ပြိုင်ပွဲအတွက် လျှောက်လွှာပိတ်သွားပါပြီ။
နောက်ခံအကြောင်း
United Nations Environment Programme (UNEP) ၏ အဆိုအရ မြန်မာနိုင်ငံသည် ရာသီဥတုဖောက်ပြန်မှု၏ သက်ရောက်မှုများနှင့်ပတ်သက်၍ ကမ္ဘာပေါ်တွင် ထိခိုက်လွယ်ဆုံးသော နိုင်ငံတစ်နိုင်ငံအဖြစ် ကျယ်ပြန့်စွာ သတ်မှတ်ခံထားရပါသည်။ ပိုမိုပြင်းထန်ပြီး မကြာခဏရေကြီးခြင်း၊ ဆိုင်ကလုန်းမုန်တိုင်းများနှင့် မိုးခေါင်ခြင်းတို့ကြောင့် အသက်အိုးအိမ်စည်းစိမ်၊ အခြေခံအဆောက်အအုံများနှင့် စီးပွားရေးကို ထိခိုက်ပျက်စီးစေကာ မြန်မာနိုင်ငံ၏ကျော်ကြားသော ဇီဝမျိုးကွဲများနှင့် သဘာဝအရင်းအမြစ်များအား တိုးများလာသောဖိအားများအောက်တွင်ကျရောက်စေပါသည်။ ဒေသတွင်းရှိ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံသည် လက်ရှိတွင် ကမ္ဘာ့အပူဒဏ်ကို တုံ့ပြန်ရန် ပြင်ဆင်မှု နည်းပါးနေပါသည်။
ယူကေနိုင်ငံသည် ၂၆ ကြိမ်မြောက် ကုလသမဂ္ဂရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ညီလာခံ (COP26) ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ စကော့တလန်နိုင်ငံ Glasgow တွင် ကျင်းပပါသည်။ COP26 ရည်မှန်းချက်များကို ပံ့ပိုးကူညီရန်အတွက် ဗြိတိသျှကောင်စီသည် ကမ္ဘာတဝှမ်း ရာသီဥတုဆိုင်ရာ ဆောင်ရွက်မှု၊ ဆွေးနွေးမှု၊ လုပ်ဆောင်မှုများအတွက် လမ်းစဉ်တစ်ခု ပံ့ပိုးပေးရန် ကမ္ဘာတဝှမ်းရှိ မိတ်ဖက်များနှင့် လက်တွဲဆောင်ရွက်လျှက်ရှိပါသည်။
'သဘာဝပတ်ဝန်းကျင်အတွက် မြန်မာ့မျှော်လင့်ချက်' ဓာတ်ပုံပြိုင်ပွဲသည် မြန်မာနိုင်ငံတွင် ရှင်သန်နေသော သဘာဝပတ်ဝန်းကျင်မြင်ကွင်းများကို ဖမ်းယူရိုက်ကူးရမည့်ဓာတ်ပုံပြိုင်ပွဲတစ်ခုဖြစ်ပါသည်။ ဒီပြိုင်ပွဲကို ဗြိတိသျှကောင်စီမှ WWF-Myanmar နဲ့ ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်ထားပါသည်။ ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ သဘာဝပတ်ဝန်းကျင်နေရာများ၏ အပြုသဘောဆောင်သောပုံရိပ်များကို မျှဝေစေလိုခြင်းဖြစ်ပြီး ၎င်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တိုးတက်စေရန်အတွက် အခြားသူများကို လှုံ့ဆော်ပေးလိုခြင်းဖြစ်ပါသည်။
ပြိုင်ပွဲဝင်များလိုက်နာရန် အချက်အလက်များ
ဤပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ရန် အောက်ဖော်ပြပါ စည်းကမ်းနှင့်သတ်မှတ်ချက်များကို တိကျစွာသဘောတူလိုက်နာရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ယခုလက်ရှိ မြန်မာနိုင်ငံ၌ နေထိုင်သူမည်သူမဆို ဤပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ သို့သော် ဗြိတိသျှကောင်စီ နှင့် WWF ဝန်ထမ်းများသည် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိပါ။
ပါဝင်ယှဉ်ပြိုင်သူသည် အသက် ၁၈ နှစ်အောက်ဖြစ်ပါက မိဘ (သို့မဟုတ်) တရားဝင်အုပ်ထိန်းသူ၏ ခွင့်ပြုချက်ရှိရပါမည်။ အသက် ၁၈ နှစ်အောက်ဖြစ်ပါက ဤပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် သင့်မိဘ (သို့) တရားဝင်အုပ်ထိန်းသူထံမှ ခွင့်ပြုချက်ရရှိထားပြီး ဖော်ပြပါစည်းကမ်းသတ်မှတ်ချက်များကို သဘောတူညီမှုရရှိပြီးသားဖြစ်သည်ဟုယူဆပါသည်။
ပြိုင်ပွဲသည်၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ဝရက် (ယူကေအချိန် မနက်၁၀ နာရီ) တွင်စတင်ဖွင့်လှစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ဝရက် (ယူကေအချိန် ည ၂၄:၅၉) အချိန်တွင် ပိတ်မည်ဖြစ်ပါသည်။ သတ်မှတ်ထားသော အချိန်နောက်ပိုင်းရရှိသော ပြိုင်ပွဲဝင်ပုံစံဖောင်များသည် အကျုံးဝင်မည်မဟုတ်ပါ။
ပြိုင်ပွဲဝင်များသည် ဤလျှောက်လွှာပုံစံဖောင် ကို ဖြည့်သွင်း၍ ပါဝင်ယှဉ်ပြိုင်ရပါမည်။ အခြားပုံစံဖောင်များဖြင့် ပါဝင်ယှဉ်ပြိုင်ခြင်းကိုလက်ခံမည်မဟုတ်ပါ။
ဗြိတိသျှကောင်စီသို့ပေးပို့ယှဉ်ပြိုင်သောဓာတ်ပုံများအတွက် ပါဝင်ယှဉ်ပြိုင်သူတစ်ဦးချင်းစီသည် အောက်ပါအချက်များကို အတည်ပြု၍အာမခံရပါမည်။
- သင်သည် ပါဝင်ယှဉ်ပြိုင်သောဓာတ်ပုံအတွက် တစ်ဦးတည်းသော တီထွင်ဖန်တီးသူဖြစ်ပြီး သင်ကိုယ်တိုင်ရိုက်ယူထားသော ဓာတ်ပုံဖြစ်ရမည်။
- သင်သည် ပါဝင်ယှဉ်ပြိုင်သောဓာတ်ပုံ၏ မူပိုင်ခွင့်နှင့် အခြားသောဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်များ (intellectual property rights) ရှိရမည်။
- သင့်ဓာတ်ပုံထဲတွင် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ပါဝင်ပါက ဗြိတိသျှကောင်စီ၏ အသုံးပြုပိုင်ခွင့် စည်းမျဉ်းအရ ထိုသူ၏ ခွင့်ပြုချက် (အသက် ၁၈နစ်အောက်ဖြစ်ပါက မိဘ သို့ တရားဝင်အုပ်ထိန်းသူ၏ ခွင့်ပြုချက်) ကို သင့်အနေနှင့်ရယူထားရှိရပါမည်။
အသုံးပြုပိုင်ခွင့်
ဤပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် သင်သည် သင်၏ဓာတ်ပုံအား ပြိုင်ပွဲနှင့် ပတ်သတ်၍ မည်သည့်ရည်ရွယ်ချက်အတွက်မဆိုအသုံးပြုရန် ဗြိတိသျှကောင်စီနှင့် WWF အား ပြန်လည်ထုတ်ပိုင်ခွင့်၊ ထုတ်ဝေခွင့် (သို့) မည်သည့်မီဒီယာတွင်မဆို ပြသခွင့်ပေးရမည်ဖြစ်ပါသည်။ ပါဝင်ယှဉ်ပြိုင်သူအား အထက်ပါ အသုံးပြုခွင့်များအတွက် မည်သည့် အခကြေးငွေမျှ ပေးမည်မဟုတ်ကြောင်းအသိပေးအပ်ပါသည်။ ဗြိတိသျှကောင်စီသည် ယှဉ်ပြိုင်သူ၏ ဓာတ်ပုံများကို ပြန်လည်အသုံးပြုပါက ဓာတ်ပုံတိုင်းအတွက် နာမည်ခရက်ဒစ် (name credit)ပေးမည်ဖြစ်ပါသည်။