မြန်မာနိုင်ငံရှိ အနုပညာရှင်များ၊ ယဉ်ကျေးမှုဆိုင်ရာအတတ်ပညာရှင်များ၊ အသိပညာရှင်များ၊ အနုပညာအသင်းအဖွဲ့များနှင့် ကွန်ယက်များမှ ကိုယ်စားလှယ်များအနေဖြင့် ယဉ်ကျေးမှုများမှတဆင့် ဆက်သွယ်ခြင်း ဆုကြေးရန်ပုံငွေနှင့် ပက်သက်သည့် သတင်းအချက်အလက်များကို အသေးစိတ်သိရှိစေရန် ဤအစီအစဉ်ကို ကျင်းပခြင်းဖြစ်ပြီး ယူကေနှင့် မြန်မာနိုင်ငံကြားအနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် နှီးနှောဖလှယ်မှုများကို မည်သို့ပံ့ပိုးကူညီသွားမည်ကို ရှင်းလင်းပြောပြသွားမည်ဖြစ်ပါသည်။
- သတင်းအချက်အလက်မျှဝေမည့်နေ့ရက် ။ ။ ၂ဝ၂၂ အောက်တိုဘာ (၁၂) ရက် ဗုဒ္ဓဟူးနေ့
- အချိန် ။ ။နေ့လည် ၂နာရီမှ ၃နာရီ (မြန်မာဘာသာစကားအစီအစဉ်) နေ့လည် ၃နာရီမှ ၃နာရီခွဲ (အင်္ဂလိပ်ဘာသာစကားအစီအစဉ်)
- Microsoft Teams Meeting မှတဆင့်တွေ့ဆုံကြမည်ဖြစ်ပြီး အသုံးပြုရမည့် Link ကို စာရင်းပေးသွင်းထားသူများထံ သီးသန့်ပို့ပေးပါမည်။
- တက်ရောက်မည့်သူများတွင် အထူးလိုအပ်ချက်များရှိပါက ကြိုတင်အသိပေးပါရန်။
မှတ်ချက်
- ဤသတင်းအချက်အလက်မျှဝေခြင်းအစီအစဉ်ကို တက်ရောက်မည့်သူတိုင်း စာရင်းပေးသွင်းရပါမည်။ လူဦးရေကန့်သတ်ထားပါသဖြင့် စာရင်းမပေးလျှင် တက်ခွင့်ရမည်မဟုတ်ပါ။
- စာရင်းပေးသွင်းထားသူများသည် အစီအစဉ်တက်ရောက်ရန်လမ်းညွန်ကို အောက်တိုဘာ (၁၁) ရက်နေ့တွင် email မှတဆင့်လက်ခံရရှိမည်ဖြစ်ပါသဖြင့် email ဝင်မဝင် စစ်ဆေးပေးစေလိုပါသည်။
- ယဉ်ကျေးမှုများမှတဆင့် ဆက်သွယ်ခြင်း ရန်ပုံငွေအကြောင်း အသေးစိတ်သိရှိရန် ဤ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။