ဒီအခြေအနေကို စိတ်ကူးယဉ်ကြည့်ပါ- မင်းမြို့က နာမည်ကြီး အထိမ်းအမှတ်တစ်ခုနား သူငယ်ချင်းတွေနဲ့အတူ လမ်းလျှောက်နေချိန်မှာ စုံတွဲတစ်တွဲကို မင်းမြင်လိုက်ပါတယ်။ သူတို့ကိုကြည့်ရတာလမ်းပျောက်နေတဲ့ပုံပါ။ သူတို့က မင်းနားကိုချဉ်းကပ်လာတာနဲ့ မင်းချွေးတွေစထွက်လာပါတယ်။ အို ပြဿနာပဲ။ မင်းသူတို့ကို အင်္ဂလိပ်လို လမ်းညွှန်ပေးဖို့လိုတယ်။
ဒါကို ပုံဖော်ကြည့်ပါ- ပိတ်ရက်တိုတစ်ခုမှာ မြို့အသစ်တစ်ခုကိုသွားတယ်...ပြီးတော့ လုံးဝလမ်းပျောက်သွားတယ်။ ဖုန်းဘတ်ထရီကလည်းကုန်နေပြီ၊ Google maps ကိုလည်းအသုံးပြုလို့မရတော့ဘူး။ တစ်စုံတစ်ယောက်ကို လမ်းညွှန်ပေးဖို့မေးရတော့မယ်။
ကံကောင်းစွာနဲ့ သင့်ရဲ့အင်္ဂလိပ်စာသင်တန်းက 'လမ်းညွှန်းချက်များအတွက် အသုံးအနှုန်း' အင်္ဂလိပ်စာကို လတ်တလောကမှ ပြန်လည်ဖတ်ရှုထားတယ်။ ဒါကြောင့် ဒီအခြေအနေကို ကျော်ဖြတ်ဖို့ သင့်ကိုယ်သင် ယုံကြည်မှုအပြည့်ရှိနေတယ်။ ထိုစုံတွဲက ပြတိုက်ဘယ်မှာလဲလို့ မေးတဲ့အခါ သူတို့ကို ကောင်းမွန်စွာ အင်္ဂလိပ်လို လမ်းညွှန်ပေးနိုင်တယ်။ သင်လမ်းပျောက်ရင်လည်း လမ်းညွှန်ပေးဖို့ လမ်းမှာတွေ့တဲ့ ဖော်ရွေတဲ့သူတစ်ဦးကို မေးမြန်းနိုင်တယ်။ ချွေးထွက်စရာမလိုပါဘူး။
အဲဒါ သင့်အတွက် အဆင်ပြေသွားတယ်လို့ ခံစားရတယ်မလား။ သင့်ရဲ့ အင်္ဂလိပ်ဘာသာစကားအရင်းမြစ်များကို အသုံးပြုပြီး သင့်အတွက် နည်းလမ်းတွေရှာဖွေနိုင်တယ် သို့မဟုတ် တစ်စုံတစ်ယောက်ကိုကူညီနိုင်တယ်။ ၎င်းက စိတ်ဓာတ်ခွန်အားတွေ ရစေပါတယ်။
ကြိုတွေးကြည့်ပြီး သင်ဖြစ်ချင်တဲ့ အင်္ဂလိပ်စကားပြောသူအဖြစ် မြင်ယောင်ကြည့်တာကောင်းပါတယ်။ အသုံးဝင်ပြီး အရေးကြီးတဲ့ အရာများနဲ့ စတင်ကြည့်ပါ - အင်္ဂလိပ်ဘာသာစကားဖြင့် လမ်းညွှန်ချက်ပေးနိုင်ခြင်းနှင့် လမ်းညွှန်ချက်များမေးမြန်းခြင်း။
ငါတို့ဘယ်နေရာက စကြမလဲ။ သင့်ထံချဉ်းကပ်လာသူတစ်ဦးက မည်သို့ပြောနိုင်သည်ကို ကြိုတင်ခန့်မှန်းကြည့်ကြပါစို့။ သင်ဘယ်လိုတုံ့ပြန်မလဲ။ learnenglish teens စာမျက်နှာတွင် ကောင်းမွန်တဲ့လှုပ်ရှားမှုများရှိတဲ့အတွက် အင်္ဂလိပ်စကားစုများကို အသုံးပြုပြီး သင်လေ့ကျင့်ရင်း သင့်ရဲ့ယုံကြည်မှုကို မြှင့်တင်လိုက်ပါ။
မျက်နှာချင်းဆိုင် အင်္ဂလိပ်စာအတန်းများကို ပိုမိုကြိုက်နှစ်သက်ပါက ဤနေရာတွင်ကြည့်ပါ- Link to local English for Adults landing page, in local language
လမ်းညွှန်ချက်များအတွက် အသုံးဝင်သောစကားစုများနှင့် ဝေါဟာရများ
လမ်းညွှန်ပေးရန် သင်စတင်မစဉ်းစားမီ အချို့အင်္ဂလိပ်စာဝေါဟာရများနှင့် စကားစုများလိုအပ်ပါတယ်။ လွယ်ကူသက်သာစေရန်၊ ၎င်းတို့အား အသုံးပြုပုံဥပမာများနှင့်အတူ အသုံးဝင်သောစကားစုများအတွက် ဒီကိုကြည့်ပါ-
Directions | Example |
Turn left /right | Turn left at the end of the road |
Take the first/ second etc. on the left/ right | Take the first street on the right |
Go/ walk straight along | Go along the High Street until you reach the supermarket |
Cross at the traffic lights / road sign | Cross at the road sign and you will see the park |
Continue on this side of the road | Continue on this side of the road until you see the Post Office |
You will see... | Go straight on and you will see the police station |
It’s next to / in front of/ between | It's between the bank and the clothes store |
It’s (quite) near / far | It’s quite near – about a 5 minute walk |
It’s on / around the corner | Keep going and the restaurant is on the corner |
It’s on your left / right | When you cross the street, it’s on your right. |
လူတွေလည်ပတ်လေ့ရှိတဲ့ နေရာအမည်များကိုလည်း သင်သိရန်လိုအပ်ပါတယ်။ ဤသည်မှာ ၎င်းတို့ထဲမှ အချို့၏စာရင်းဖြစ်သည်-
ROADS /TRANSPORT |
The street |
SHOPPING |
The shopping centre |
LANDMARKS | The castle The river The cathedral The city centre The museum The swimming pool The old town/historic centre |
နောက်ဆုံးနေနှင့် အခြားအသုံးဝင်သော စကားစုအချို့နှင့် ဥပမာများ-
Other useful phrases | Example |
On foot | It's easy to get there on foot, it’s a short walk |
By car/ bus / train | You can go by bus – take the number 55 |
လမ်းညွှန်ချက်များ ပေးခြင်း/မေးမြန်းခြင်း
လမ်းညွှန်ချက်များတောင်းရန် အရိုးရှင်းဆုံးနည်းလမ်းမှာ အောက်ပါစကားစုများကို အသုံးပြုရန်ဖြစ်သည်-
1.Excuse me, where is the …..station/ park / cathedral / castle /etc ?
2.Excuse me, how can I get to …the city centre/ the bus station/ etc?
မိတ်ဆက်စကားစုများကိုလည်း ပေါင်းထည့်နိုင်ပါတယ်။ ၎င်းတို့သည် တိုက်ရိုက်သိပ်မဖြစ်သောကြောင့် လမ်းညွှန်ချက်များအတွက် စုံစမ်းမေးမြန်းရာတွင် ပိုမိုတုံ့ဆိုင်မှုများဖြစ်စေသည်-
1. Excuse me, can/could you tell me where the ………. is?
2. Excuse me, can/could you tell me/do you know how I can get to …..?
3. Excuse me, can/could you tell me how to get to ………………., please?
ဤကဲ့သို့သော စကားစုများတွင် can or could. ကို အသုံးပြုပါသည် ပိုမိုယဉ်ကျေးသည့်ပုံစံဖြစ်စေရန် ‘could’. ကို ရွေးချယ်ပါ စကားစု 1 နှင့် 2 တွင် မတူညီသော စကားလုံးစီစဉ်ထားမှုများကိုလည်း သင်သတိထားမိလိမ့်မည်။ စကားစုများကို အသုံးပြုသည့်အခါ ၎င်းကို စိတ်ထဲတွင်မှတ်ထားရန် အရေးကြီးပါသည်။ နံပါတ် 1 အတွက် နောက်ထပ်ဥပမာများကို ကြည့်ကြရအောင်-
- Where’s the nearest bus station?- Can you tell me where the nearest bus station is?
- Where’s the police station? - Could you tell me where the police station is?
‘Can you tell me...?’ ကို အသုံးပြုသောအခါ တိုက်ရိုက်ပြောသည့်အသံမျိုးမဖြစ်ပါ။
လူတွေက သင့်ကို လမ်းညွှန်းချက်များမေးလျှင် အထက်တွင်ဖော်ပြထားသည့် စကားစုများပါဝင်သည့် များစွာသော တုံ့ပြန်မှုများကို သင်သုံးနိုင်ပါသည်။ စကားပြောဆိုမှု မည်သို့တိုးတက်နိုင်သည်ကို သင်မြင်တွေ့နိုင်ရန် ဆွေးနွေးမှုတစ်ခုကို သေချာကြည့်ကြရအောင်။
လမ်းပျောက်နေသူ- "တဆိတ်လောက်" Cathedral ကို ဘယ်လိုသွားရမလဲဆိုတာ ကျေးဇူးပြု၍ ပြောပြပေးလို့ ရနိုင်မလား။
သင်- ဟုတ်ကဲ့၊ ကျွန်တော်ကြည့်ပါရစေ...အိုခေ။ ဒီလမ်းအတိုင်း တည့်တည့်လျှောက်သွားလိုက်ပါ။ မီးပွိုင့်ကို မတွေ့မချင်း ဤလမ်းအတိုင်း ဆက်သွားပါ။ ဘယ်ဘက်ရှိ ဒုတိယလမ်းကို ဝင်သွားပါ။ လမ်းရဲ့တစ်ဖက်တွင် Cathedral ကို သင်တွေ့ရပါလိမ့်မယ်။ အဲ့တာက ကြီးမားတဲ့ Gothic အဆောက်အဦးတစ်ခုပါ။
လမ်းပျောက်နေသူ- အဲ့တာက ဝေးပါသလား။
သင်- မဝေးပါဘူး။ နီးပါတယ်...လမ်းလျှောက်သွားရင် 10 မိနစ်လောက်ပါပဲ
လမ်းပျောက်နေသူ- ကူညီပေးတာကျေးဇူးတင်ပါတယ်။
သင်- ရပါတယ်/ကိစ္စမရှိပါဘူး။
သွားလိုသည့်နေရာကို မည်သို့သွားရမည်ကို သင်လုံးဝမသိလျှင် အောက်တွင်ဖော်ပြထားသည့် စကားစုတစ်ခုဖြင့် တုံ့ပြန်နိုင်ပါသည်
တောင်းပန်ပါတယ်။ ငါမင်းကိုမကူညီနိုင်လို့ပါ။ ဘယ်မှာလဲဆိုတာကို ငါမသိလို့ပါ။
အထက်ပါ ကဏ္ဍနှစ်ခုစလုံးတွင် ဖော်ပြထားသော ဒိုင်ယာလော့ဂ်ကို အသုံးပြုရန် သင့်ကိုယ်သင် ပုံဖော်ပါ၊ တစ်စုံတစ်ဦးကို ကူညီပေးခြင်းနှင့် စစ်မှန်သောအခြေအနေတွင် သင်သိသော အင်္ဂလိပ်စကားစုများကို အသုံးပြုခွင့်ရခြင်းအတွက် သင် ကျေနပ်အားရလိမ့်မည်ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်ပါသည်။
ဤအခြေအနေမျိုးကို အရင်က သင်မကြုံဖူးသဖြင့် လျှာလိပ်သွားသလိုခံစားရလျှင် BBC မှ လမ်းညွှန်ချက်ဒိုင်ယာလော့များနှင့်အတူဤနေရာတွင် လမ်းညွှန်းပေးခြင်းနှင့် လမ်းညွှန်းချက်များ ရယူခြင်းကို လေ့ကျင့်နိုင်ပါတယ်။ သင် အသင့်ဖြစ်နေပါလိမ့်မယ်
Quiz time
လမ်းညွှန်ပေးခြင်း သို့မဟုတ် လမ်းညွှန်ချက်များရယူရန် အောက်ပါစကားစုများကိုကြည့်ပါ။ စကားစုတစ်ခုစီတွင် ပျောက်ဆုံးနေသော စကားလုံးများကို ခန့်မှန်းကြည့်ပါ။
- Excuse me, ……… you tell me where the bus station is?
- Excuse me, do you know …..I can get to the city centre from here?
- Of course, it’s ….your left.
- It’s easy! Walk………...along this road and …….. at the traffic lights
- I’m sorry! I have no idea where the theatre …...
Answers:
- Excuse me, Can you tell me where the bus station is?
- Excuse me, do you know how I can get to the city centre from here?
- Of course, it’s on your left.
- It’s easy! Walk straight along this road and cross at the traffic lights
- I’m sorry! I have no idea where the theatre is.