What are you going to do when you grow up?(ကြီးလာရင် ဘာလုပ်မှာလဲ) ဒီမေးခွန်းက ကလေးဘဝမှာ အများဆုံးအမေးခံရတဲ့ မေးခွန်းတစ်ခုပါ။ ဒါပေမဲ့ ဖြေဖို့ခက်တဲ့ မေးခွန်းတစ်ခုပါ။ အဲ့မေးခွန်းအတွက် အဖြေကို သင်အခုထိ သိချင်မှသိပါလိမ့်မယ်။ ဒီအင်္ဂလိပ်ဝေါဟာရဘလော့ဂ်မှာတော့ အင်္ဂလိပ်စာကိုသင်ယူနေစဉ် 'be going to' verb tense ကို ဘယ်လိုအချိန် ဘယ်လိုနေရာမျိုးမှာ အသုံးပြုရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။
ဒီပုံစံကို ဘယ်အချိန်မှာ ငါတို့အသုံးပြုသလဲ။
'be going to' အင်္ဂလိပ်သဒ္ဒါကို အနာဂတ်နဲ့ပတ်သက်တဲ့အရာတွေကို ဖော်ပြတဲ့အခါမှာ သုံးပါတယ်။ အင်္ဂလိပ်စာမှာ အနာဂတ်နဲ့ပတ်သက်တဲ့အရာတွေကို ဖော်ပြဖို့ နည်းလမ်းများစွာရှိပေမဲ့ အဓိကလုပ်ဆောင်ချက်နှစ်ခုအတွက် ဒါကိုအသုံးပြုပါတယ်။
ပထမဆုံးအနေနဲ့ အနာဂါတ်ရဲ့အစီအစဥ်တွေကို ပြောတဲ့အခါမှာ ဒါကိုသုံးပါတယ်။ ၎င်းက ပြောသူရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ ရည်ရွယ်ချက်များ ကို ဖော်ညွှန်းပါတယ်။ သို့သော် ၎င်းတို့က အတိအကျ ပြုလုပ်ခဲ့တဲ့ အစီအစဉ်တွေ ဒါမှမဟုတ် အဲဒီအရာတွေက တကယ်ဖြစ်လာလိမ့်မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။
When I'm older, I'm going to be an astronaut! (ကြီးလာရင် အာကာသယာဥ်မှုးလုပ်မှာ)
In a year’s time, I'm going to move to Madrid and study fashion design. (တစ်နှစ်လောက်ကြာရင်တော့ မက်ဒရစ်ကိုပြောင်းပြီး ဖက်ရှင်ဒီဇိုင်းကို လေ့လာတော့မယ်။)
Next weekend I'm going to sleep until late!(နောက်အပတ်ပိတ်ရက်ကျရင် နောက်ကျမှအိပ်မယ်။)
လက်ရှိပစ္စုပ္ပန်မှာ ငါတို့ဖြစ်နိုင်တဲ့အရာတွေကို အခြေခံပြီး ကြိုတင်ခန့်မှန့်ချက်များကို ပြုလုပ်တဲ့အခါ 'be going to' ကိုလည်း အသုံးပြုလို့ရပါတယ်။
If she's not careful she's going to knock over that glass of water (သတိမထားမိရင် သူ အဲဒီရေခွက်ကို တိုက်ချမိလိမ့်မယ်။)
It's very cold outside - I think it's going to snow(အပြင်မှာ အရမ်းအေးတယ် - နှင်းကျတော့မယ်လို့ငါထင်တယ်)
Clare's birthday party is going to be great - she was showing me the restaurant online.(ကလယ်ယာမွေးနေ့ပွဲက အရမ်းခမ်းနားမှာပဲ-စားသောက်ဆိုင်တွေကို သူ ငါ့ကိုပြနေတာ)
'going to' ကို အသုံးပြုပုံ စည်းမျဉ်းများ
သင့်အင်္ဂလိပ်ဝေါဟာရတွင် ဒီစကားစုကို အသုံးပြုပုံများ-
|
subject +(be) going to |
+infinitive |
Affirmative |
I'm going to(ငါလုပ်မယ်) |
go to the beach this weekend(ဒီအပတ်ပိတ်ရက်မှာ ကမ်းခြေကိုသွားမယ်) |
|
She's going to(သူလုပ်မယ်) |
have spaghetti for dinner tonight(ဒီညစာကို စပါဂတီစားမယ်) |
|
They're going to(သူတို့လုပ်မယ်) |
release a new album next year(နောက်နှစ်မှာ အယ်လ်ဘမ်အသစ် ထုတ်မယ်) |
Negative |
I'm not going to(ငါလုပ်မှာမဟုတ်ဘူး) |
study medicine anymore - it's too hard!(ဆေးပညာကို မလေ့လာတော့ဘူး- အရမ်းခက်တယ်) |
|
He's not going to(သူလုပ်မှာမဟုတ်ဘူး) |
listen to what you say(မင်းပြောတာကို နားထောင်မှာမဟုတ်ဘူး) |
|
We're not going to(ငါတို့လုပ်မှာမဟုတ်ဘူး) |
go to the wedding because we have to work(အလုပ်ရှိလို့ မင်္ဂလာဆောင်ကိုမသွားတော့ဘူး) |
Questions |
Am I going to(ငါလုပ်မှာလား) |
finish the project on time?(ပရောဂျက်ကို အချိန်မီပြီးပါ့မလား) |
|
Are you going to(မင်းလုပ်မှာလား) |
come to the party on Sunday?(တနင်္ဂနွေကျရင် ပါတီကို လာမှာလား) |
|
Is it going to(အဲ့တာဖြစ်မှာလား) |
rain tomorrow?(မနက်ဖြန် မိုးရွာမှာလား) |
'Be going to' ကို သာမန်အရပ်သုံး စကားပြောအနေနဲ့ အသုံးပြုလေ့ရှိပါတယ်၊ ဒီပုံစံနဲ့အတူ အမြဲလိုလို တွဲသုံးလေ့ရှိတဲ့ အင်္ဂလိပ်အတိုချုန်းစကားလုံးများကတော့ I'm, he's, it's, we're, they're. ဖြစ်ပါတယ်
ချွင်းချက်များနှင့် အမျိုးကွဲများ
မကြာခဏ ငါ့ကျောင်းသားတွေက အင်္ဂလိပ်စာစီစာကုံးတွေမှာ ဒီလိုဝါကျမျိုးတွေရေးလေ့ရှိကြပါတယ် "This weekend I'm gonna go to the beach''(ဒီအပတ်ပိတ်ရက်ကျရင် ငါကမ်းခြေကိုသွားမယ်) ဒီလိုပုံစံမျိုးကို သီချင်းစာသားတွေ သို့မဟုတ် သူတို့ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်စာတန်းထိုးတွေမှာ သူတို့တွေ့နိုင်ပါတယ်။
အင်္ဂလိပ်ဝေါဟာရစာလုံးတွေကို ပိုမိုလေ့လာနိုင်ဖို့ ရုပ်ရှင်ကို စာတန်းထိုးဖြင့်ကြည့်ရန် ဆရာမတွေက ကျောင်းသားတွေကို တိုက်တွန်းလေ့ရှိပါတယ်၊ ဒါဆို ဘယ်အရာက ပြဿနာလဲ။ ပြဿနာကတော့ ဒီပုံစံဟာ စံသတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိတဲ့ အင်္ဂလိပ်စာလုံးပေါင်း သို့မဟုတ် အင်္ဂလိပ်အရေးအသားဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်ဘာသာနဲ့ ရုပ်ရှင်တွေကြည့်ပါ သီချင်းတွေနားထောင်ပါ - သို့သော် ၎င်းတို့မှ စာလုံးပေါင်းပုံစံများကို မသင်ယူပါနဲ့။
အရေးအသားနဲ့ စာလုံးပေါင်းပုံများပါဝင်တဲ့ အင်္ဂလိပ်သင်တန်းများ တက်ရောက်ခြင်းကလည်း အကျိုးရှိပါတယ်။ ဒီမှာကြည့်ပါ
အနာဂတ်ရဲ့ အစီအစဉ်များကို ပြောရန် အင်္ဂလိပ်မှာ present continuous ကို အသုံးပြုလေ့ရှိပါတယ် - ငါတို့အစီအစဉ်ချထားပြီးသားအရာများအတွက်ဖြစ်ပါတယ်-
Tonight I'm going to have dinner with Tom.(ဒီည တွမ်နဲ့ ညစာစားမယ်)
Tonight I'm having dinner with Tom.(ဒီည တွမ်နဲ့ ညစာစားမယ်)
She's going to the cinema on Friday.(သောကြာနေ့ကျရင် သူ ရုပ်ရှင်ရုံသွားမှာ)
She's going to go to the cinema on Friday. (သောကြာနေ့ကျရင် သူ ရုပ်ရှင်ရုံသွားမှာ)
အထက်ဖော်ပြပါဥပမာများအရ ဝါကျနှစ်ခုလုံးက မှန်ကန်ပါတယ်။ ဒါပေမဲ့ present continuous က သုံးရပိုလွယ်ကူပြီး နှစ်ခါထပ်နေတယ်လို့ ထင်ရတဲ့ အသံမျိုး 'going to go' ဆိုတာတွေကို ရှောင်လို့ရပါတယ်။
တွေ့ရများသော အမှားများ
အင်္ဂလိပ်စာလေ့လာသူများအတွက် အနာဂတ်နဲ့ပတ်သက်တဲ့အကြောင်းကို ပြောရန် မတူညီတဲ့ပုံစံများကြောင့် ရှုပ်ထွေးလေ့ရှိပါတယ်။
ကြိုတင်ခန့်မှန်းမှုများပြုလုပ်တဲ့အခါ 'will' or 'be going to '.ကို အသုံးပြုနိုင်ပါတယ် ခြားနာချက်ကဘာလဲ။ ပုံမှန်အားဖြင့် 'going to' ကို ငါတို့ရဲ့ကြိုတင်ခန့်မှန်းချက်များအတွက် အထောက်အထားအချို့ရှိသည့်အခါ ကိုသုံးသည်၊ သို့သော် နှစ်ခုစလုံး ဖြစ်နိုင်သည်။
It's very cloudy - I think it's going to rain.(တိမ်အရမ်းထူနေတယ် - မိုးရွာတော့မယ်လို့ ငါထင်တယ်)
It's very cloudy - I think it'll rain. (တိမ်အရမ်းထူနေတယ် - မိုးရွာတော့မယ်လို့ ငါထင်တယ်)
ယေဘုယျအားဖြင့် အနာဂတ်အကြောင်းပြောဆိုသည့်အခါ willကို အသုံးပြုလေ့ရှိပါသည်။ တိကျသောအစီအစဥ်ကို မပြုလုပ်ရသေးဘဲ ကောက်ကာငင်ကာ ထပြောတဲ့အခါမျိုးတွင်လည်း အသုံးပြုလေ့ရှိပါတယ်။
What are you doing tonight?(ဒီည မင်းဘာလုပ်မှာလဲ)
I think I will meet Dave after work.(ဒေ့ဗ်နဲ့ အလုပ်ပြီးရင်တွေ့ဖြစ်မယ်ထင်တယ်) (ဒီမှာကြည့်ပါ၊ ပြောသူက ဒီအစီအစဉ်ကို စဉ်းစားထားပြီးသားဖြစ်သည်)
What are you doing tonight? (ဒီည မင်းဘာလုပ်မှာလဲ)
I'm going to meet Dave after work.(ဒေ့ဗ်နဲ့ အလုပ်ပြီးရင်တွေ့မှာ) (ဒီမှာကြည့်ပါ၊ ပြောသူက ၎င်းကိုလုပ်ရန် အစီအစဉ်ချထားပြီးသားဖြစ်သည်)။
going to နှင့် will အသုံးပြုရန်အတွက် ယေဘုယျစည်းမျဉ်းများ- စကားပြောနေတဲ့ တစ်ချိန်ထဲမှာ ဆုံးဖြတ်ချက်ပြုလုပ်လိုက်လျှင် will ကို အသုံးပြုပါ-
The phone's ringing - I will get it! ✓(ဖုန်းလာနေတယ် - ငါကိုင်လိုက်မယ်။ )
The phone's ringing - I'm going to get it! ✗(ဖုန်းလာနေတယ် - ငါကိုင်လိုက်တော့မယ်။)
"going to" ပါသော နာမည်ကျော်သီချင်းဥပမာများ
အနာဂတ်အစီအစဉ်အကြောင်းပြောတဲ့ သီချင်းတွေများစွရှိပါတယ်၊ ဒါကြောင့် သီချင်းတော်တော်များများက ဒီပုံစံကိုအသုံးပြုကြပါတယ်။
Bizarre Inc's 'I'm gonna get you' သည် 'မင်းရဲ့အချိန်တွေကို ဘာလို့ဖြုန်းနေတာလဲ' လို့မေးတဲ့ စိတ်ပိုင်းဖြတ်ထားတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ဂန္တဝင်အကသီချင်းတစ်ပုဒ်ပါ။ နင်သိလား နင်က ငါ့အပိုင်ဖြစ်တော့မှာ။'
စကော့တစ် အနှစ်သက်ဆုံးများ The Proclaimers' "I'm gonna be'' သူတို့ပြောတဲ့အတိုင်း သူတို့ရဲ့ ရည်ရွယ်ချက်တွေကို သံသယဖြစ်စရာ မရှိပါဘူး "ငါနိုးလာတဲ့အခါ နင့်ဘေးမှာနိုးလာမဲ့သူက ငါပဲဖြစ်မယ်ဆိုတာငါသိတယ်"
Martin Scorsese ရဲ့ ဂန္တဝင်မာဖီးယားရုပ်ရှင်ဖြစ်တဲ့ The Godfather မှာ ငါတို့ ဒီစာသားကို ကြားရပါတယ် 'သူငြင်းလို့မရနိုင်တဲ့ ကမ်းလှမ်းမှုတစ်ခုကို ငါလုပ်မယ်' - မာဖီးယားသူဌေးတစ်ယောက်ဆီက သင်ကြားချင်တဲ့အရာမျိုးမဟုတ်တဲ့ဟာတစ်ခုခုပေါ့။
အင်္ဂလိပ်စာ ဉာဏ်စမ်းငယ်
ဒီဝါကျများတွင် အမှားများကိုရှာပြီး အမှန်ပြင်ဆင်ပါ။
1. I've got the tickets so this weekend I will see the big match!
2. She's gonna have a surprise when she gets home tonight!
3. I don't really have plans tonight, maybe I'm going to go to the cinema.
4. When Adriana finishes her studies, she going to live in London.
5. "This jumper is gorgeous! I'm going to buy it!"
Answers:
1. I've got the tickets so this weekend I'm going to see the big match!
2. She's going to have a surprise when she gets home tonight!
3. I don't really have plans tonight, maybe I'll go to the cinema.
4. When Adriana finishes her studies, she's going to live in London.
5. "This jumper is gorgeous! I'll buy it!"