Celebrate 80 Years of British Council with 10% OFF Your English Course!

80 Years. 80 Credits. 10% Off.

ဗြိတိသျှကောင်စီ တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ၈၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ်အဖြစ် အသက် ၁၈ နှစ်နှင့်အထက် လူကြီးများအတွက် British Council English Course ကို အထူးအစီအစဉ်ဖြင့် အပ်နှံ နိုင်ပါပြီ။

အလုပ်အကိုင်၊ ပညာရေး ၊ဒါမှမဟုတ် နေ့စဉ်ဘဝအတွက် အင်္ဂလိပ်စာစွမ်းရည်ကို မြှင့်တင်လိုသူတွေအတွက် အခုအချိန်က သင့် အင်္ဂလိပ်စာလေ့လာမှုခရီးကို ဆက်လက်တိုးတက်ဖို့ အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။

ဗြိတိသျှကောင်စီ ရဲ့ နှစ် (၈၀)ပြည့် အထိမ်းအမှတ် အထူးအစီအစဉ်ကာလအတွင်း 80-credit package ကို ဝယ်ယူသူ သင်တန်းသားအသစ်များနဲ့ လက်ရှိ British Council English Course တွင်တက်ရောက်နေသောသင်တန်းသားများအတွက် ၁၀% လျှော့ဈေး ရရှိနိုင်မှာ ဖြစ်ပါတယ်။

80-credit package ကို ရွေးချယ်ပြီး အောက်ပါအကျိုးခံစားခွင့်များကို ရရှိနိုင်ပါတယ်။

  • 80 Learning Credits
  • Package သက်တမ်း ၂၄ ပတ်
  • ပုံမှန် Package ဈေးနှုန်းမှ ၁၀% လျှော့ဈေး

Package

ပုံမှန်ဈေးနှုန်း

နှစ်ပတ်လည်အထူးအစီအစဉ် ဈေးနှုန်း

80 Credits

1,500,000 MMK

1,350,000 MMK

                                                                              ၁၅၀,၀၀၀ကျပ် လျှော့ဈေးရယူပါ

British Council Adult English Course အကြောင်းများ ပိုမိုလေ့လာရန်

ဘယ်သူတွေ ဒီအခွင့်အရေကို ရရှိနိုင်မလဲ?

ဒီ နှစ် ၈၀ပြည့် အထူးအစီအစဉ်ကို အောက်ပါသူများ ရရှိနိုင်ပါသည်။

  • British Council English Course ကို စတင်တက်ရောက်မည့် သင်တန်းသားအသစ်များ
  • လက်ရှိ British Council English Course ကို ဆက်လက်တက်ရောက်နေသော သင်တန်းသားများ

 

                                                                    အထူးအစီအစဉ်ကာလ
                                                 ၁၈ နိုဝင်ဘာ ၂၀၂၆ မှ ၂၃ ဒီဇင်ဘာ ၂၀၂၆ အထိ

 

Ready to Take the Next Step?

အထူးအစီအစဉ်ကို ရရှိရန် အထက်ဖော်ပြပါ အစီအစဉ်ကာလအတွင်း 80-credit package ကို ဝယ်ယူပြီး ငွေပေးချေမှု ပြုလုပ်ရမှာ ဖြစ်ပါတယ်။

 

ဒီ နှစ် ၈၀ပြည့် အထူးအစီအစဉ် ကို ရယူပြီး British Council နှင့်အတူ သင့်ရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို ဆက်လက်တိုးတက်လိုက်ပါ။

အသေးစိတ်အချက်အလက်များနှင့် စာရင်းသွင်းရန် ယနေ့ပဲ ဆက်သွယ်မေးမြန်းလိုက်ပါ။

  • ဖုန်း – +95 9 940 070099 - နေ့စဉ် မနက် ၉ နာရီမှ ညနေ ၅ခွဲ အထိ  (အများပြည်သူရုံးပိတ်ရက်များမှအပ)
  • အီးမေးလ် – enquiries@mm.britishcouncil.org

 

 စည်းမျဉ်းစည်းကမ်းများ

  • ဤအထူးအစီအစဉ်သည် ၁၈ နိုဝင်ဘာ ၂၀၂၆ မှ ၂၃ ဒီဇင်ဘာ ၂၀၂၆ အထိ အကျုံးဝင်ပြီး ဝယ်ယူသည့်ရက်စွဲ ကို အခြေခံမည်ဖြစ်ပါသည်။
  • ၁၀% လျှော့ဈေးသည် 80-credit British Council English Course package အတွက်သာ အကျုံးဝင်ပါသည်။
  • ပုံမှန်ဈေးနှုန်း 1,500,000 MMK မှ ၁၀% လျှော့ဈေးပေးပြီး အထူးအစီအစဉ်ဈေးနှုန်းမှာ 1,350,000 MMK ဖြစ်ပါသည်။
  • ဤအထူးအစီအစဉ်ကို သင်တန်းသားအသစ်များနှင့် လက်ရှိသင်တန်းသားများ နှစ်မျိုးစလုံး ရရှိနိုင်ပါသည်။
  • သင်တန်းသားတစ်ဦးလျှင် အထူးလျှော့ဈေးဖြင့် 80-credit package (၁) ကြိမ်သာ ဝယ်ယူနိုင်ပါသည်။
  • ဤအထူးအစီအစဉ်ကို အခြားသော ပရိုမိုးရှင်းများ၊ လျှော့ဈေးများ သို့မဟုတ် အထူးကမ်းလှမ်းချက်များနှင့် ပေါင်းစပ်အသုံးပြု၍ မရပါ။
  • ဝယ်ယူထားသော package ကို အခြားသူတစ်ဦးထံသို့ လွှဲပြောင်းအသုံးပြု၍ မရပါ။ သို့သော် အခြားသူတစ်ဦးအတွက် လက်ဆောင်အဖြစ် ဝယ်ယူပေးနိုင်ပါသည်။ ထိုသို့ဝယ်ယူပါက အမှန်တကယ် သင်တန်းတက်ရောက်မည့်သူ၏ အမည်ဖြင့် စာရင်းသွင်းထားရမည် ဖြစ်ပါသည်။
  • ငွေပေးချေပြီးနောက် ငွေပြန်အမ်းခြင်းနှင့် ဝယ်ယူမှုဖျက်သိမ်းခြင်းများ ပြုလုပ်၍ မရပါ။
  • 80-credit package အား (၂၄)ပတ်အတွင်း သင်တန်းများတက်ရောက်ရန်အသုံးပြုရပါမည်။
  • ဗြိတိသျှကောင်စီ သည် ဤအထူးအစီအစဉ်နှင့် သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ပိုင်ခွင့်ရှိပါသည်။
  • မှတ်ချက်: လက်ရှိသင်တန်းသားများအနေဖြင့် +95 9 940 070099 သို့ နေ့စဉ် နံနက် ၉:၀၀ နာရီမှ ညနေ ၅:၃၀ နာရီအထိ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ သို့မဟုတ် မိမိတို့၏ Sales Consultant များထံသို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

မှတ်ချက်။ လက်ရှိသင်တန်းတက်ရောက်နေသော ကျောင်းသား/သူများအနေဖြင့် နေ့စဉ် မနက် ၉:၀၀ နာရီမှ ညနေ ၅:၃၀ နာရီအထိ ဖွင့်လှစ်ထားသော Contact Centre ဖုန်းနံပါတ် +95 9 940 070099 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ သို့မဟုတ် Sales Consultant များထံ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။

မျှဝေပါ