Premier Skills

ဤသည် Premier League နှင့် ဗြိတိသျှကောင်စီတို့က တရားဝင် ပူးတွဲတင်ဆက်လိုက်သည့် ဝေါဟာရလေ့လာမှုဆိုင်ရာ app ပရိုဂရမ်ဖြစ်ပါသည်။ ၄င်းကိုအသုံးပြု၍ ကမ္ဘာ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး ဘောလုံးပွဲစဉ်များကို ကြည့်ရှုရင်း အင်္ဂလိပ်စာ သင်ယူလိုက်ပါ။

ဘောလုံးအားကစားတွင် အသုံးပြုသော စကားလုံးအသုံးအနှုန်း များကို လေ့လာခြင်းဖြင့် သင်သည် ဘောလုံးပွဲများကို ကြည့်ရှုသည့်အခါ ၄င်းတို့တွင် တွေ့ရမည့် လှုပ်ရှားမှုများကို အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုတတ်လာလိမ့်မည်။ စကားလုံးကဒ်ပြားများက သင့်ကို စကားလုံးသစ်များ သင်ပေးပါလိမ့်မည်။ သင်သိပြီးသားများကိုလည်း ပြန်လည်မှတ်မိစေရန် ကူညီပေးမည်ဖြစ်သည်။ ဤ app ပရိုဂရမ်ထဲတွင်ပါသော လေ့ကျင့်ခန်းများသည် သင် လေ့ကျင့်ရင်း မှတ်မိသွားစေရန် ကူညီပေးပါလိမ့်မည်။ 

ကမ္ဘာ့အင်္ဂလိပ် စာကျွမ်းကျင်သူများရေးဆွဲထားသော ဤ app ပရိုဂရမ်ကို download ရယူပြီး 

  • ဘောလုံးကစားခြင်းနှင့်ပတ်သက်၍ ပြောဆိုရာတွင် လိုအပ်မည့်စကားလုံး များလေ့လာပါ။
  • အင်္ဂလိပ်ဖြင့် နောက်ခံစကားပြော ပေးနေသော ဘောလုံးပွဲများ ကြည့်ခြင်းကို နှစ်သက်ခံစားပါ။
  • ဘောလုံးကစားခြင်းနှင့် ဆိုင်သော အင်္ဂလိပ်စကားလုံးများလေ့ကျင့်ပါ။

အရမ်းကောင်းတဲ့ app ပါပဲ။ ဒီ app ကို သုံးပြီးတဲ့နောက်မှာ ပရီးမီးယားလိ(ဂ်) ပွဲစဉ်များကြည့်ရတာ ပိုမိုစိတ်လှုပ်ရှားလာပါတယ်။ "

External links

မျှဝေပါ