်သက်များအတွက် အင်္ဂလိပ်ဘာသာစကားအကဲဖြတ်မှုနှင့် စာမေးပွဲများ
ဆရာများမှ ကျောင်းသားများ ကျွမ်းကျင်ပိုင်နိုင်သည့်အရာများနှင့် တိုးတက်ရန်လိုအပ်သည့်အရာများကို ပြောပြပေးပါမည်။ အကဲဖြတ်စစ်ဆေးမှုများ၊ စွမ်းရည်များနှင့် စာသင်ခန်းအတွင်း လုပ်ဆောင်ချက်များအပေါ် အခြေခံပါသည်။ သင့်ကလေး၏ အင်္ဂလိပ်စာတိုးတက်မှုကို ကြည့်လိုကြောင်း ကျွန်တော်တို့နားလည်ပါသည်။
သတင်းများ၊ အသိပေးမှုများ ပုံမှန်ရယူရန်
သင့်ကလေး၏ တိုးတက်မှုနှင့်ပတ်သက်၍ သင့်ကို ပုံမှန်အသိပေးရန် ကျွန်တော်တို့ အရေးတယူဆောင်ရွက်ပါသည်။ အသိပေးမှုများ ပုံမှန်ရယူရန်
- သင့်ကလေး၏ အခြေအနေကို learning hub တိုးတက်မှုပြဒက်ရှ်ဘုတ်တွင် ကြည့်ရှုပါ။
- သင်ခန်းစာကြီးတစ်ခုစီ၏အဆုံးရှိ ကိုယ်တိုင်အကဲဖြတ်မှုကို ဖတ်ရှုပါ။
- ရလဒ်မှတ်တမ်းများကို လက်ခံရယူပြီး သင့်ကလေး၏ အောင်မြင်မှုများအတွက် အောင်ပွဲခံလိုက်ပါ။
- လိုအပ်ပါက မိဘဆရာ ဆွေးနွေးပွဲများတက်ရောက်နိုင်ပါတယ်
ယုံကြည်မှုအပြည့်ဖြင့် အင်္ဂလိပ်ဘာသာစကားပြောနိုင်သူများကိုမွေးထုတ်ပေးခြင်း
အင်္ဂလိပ်ဘာသာစကားအကဲဖြတ်မှုများနှင့် စာမေးပွဲများသည် ကလေးငယ်များကို ဘာသာစကားအကြောင်း ပိုမိုနားလည်သိရှိစေရန်၊ ပိုမိုယုံကြည်မှုရှိသော အင်္ဂလိပ်ဘာသာစကားပြောသူများဖြစ်စေရန်နှင့် ပိုတော်သော လေ့လာသင်ယူသူများဖြစ်စေရန် ကူညီပေးပါသည်။
အကဲဖြတ်မှုများ၏ အလုပ်လုပ်ပုံ
ပုံစံချထားသော အကဲဖြတ်မှု |
အနှစ်ချုပ် အကဲဖြတ်မှု |
ဆရာများသည် လေ့လာသင်ယူသူများ အတန်းများ၏ရည်မှန်းချက်များကို အမြဲနားလည်စေရန် မိမိကိုယ်တိုင်အကဲဖြတ်မှု၊ သူငယ်ချင်းများ၏အကဲဖြတ်မှု နှင့် ပုံစံချထားသောပုံမှန်အကဲဖြတ်မှုမှ ပြန်လည်သုံးသပ်ခြင်းလှုပ်ရှားမှုများ (ရည်မှန်းချက်များ မျှဝေခြင်း>ပြန်လည်သုံးသပ်တွေးခေါ်ခြင်း>အစီအစဉ်ချခြင်း) တို့ကို စဉ်ဆက်မပြတ် ပါဝင်စေပါသည် | ဆရာများသည် မဂ္ဂဇင်း၏ ပရောဂျက်အပိုင်းကိုအသုံးပြုပြီး ကျောင်းသားများနှင့် မိဘများထံ တိုးတက်မှုအကြောင်း ရှင်းလင်းပြောပြပါမည်။ |
ကျောင်းသားမှတ်တမ်းများ၏ အလုပ်လုပ်ပုံ
ဆရာများ၏ မှတ်တမ်းများတွင် သင့်ကလေး၏ စွမ်းဆောင်ရည်နှင့် တိုးတက်မှု ပြောင်းလဲလာသည်များ ပါဝင်ပါသည်။ အဓိက အကဲဖြတ်မှုစံနှုန်းများမှာ အောက်ပါတို့ ဖြစ်ပါသည်။အပြောစွမ်းရည် | ကျောင်းသား၏ အပြောစွမ်းရည်ကို အသံထွက်၊ ဝေါဟာရ၊ ယုံကြည်မှုရှိခြင်းနှင့် ကြိုးစားပြောခြင်းတို့ကို ကြည့်ပြီး အကဲဖြတ်ပါသည်။ |
အရေးစွမ်းရည် | အရေးစွမ်းရည်ကို စာလုံးပေါင်းနှင့် ဝေါဟာရကို ကြည့်ပြီး အကဲဖြတ်ပါသည်။ အတွေးများအားအစီအစဉ် ကျကျနဲ့ ပြောလိုသည်ကို ထိရောက်အောင်ပြောနိုင်ခြင်း ကိုလည်း သုံးသပ်ပါသည်။ |
အကူအညီမလိုဘဲ လေ့လာသင်ယူနိုင်ခြင်းနှင့် အိမ်စာ | အိမ်တွင် အကူအညီမလိုဘဲ လေ့လာနိုင်မှုသည် ကျောင်းသားများ၏တိုးတက်မှုအတွက် မရှိမဖြစ်အရေးပါပါသည်။ ၎င်းကို အိမ်စာပြီးမြောက်ခြင်း၊ အိမ်စာရဲ့ အရည်အသွေးနှင့် learning hub မှာ ပြီးမြောက်ခဲ့သော လေ့ကျင့်ခန်းများကို ကြည့်ခြင်းအားဖြင့် စစ်ဆေးနိုင်ပါသည်။ |
သဒ္ဒါ | မဂ္ဂဇင်းများတွင် ကျောင်းသားများ၏ သဒ္ဒါစွမ်းရည်များ တိုးတက်စေရန်နှင့် အင်္ဂလိပ်စာ အသုံးပြုမှု မှန်ကန်စေရန် လေ့ကျင့်ခန်းများပါဝင်သည်။ သင်တန်းကာလအတွင်း ပြီးမြောက်ခဲ့သည့် လေ့ကျင့်ခန်းများမှတစ်ဆင့် သဒ္ဒါကို စစ်ဆေးသည်။ |
ဝေါဟာရ | ဆရာများသည် အတန်းတစ်ချိန်စီတိုင်းတွင် စကားလုံးအသစ်များ မိတ်ဆက်သင်ကြားပေးသည်။ အင်္ဂလိပ်ဘာသာစကားဖြင့် ဆက်သွယ်ပြောဆိုမှုတစ်လျှောက်လုံးတွင် သင်ယူခဲ့သော ဝေါဟာရအသစ်ကို အသုံးပြုရန် ကျောင်းသားများကို အားပေးသည်။ ကျောင်းသားများကို သင်ခန်းစာတိုင်းတွင် ဝေါဟာရအသုံးပြုမှုအရ အမှတ်သတ်မှတ်ပေးပါသည်။ |
နောက်ဆုံးအကဲဖြတ်မှု | နောက်ဆုံးအဆင့်သတ်မှတ်ခြင်းသည် သင့်ကလေး၏ ရလဒ်များ၊ စာသင်ခန်းအတွင်း ပါဝင်ဆောင်ရွက်မှုနှင့် အိမ်စာပြီးမြောက်မှုတို့အပေါ် အခြေခံသည်။ |