By Maria Quero, Arts University Bournemouth (AUB)

12 October 2023 - 05:21

မျှဝေပါ

၂၀၄ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ British Council Myanmar ဟာ အအောင်မြင်ဆုံးဖြစ်တဲ့ “Your World” ဗီဒီယို ဖန်တီးခြင်း ပြိုင်ပွဲကို Zealax Hotel & Residence မှာ ကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာတော့ ‘Regional Winner’ ကို P.EC Private School ၊ 'Best Editing Video' ဆု ကို NIEC International School၊ ‘Best Video of Innovation’ ဆုကို Kings Yangon ၊ ‘Best Video of Impact’ ဆုကို Teacher Su International School နဲ့ ‘Best Video Content’ ဆုကိုတော့ Global Pathways International Schools မှအသီးသီးရရှိခဲ့ကြပါတယ်။ 

‘Your World’ ဟာ British Council Partner Schools ပရိုဂရမ်ရဲ့ အထင်ကရ အစီအစဉ်တစ်ခုဖြစ်ပြီး မိတ်ဖက်ကျောင်းများမှ အသက် ၁၄ နှစ် ကနေ ၁၇ နှစ်အရွယ် ကျောင်းသားများအတွက် 

ရည်ရွယ်ကျင်းပလျက်ရှိပါတယ်။ ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးနိုင်မှုတွေကို ပြသနိုင်ရန်၊ ကမ္ဘာတစ်ဝန်းက ရွယ်တူလူငယ်များ အချင်းချင်းချိတ်ဆက်နိုင်ရန် နှင့် သူတို့၏ဘဝဆိုင်ရာ အတွေးအမြင်တွေကိုထောက်ပံ့ပေးနိုင်ရန် ပြုလုပ်ထားတဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်တဲ့အခါမှာ ဝေဖန်ပိုင်းခြားတွေးခေါ်မှု၊ ဒစ်ဂျစ်တယ်ခေတ်နှင့် အကျွမ်းတဝင်ရှိမှု၊ ခေါင်းဆောင်မှုလို အရည်အချင်းတွေကို မြှင့်တင်ပေးနိုင်ပါတယ်။

ပါဝင်ယှဉ်ပြိုင်သူအားလုံးဟာ Certificate of Completion လက်မှတ်ကို ရရှိမှာဖြစ်ပြီး၊ နိုင်ငံအဆင့်အနိုင်ရရှိသူများဟာ သက်ဆိုင်တဲ့ ဒေသဆိုင်ရာဗိုလ်လုပွဲစဉ်များကို တက်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒါကလည်း ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မိတ်ဖက်ကျောင်းတွေနဲ့ British Council ကြားက ဆက်ဆံ‌ရေးကို ပိုခိုင်မာစေပါတယ်။ ‘Your World’ မှာပါဝင်ခြင်းအားဖြင့် ကျောင်းသားများရဲ့ ပေါင်းသင်းဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှုအတွက် တွန်းအားတစ်ခုဖြစ်စေပြီး တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်းတွေမှာလည်း အထောက်အကူဖြစ်စေမှာပါ။ 

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဆရာ ဆရာမများမှ ပါဝင်ပံ့ပိုးပေးထားတဲ့ ဤပြိုင်ပွဲဟာ နိုင်ငံတကာသို့ ဦးတည်တဲ့ ကျောင်းများအတွက် ရေရှည်အတွက် ကြိုတင်စဉ်းစားတွေးခေါ်ပြီး ကျောင်းသားဗဟိုပြုသင်ကြားရေးကို အားပေးစေပါတယ်။