ဗြိတိသျှကောင်စီ (ရန်ကုန်) စာကြည့်တိုက်အသင်းဝင် အသက် ၅ နှစ်မှ ၁၄ နှစ်အရွယ်ကလေးများအတွက် Reading Challenge စာဖတ်ပြိုင်ပွဲကို ၂၀၂၄ မတ်လ ၁၂ ရက် မှ မေလ ၁၄ ရက် နေ့ အထိ ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် ကျင်းပပေးနေပါသည်။
ဤပြိုင်ပွဲသည် ကလေးငယ်များအား စာဖတ်စွမ်းရည်တိုးတက်လာစေရန်သာမက မိမိကိုယ်ကိုယုံကြည်မှုနှင့် မိမိလေးစားမှု တိုးတက်လာစေရန် ကူညီပေးပါသည်။
ပြိုင်ပွဲတွင် အဆင့် ၂ဆင့် ပါဝင်ပါသည်။
ပထမအဆင့်အနေဖြင့် Children Corner တွင်ခင်းကျင်းပြသထားသော Ready, Set, Read! မှစာအုပ်များကို ရွေးချယ်၍ အနည်းဆုံး ၆ အုပ်ပြည့်အောင် ဖတ်ရှုရပါမည်။
ဒုတိယအဆင့်အနေဖြင့် မိမိဖတ်ရှုထားသောစာအုပ်များအတွင်းမှ နှစ်သက်ရာစာအုပ်တစ်အုပ်ကို ရွေးချယ်၍ အကျဉ်းချုပ် (Book Review) ရေး၍လည်းကောင်း၊ စာအုပ်ထဲတွင်ပါဝင်သော မိမိကြိုက်နှစ်သက်ရာဇာတ်ကောင်အား ပုံတူရေးချယ်ပြီး (Drawing Competition) သို့လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။ Review ပြိုင်ပွဲဝင်လိုသူ ကလေးများအတွက် စာအုပ် review ရေးနည်း workshop ကို စီစဉ်ပေးပါမည်။
ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင်ကလေးငယ်များအတွက် ဆုပေးပွဲကိုကျင်းပပေးပါမည်။
ဆုပေးပွဲတွင် စာအုပ် (၆) အုပ် ဖတ်ရှုပြီးစီးသည့်သူများအား ဆုတံဆိပ် (Ready, Set, Read Medal) နှင့် ဂုဏ်ပြုလွှာ (certificate) များပေးအပ်ပါမည်။ Book Review နှင့် Drawing Competition တွင်ဆုရရှိသောသူများအားလည်း စိတ်ဝင်စားဖွယ် ဆုလက်ဆောင်များကို ပေးအပ်သွားပါမည်။ ၂၀၂၄ ခုနှစ် ဇွန်လတွင် ဗြိတိသျှကောင်စီစာကြည့်တိုက်၌ ဆုပေးပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ပြိုင်ပွဲ Registration fee အနေနှင့် ဗြိတိသျှကောင်စီ စာကြည့်တိုက် အသင်းဝင်များအတွက် မြန်မာငွေ ၁၅,ဝဝ၀ ကျပ်နှင့် အသင်းဝင်မဟုတ်သော ကလေးများအတွက် ၃၀,ဝဝဝ ကျပ်ဖြစ်ပါသည်။
ပြိုင်ပွဲဝင်ဦးရေ ကန့်သတ်ထားသောကြောင့် ဦးစွာ စာရင်းပေးသွင်းရန် အသိပေးအပ်ပါသည်။
အသေးစိတ်သိရှိလိုပါက ၀၉၇၇၇၀ဝ၁၈၃၀, ၀၉၇၆၅၄၈၃၈၇၇, ၀၉၇၆၅၆၃၄၀၈၆, ၀၉၇၆၅၆၃၄၀၈၇, ၀၉၇၇၇၀ဝ၁၈၂၅ သို့ဆက်သွယ်၍ဖြစ်စေ၊ library.enquiries@mm.britishcouncil.org သို့ အီးမေးလ်ပို့၍ဖြစ်စေ မေးမြန်းနိုင်ပါသည်။