Beyond the Test: IELTS Journey from Prize Winners
IELTS စာမေးပွဲဖြေဆိုပြီးနောက် ဘာတွေဆက်လုပ်ဆောင်ရမလဲဆိုတာကို သိချင်ပါသလား?
IELTS ကိုအမှတ်ကောင်းရရှိသူတွေဆီက ဘယ်လိုပြင်ဆင်ခဲ့ကြလဲ၊ စိတ်ဓာတ်မကျအောင် ဘယ်လိုကြိုးစားခဲ့ကြလဲ။ သူတို့ရဲ့ ရလဒ်တွေကို အခွင့်အလမ်းကောင်းတွေဖြစ်အောင် ဘယ်လိုဖန်တီးခဲ့ကြသလဲ ဆိုတာကိုလည်း သိချင်ပါသလား?
Beyond the Test: IELTS Journey from Prize Winners ဆိုတဲ့ မိနစ် (၉၀) ကြာ Live အစီအစဉ်မှာ ပါဝင်ဆင်နွှဲလိုက်ပါ။ ဒီအစီအစဉ်မှာ IELTS ဆုရရှိသူတွေက သူတို့ရဲ့ ပြင်ဆင်မှုဗျူဟာတွေ၊ စာမေးပွဲဖြေဆိုစဉ်က ထားရှိခဲ့တဲ့ စိတ်နေစိတ်ထားတွေကစလို့ IELTS ရလဒ်ကတစ်ဆင့် ပညာသင်ဆုများ၊ ပြည်ပပညာရေးနှင့် အသက်မွေးဝမ်းကျောင်း လမ်းစတွေကို ဘယ်လိုဖော်ဆောင်နိုင်ခဲ့တယ်ဆိုတဲ့ တကယ့်အတွေ့အကြုံတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
သင်ဘာကြောင့် တက်ရောက်သင့်တာလဲ (Why should you join?)
- IELTS ကို အမှတ်ကောင်းနဲ့ အောင်မြင်ခဲ့သူများထံမှ လက်တွေ့ကျသော အကြံပြုချက်များကို တိုက်ရိုက်လေ့လာနိုင်ခြင်း (Learn practical tips directly from successful IELTS candidates)
- IELTS ဆိုတာ စာမေးပွဲအမှတ်တစ်ခုထက် ဘာတွေပိုထူးခြားသလဲဆိုတာကို နားလည်သဘောပေါက်နိုင်ခြင်း (Understand how IELTS can be more than just a test score)
- စိန်ခေါ်မှုများ၊ အောင်မြင်မှုများနှင့် တကယ့်ဘဝဖြတ်သန်းမှုအကြောင်းအရာများမှတစ်ဆင့် ခွန်အားရယူနိုင်ခြင်း (Get motivated by real stories, challenges, and breakthroughs)
- စာအုပ်ထဲမှာ ရှာမတွေ့နိုင်တဲ့ ဗဟုသုတတွေကို မေးမြန်းလေ့လာနိုင်ခြင်း (Ask questions and gain insights you won’t find in test books)
သင်ဟာ IELTS ဖြေဆိုဖို့ ပြင်ဆင်နေသူပဲဖြစ်ဖြစ်၊ ရှေ့ဆက်မယ့် ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းအတွက် ပြင်ဆင်နေသူပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ခွန်အားသစ်တွေ လိုအပ်နေသူပဲဖြစ်ဖြစ် - ဒီအစီအစဉ်က သင့်အတွက်ပါပဲ။
အခုပဲ စာရင်းပေးသွင်းပြီး စာမေးပွဲထက်မကတဲ့ အတွေ့အကြုံတွေကို ရယူပြီး သင်ကိုယ်တိုင်ရဲ့ IELTS အောင်မြင်မှုခရီးစဉ်ကို ဒီနေ့ပဲ စတင်လိုက်ပါ။