©

British Council

မဂ္ဂဇင်းများ- သင်ယူရေးအတွက် သော့ချက်

စိတ်လှုပ်ရှားဖွယ်ကောင်းသော မဂ္ဂဇင်းအသစ်များသည် သင့်ကလေးကို စာသင်နှစ်တစ်လျှောက်လုံး သင်ခန်းစာများအပေါ် စိတ်ဝင်စားနေစေပါမည်။

ပညာရေးကျွမ်းကျင်သူများက စိတ်ဝင်စားစရာကောင်းပြီး  အရွယ်နှင့်သင့်လျော်သော ခေါင်းစဉ်များအပေါ် အခြေခံ၍ မဂ္ဂဇင်းများကို ဖန်တီးထုတ်လုပ်ထားပြီး ဤမဂ္ဂဇင်းများသည် Primary နှင့် Secondary Plus သင်ခန်းစာများနှင့် သင်ကြားရေးရည်မှန်းချက်များကို ပံ့ပိုးပေးပါသည်။

လေ့လာသင်ယူသူများကို စိတ်ပါဝင်စားစေခြင်းနှင့် အနာဂတ်စွမ်းရည်များကို ဖွံ့ဖြိုးတိုးတက်စေခြင်း

  • ဖန်တီးနိုင်ခြင်းနှင့် တွေးခေါ်နိုင်ခြင်း
  • ခေါင်းဆောင်နိုင်မှုနှင့် တစ်ကိုယ်ရေ ဖွံ့ဖြိုးတိုးတက်မှု
  • ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသားဖြစ်မှု
  • ဆန်းစစ်ဝေဖန်တွေးခေါ်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်း
  • ဒီဂျစ်တယ်ဆိုင်ရာ စာတတ်မြောက်ခြင်း
  • ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဆက်သွယ်ပြောဆိုခြင်း

ွမ်းရည်အသစ်များ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့်အတူ ကလေးများသည် မိမိအကြောင်းနှင့် မိမိပတ်ဝန်းကျင်အနီးရှိ ကမ္ဘာကြီးအကြောင်း ပိုမိုသိရှိလာသောကြောင့် ကိုယ်ပိုင် အတွေးအခေါ်များကို ဖော်ပြရန်နှင့် မေးခွန်းများ မေးမြန်းရန် လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်လာပါသည်။

  • မဂ္ဂဇင်းတိုင်းကို ကလေးများ၏ တစ်ကိုယ်ရေဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် စိတ်ခံစားချက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွင် ပံ့ပိုးကူညီပေးနိုင်ရန် ဖန်တီးရေးသားထားပါသည်။
  • ပရောဂျက်များလုပ်ခြင်းဖြင့် ဖန်တီးနိုင်ခြင်း၊ ဆန်းစစ်ဝေဖန်တွေးခေါ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစသည့်  21 ရာစု၏ အဓိကလိုအပ်သောစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်  အားပေးပါသည်။
  • သင်ခန်းစာအကြောင်းအရာကို ကျောင်းသားတစ်ဦးချင်းစီ၏ level နှင့်ကိုက်ညီအောင် ဖန်တီးထားပြီး ပျော်ရွှင်ဖွယ်လွတ်လပ်ပေါ့ပါးသည့်ပုံစံဖြင့်တင်ဆက်ထားပါသည်။
  • ခေတ်မီသော အကြောင်းအရာနှင့် ပုံပန်းကြောင့် ရှေးရိုးစွဲသင်တန်းစာအုပ်များမှ အလွန်ကွဲပြားသော သင်ကြားမှုကို ရရှိစေသည်။

ရေပန်းစားသော သတင်းဇာတ်လမ်းများမှ မှီငြမ်းထားခြင်း

မဂ္ဂဇင်းများကို ကမ္ဘာတစ်ဝန်းရှိ အဖြစ်အပျက်များနှင့် ဓလေ့ထုံးစံများကို အခြေခံပြီး ရေးသားထားသည်။ စိတ်ဝင်စားဖွယ်ကောင်းသော ခေါင်းစဉ်များအကြောင်း ဖတ်ရှုခြင်းအပြင် ကျောင်းသားများ အဖွဲ့လိုက်ဆွေးနွေးမှုတိုးတက်စေရန်နှင့် ဆန်းစစ်ဝေဖန်ခြင်းစွမ်းရည်များ အတွက် အကြံဉာဏ်များဖလှယ်နိုင်ရန် ဂိမ်းများနှင့် activities များကို ထည့်သွင်းပေးထားပါသည်။

activitiesများတွင် အောက်ပါတို့လည်း ပါဝင်ပါသည်-

  • အပြောနှင့် အသံထွက်
  • အကြား၊ အဖတ်နှင့် အရေး
  • သဒ္ဒါနှင့် ဝေါဟာရ။

အင်္ဂလိပ်စာတွင် သင့်ကလေး ယုံကြည်မှုရှိလာအောင် ကူညီပေးပါသည်။ 

ကျောင်းသားများသည် လက်တွေ့ဘဝနှင့်နီးစပ်သော တာဝန်များကို သင်ယူရပြီး  အဖွဲ့လိုက် အတူတူလှုပ်ရှားကာ၊ စိန်ခေါ်မှုတစ်ခုစီတိုင်းကို  ကောင်းစွာ သုတေသနပြုထားသော အဖြေများနှင့် ဆန်းသစ်ထီထွင်မှုရှိသော ဖြေရှင်းနည်းများဖြင့်  ဖြေရှင်းနိုင်ကြသည်။ ဤအရာများအားလုံးသည် အင်္ဂလိပ်ဘာသာစကားဖြင့် ဆက်သွယ်ပြောရသောအခါ ကျောင်းသားများကို  ယုံကြည်မှုပိုမိုရှိလာစေပါသည်။

activityတိုင်းသည် ကျောင်းသားများ၏ လက်ရှိစွမ်းရည်နှင့် ကိုက်ညီမှာဖြစ်ပါသည်။

မျှဝေပါ