©

British Council

အခြားနိုင်ငံများမှ လေ့လာသင်ယူများနှင့်အတူ အင်္ဂလိပ်စာလေ့ကျင့်ခြင်း

ကျွန်တော်တို့၏ Primary Plus နှင့် Secondary Plus သင်တန်းများသည် နိုင်ငံပေါင်း 40 ကျော်မှ အင်္ဂလိပ်ဘာသာစကားလေ့လာသင်ယူသူ ကျောင်းသား 30,000 ကျော်ကို လုံခြုံပြီး ကူညီပံ့ပိုးပေးနိုင်သော စာသင်ခန်းများတွင် ပေါင်းစည်းချိတ်ဆက်ပေးပါသည်။ နိုင်ငံပေါင်းစုံမှ အွန်လိုင်းစာသင်ခန်းများကို ချိတ်ဆက်ထားခြင်းဖြင့် ကျောင်းသားများ ကမ္ဘာအနှံ့က အတန်းဖော်များနှင့် အတူစကားပြောဆိုရင်းသင်ယူနိုင်အောင် ပြုလုပ်ထားခြင်းဖြစ်ပါသည်။

British Council၏ သင်တန်းများမှ  ဤထူးခြားသော အတွေ့အကြုံသည်  သင့်ကလေးငယ်  အပြောစွမ်းရည်ကို လက်တွေ့အသုံးချနိုင်ရန် အခွင့်အရေးပေးပါသည်။ ကျွမ်းကျင်ဆရာများက ပံ့ပိုးပေးသော  စာသင်ချိန်များအတွင်း ကျောင်းသားများသည် အရွယ်တူ၊level တူအတန်းဖော်များနှင့်  စကားပြောဆိုရင်း အတူသင်ယူရင်း အင်္ဂလိပ်စာလေ့လာသင်ယူရန် စိတ်အားတက်ကြွမှု ပိုမိုရရှိကြပါသည်။

အင်္ဂလိပ်စာကို အသုံးပြုပြီး  ကမ္ဘာတစ်ဝန်းရှိလူများနှင့် ဆက်သွယ်ပေးနိုင်ပုံကို သိမြင်လာပြီး လက်တွေ့ နိုင်ငံတကာမှသူငယ်ချင်းများနှင့် ချိတ်ဆက်မှုများ 

ပြုလုပ်ရင်း ကမ္ဘာနှင့်အဝှမ်း ရင်ဘောင်တန်းရန် စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာသောကြောင့် လေ့လာသင်ယူချင်စိတ်များပိုမို ထက်သန်လာပါသည်။

ကျွမ်းကျင်ဆရာတစ်ဦးက လမ်းညွှန်ပေးမည့်  ဤထူးခြားသော သင်ယူရေးအတွေ့အကြုံမှ ပေးအပ်နိုင်သည်များမှာ -

  • သင့်ကလေးအတွက် အင်္ဂလိပ်ဘာသာစကားဖြင့် ပြောဆိုရာတွင် ယုံကြည်မှုရှိလာခြင်း
  • လက်တွေ့ဘဝတွင် အင်္ဂလိပ်စာကို လေ့လာသင်ယူရန်နှင့် အသုံးချရန် စိတ်အားထက်သန်လာခြင်း
  • လေ့လာသင်ယူသူများအားလုံးပါဝင်ရမည့် စိတ်လှုပ်ရှားဖွယ်ကောင်းသည့် အတွေ့အကြုံ။
မျှဝေပါ