Date
Monday 01 July 2024 - 14:48 to Monday 30 September 2024 - 14:48

ဗြိတိသျှကောင်စီတွင် (၁)ရက် ဇူလိုင်လ မှ (၃၀)ရက် စက်တင်ဘာလ အတွင်း IELTS စာမေးပွဲကို on Computer နှင့်ဖြစ်စေ၊ on Paper နှင့်ဖြစ်စေ၊ ဖြေဆိုရန် IELTSFP ပရိုမိုးရှင်းကုတ် နှင့်စာရင်းပေးသွင်းသူများကို ကျပ် (၁၀,၀၀၀) တန် Food Panda ကူပွန်ကုတ်များကို မေတ္တာလက်ဆောင်အဖြစ် ပေးပို့ပေးသွားပါမည်။

 ဒါ့အပြင် အစမ်းမေးခွန်းအစုံ (၄၀) ပါဝင်သည့် ‘IELTS Ready Premium’ Preparation Platform ကိုလည်း စာမေးပွဲအတွက် အကောင်းဆုံးပြင်ဆင်နိုင်ရန် အခမဲ့ အသုံးပြုခွင့်ရရှိသွားပါမည်။

 

IELTS Ready Premium တွင်

  • အစမ်းမေးခွန်း အစုံ (၄၀) – Speaking, Writing,Reading နှင့် Listening Mock test
  • Writing မေးခွန်းများ နှင့် နမူနာ အဖြေများ
  • Reading နှင့် Listening မေးခွန်းများ နှင့် ဖြေဆိုပုံ အကြံပြုချက်များ
  •  စာမေးပွဲ နေ့အတွက် ပြင်ဆင်ရန် Skills Masterclasses များ
  • အခြားသောလေ့ကျင့်ခန်းများစွာ အစရှိသည်တို့ ပါဝင်ပါသည်။

 

 ပရိုမိုကုတ် ရယူရန် စည်းမျဥ်းစည်းကမ်းများ

  • IELTS on Computer (သို့) on paper စာမေးပွဲကို (၁)ရက် ဇူလိုင် မှ (၃၀)ရက် စက်တင်ဘာလ အတွင်း စာရင်းပေးသွင်းရပါမည်။
  • IELTS for UKVI စာမေးပွဲများအတွက် အကျုံးမဝင်ပါ။
  • IELTSFP ပရိုမိုကုတ် ကို စာမေးပွဲအတွက် ငွေပေးချေမှုမတိုင်မီ ပရိုမိုကုတ်နေရာတွင် ရိုက်ထည့်ရပါမည်။ ပရိုမိုကုတ် ရိုက်ထည့်နည်းကို နေရာတွင်ကြည့်ပါ။
  • Food Panda ပရိုမိုကုတ်များကို ရရှိပြီး (၅)လ အတွင်းအသုံးပြုခွင့်ရရှိပါမည်။
  • Test Taker Portal အတွင်း စာရင်းပေးသွင်းရာတွင် Marketing Updates များ သိရှိရန် (သို့) ရယူရန် နေရာတွင် အမှန်ခြစ် ပြုလုပ်ရန် သတိပြုစေချင်ပါသည်။ ထိုမှသာ ဗြိတိသျှကောင်စီမှ ပရိုမိုကုတ် ကို လူကြီးမင်း အီးမေးလ် သို့ ပေးပို့နိုင်မည်ဖြစ်သည်။
  • Food Panda Voucher များကို ရက်သတ္တပတ် ၏ ဗုဒ္ဓဟူး နေ့တိုင်းတွင် ပေးပို့ပေးသွားမည်ဖြစ်ပါသည်။ Food Panda Voucher Code ကို လူကြီးမင်း ၏ စာရင်းပေးသွင်းထားသည့် အီးမေလ်သို့ ပေးပို့သွားမှာဖြစ်လို့ Email Inbox (သို့) Junk (သို့) Spam Folder များတွင် ဦးစွာ စစ်ဆေးပေးလိုပါသည်။
  • Food Panda Voucher များကို ငွေသား နှင့် လဲလှယ်ပေးမည်မဟုတ်ပါ။
  • တစ်စုံတစ်ရာ အငြင်းပွားဖွယ်ရာရှိလာပါက ဗြိတိသျှကောင်စီ ၏ ဆုံးဖြတ်ချက်သည်သာလျှင် အတည်ဖြစ်ပါမည်။
မျှဝေပါ