ယဉ်ကျေးမှုများမှတဆင့်ဆက်သွယ်ခြင်းအစီအစဉ်၏ အဓိက ရည်ရွယ်ချက်မှာ အပြည်ပြည်ဆိုင်ရာအနုပညာ ယဉ်ကျေးမှုပေါင်းကူးဖန်တီးဖလှယ်မှုများ ပိုမိုအားကောင်းလာစေရန်ဖြစ်ပါသည်။ 

ယဉ်ကျေးမှုများမှတဆင့် ဆက်သွယ်ခြင်းအစီအစဉ်အနေဖြင့် ယူကေနှင့် အရှေ့တောင်အာရှရှိ နိုင်ငံများကြား အနုပညာနှင့် ယဉ်ကျေးမှု ပေါင်းကူးဖလှယ်ဖန်တီးမှုကို  ပံ့ပိုးမြှင့်တင်ရန် ရည်ရွယ်ပါသည်။ ပံ့ပိုးမြှင့်တင်ရာတွင် မိတ်ဖက်အသစ်များရှာဖွေခြင်း၊ အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက် မှုများ စသည့်လုပ်ငန်းစဉ်များကို အဓိကထား ပံ့ပိုးသွားမည် ဖြစ်ပြီး ယူကေနှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများမှ အနုပညာရှင်များ၊ယဉ်ကျေးမှုဆိုင်ရာ ကျွမ်းကျင်သူများ၊ ဖန်တီးမှုဆိုင်ရာ ပညာရှင်များ၊ ယဉ်ကျေးမှုအဖွဲ့အစည်းများ၊ အနုပညာဆိုင်ရာ ရပ်ဝန်းများ၊ ကွန်ယက်များနှင့် အသင်းအဖွဲ့များကြား ရေရှည်ခိုင်မာသည့် မိတ်ဖက်တည်ဆောက်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများ ကျယ်ပြန့်ထွန်းကားလာစေရန်ရှေးရှုပါသည်။

ဆုကြေးရန်ပုံငွေများကို ၂ဝ၂၂ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ (ယူကေစံတော်ချိန် ညနေ (၅) နာရီ မတိုင်ခင် ) နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။

ဆုကြေးရန်ပုံငွေကို မည်သို့အသုံးပြုနိုင်သနည်း။

အနုပညာဖန်တီးမှုလုပ်ငန်းစဉ်များအတွက် ဤဆုကြေးငွေကို အသုံးပြုရမည်ဖြစ်ပါသည်။ အနုပညာလုပ်ငန်းစဉ်ဟုဆိုရာတွင် အနုပညာလက်ရာပူးပေါင်းဖန်တီးမှုသာမက အနုပညာဆိုင်ရာကျွမ်းကျင်မှုနှင့် အသိပညာရပ်များ ပေါင်းကူးဖလှယ်သည့်လုပ်ငန်းစဉ်များတွင်လည်း အသုံးပြုနိုင်ပါသည်။ ၎င်းလုပ်ငန်းစဉ်များတွင် art residencies ဟုခေါ်သည့် အနုပညာလေ့လာရေး ကာလတိုခရီးစဉ်များ၊ ပြပွဲများကျင်းပခြင်း၊ အနုပညာတင်ခင်းကျင်းပြသခြင်း၊ စာတမ်း/မှတ်တမ်းထုတ်ဝေခြင်း၊ online သင်ကြားပို့ချချက်များနှင့် ဆွေးနွေးပွဲစကားဝိုင်းများလည်း အကျုံးဝင်ပါသည်။

လျှောက်ထားနိုင်သည့်ဆုကြေးရန်ပုံငွေထောက်ပံ့မှုများ

  • ယူကေ - အရှေ့တောင်အာရှ ပူးပေါင်းဖန်တီးမှုအတွက် ဆုကြေးငွေထောက်ပံ့ခြင်း
    ဆုကြေးရန်ပုံငွေတန်ဖိုး အများဆုံးပမာဏမှာ ပေါင်စတာလင် (၈,၀၀၀) ဖြစ်ပါသည်။ ယူကေနှင့်အရှေ့တောင်အာရှရှိ အနုပညာရှင်များနှင့် ယဉ်ကျေးမှုနယ်ပယ်မှပညာရှင်များ ဖန်တီးမှုများပူးပေါင်းဆောင်ရွက်မှုကိုပံ့ပိုးရန် သို့မဟုတ် အသိပညာ၊ အတတ်ပညာ နှီးနှောဖလှယ်မှုများကို ကူညီရန်ဖြစ်ပါသည်။  လျှောက်ထားသူအသစ်များသာ လျှောက်ထားခွင့်ရှိသည်။
  • ယူကေ အရှေ့တောင်အာရှ ပူးပေါင်းသုသေသနလုပ်ငန်းဆိုင်ရာ ဆုကြေးထောက်ပံ့ခြင်း 
    ဆုကြေးရန်ပုံငွေတန်ဖိုးအများဆုံးပမာဏမှာ ပေါင်စတာလင် (၂,၀၀၀) ဖြစ်ပါသည်။ ဤဆုကြေးငွေမှာ ယူကေနှင့် အရှေ့တောင်အာရှရှိ အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောက်ရွက်မှုများနှင့်ဆက်နွယ်သည့် နည်းလမ်းသစ်များနှင့် စူးစမ်းလေ့လားရေးနှင့် သုတေသနလေ့လာချက်များ စမ်းသပ်ပြုလုပ်ရန်ထောက်ပံ့သည့် ဆုကြေးငွေဖြစ်သည်။ လျှောက်ထားသူအသစ်များအပြင် ယခင်ထောက်ပံ့ကြေးရဖူးသည့် အနုပညာရှင် နှင့်အဖွဲ့အစည်းများလည်း လျှောက်ထားခွင့်ရှိသည်။

 

အရေးကြီးသိမှတ်ဖွယ်ရက်စွဲများ

  • ၂ဝ၂၂ စက်တင်ဘာလ (၈) ရက်နေ့မှစတင်၍ လျှောက်လွှာများ ပေးပို့လျှောက်ထားနိုင်ပါသည်။
  • လျှောက်လွှာများကို ၂ဝ၂၂ အောက်တိုဘာလ (၂၃) ရက်နေ့ ယူကေစံတော်ချိန် ညနေ (၅) နာရီ နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ပါသည်။
  • ရွေးချယ်ခံရသူများကို ၂ဝ၂၂ နိုဝင်ဘာလ (၂၁) ရက်နေ့တွင် အသိပေးအကြောင်းကြားပါမည်။
  • ဆုကြေးငွေလက်ခံရန် နှစ်ဦးနှစ်ဖက်သဘောတူချက်များကို ၂ဝ၂၂ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ များတွင် ဆောင်ရွက်သွားမှာဖြစ်ပါသည်။
  • ဆုကြေးငွေရရှိသည့် လုပ်ငန်းစဉ်များကို ၂ဝ၂၂ ဒီဇင်ဘာလမှ စတင်အကောင်ထည်ဖော်ရမည်ဖြစ်ပြီး ၂ဝ၂၃ ဇွန်လမကုန်မှီ အဆုံးသတ်ရမည်ဖြစ်ပါသည်။

ဆုကြေးရန်ပုံငွေလျှောက်ထားနိုင်သူများ

  • ယူကေနှင့် အရှေ့တောင်အာရှနိုင်ငံ မှ ပန်းချီဆရာများ
  • ယဉ်ကျေးမှုနှင့် အနုပညာရှင်များ 
  • အနုပညာအသင်း၊ ကွန်ယက်နှင့် အဖွဲ့များ
  • သုတေသနပညာရှင်များ ပါဝင်လျှောက်ထားနိုင်ပါသည်။

ယူကေမှ လျှောက်ထားသူများသည် အရှေ့တောင်အာရှမှတွဲဖက်လုပ်ကိုင်မည့်သူကို ကိုယ်တိုင်ရွေးချယ်ထားရမည် (သို့မဟုတ်) အရှေ့တောင်အာရှမှ လျှောက်ထားသူများသည် ယူကေမှ တွဲဖက်လုပ်ကိုင်မည့်သူကို ကိုယ်တိုင်ရွေးချယ်ထားရမည်။

ပြဇာတ်၊ အက၊ ပန်းချီပန်းပု၊ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ ဗိသုကာ၊ ဒီဇိုင်း၊ ဖက်ရှင် အစရှိ သည့် မည့်သည့်အနုပညာနယ်ပယ်မှမဆို လျှောက်ထားနိုင်ပါသည်။

အသေးစိတ်သတင်းအချက်အလက်များကို ထပ်မံသိရှိနိုင်ရန်အစီအစဉ်များ

၂ဝ၂၂ စက်တင်ဘာလ (၁၂) ရက်နှင့် (၃ဝ)ရက်အတွင်း ဤဆုကြေး ရန်ပုံငွေနှင့် ပက်သက်သည့် အသေးစိတ်သတင်းအချက်အလက်များကို ထပ်မံသိရှိနိုင်ရန် အရှေ့တောင်အာရှိ ဗြိတိသျှကောင်စီရုံးများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည့်အစီအစဉ်များ ကျင်းပသွားမည်ဖြစ်ပါသည်။

အရှေ့တောင်အာရှိ ဗြိတိသျှကောင်စီရုံးများ၏ အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ စီမံကိန်းအကြောင်းသိရှိနိုင်ရန် ၂ဝ၂၁ ခုနှစ်က ကျင်းပခဲ့သည့် Partner South East Asia အစီအစဉ်များကို ဤ link တွင် ကြည့်ရှုပါ။

ဆုကြေးရန်ပုံငွေ လျှောက်ထားခွင့် မရှိသူ/ အဖွဲ့အစည်းများ

  • ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများ
  • ငွကြေးပံ့ပိုးသည့် အဖွဲ့အစည်းများ
  • အဖွဲ့အစည်းတခု လည်ပတ်ရန်အသုံးပြုသည့် စရိတ်များအတွက် လျှောက်ထားခြင်း
  • အရှေ့တောင်အာရှနိုင်ငံပြင်ပတွင် နေထိုင်သော အရှေ့တောင်အာရှနိုင်ငံသားများ 

ယူကေနိုင်ငံပြင်ပတွင် နေထိုင်/အခြေစိုက်သော ယူကေနိုင်ငံသားများ - ယူကေနိုင်ငံတွင်အိမ်ရှိပြီးအခွန်ပေးဆောင်နေသော ယာယီပြည်ပရောက်ရှိနေသော သူများလျှောက်ထားခွင့် မရှိပါ။

လျှောက်ထားသူများ အဆိုပြုစီမံချက် (proposal) ပြင်ဆင်ရာတွင် အရေးကြီးသော အချက်အလက်များကို ဤစာမျက်နှာ‌ အောက်ဆုံးတွင် download ရယူနိုင်ပါသည်။

အသေးစိတ် ထပ်မံသိရှိလိုပါက ctc@britishcouncil.org သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မျှဝေပါ