" EfECT ပရောဂျက်မတိုင်မီက ကျွန်မအသုံးပြုသည့်ပစ္စည်းများမည်သည့်နိုင်ငံတွင်ပြုလုပ်သည်၊ မည်သို့ပြုလုပ်သည်စသည်တို့ကို အလေးထားဂရုမပြုမိပါ။ လူတို့နှင့်သူတို့၏ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများနှင့် ၎င်းတို့၏ နေ့စဉ်ဘဝများကိုလည်း စိတ်ပါဝင်စားမှုမရှိခဲ့ပါ။ နည်းပညာနှင့်ပတ်ဝန်းကျင်တို့ကိုလည်းအလေးမထားမိခဲ့ပါ။
သို့သော် EfECT ပရောဂျက်သင်တန်းတက်နေချိန်တွင် အထက်ဖော်ပြပါအကြောင်းအရာများအားလုံးကို သင်ယူခဲ့ရပြီး မိမိတို့ရင်ဆိုင်တွေ့ကြုံရသည့်အရာအားလုံးအားလေ့လာဂရုပြုရန်လိုကြောင်း သတိပြုမိလာသည်။ ထို့ကြောင့် ကျွန်မနေ့စဉ်ဘဝတွင် အရာဝတ္ထုများအကြောင်း၊ လူများအကြောင်းနှင့် သဘာဝပတ်ဝန်းကျင်အကြောင်းတို့ကို စတင်လေ့လာပါသည်။ "
ဒေါ်ဘောက်နူ (မြစ်ကြီးနား ပညာရေးကောလိပ်)