ကျွမ်းကျင်အမြန်သင်တန်း နှင့်အတူ ပိုမိုနက်နဲစွာသင်ယူလေ့လာခြင်း

ကျွမ်းကျင်အမြန်သင်တန်း သည် ဘာသာရပ်တစ်ခုတွင် နက်နဲစွာ ဝင်ရောက်လေ့လာခြင်းဖြင့် သင်၏စွမ်းရည်များ တိုးတက်လာရန်အတွက် ကူညီပေးရန် ရေးဆွဲထားသော သင်တန်းများစုစည်းရာ ဖြစ်သည်။ သင်အလိုရှိသည့်အချိန်တိုင်းစတင်၍ ခေါင်းစဉ်အလိုက်သင်တန်းများမှတစ်ဆင့် သင်လိုက်နိုင်သလောက် လေ့လာသင်ယူနိုင်သည်။ သင်တန်း၏ ရက်သတ္တပတ်စီတိုင်းတွင် ဘာသာရပ်တစ်ခုကို ထဲထဲဝင်ဝင်လေ့လာ၍ သင်၏ထင်မြင်ယူဆချက်များနှင့် အတွေ့အကြုံများကို မျှဝေပြီး သင်၏နားလည်နိုင်စွမ်းကို ကြည့်ရှုစစ်ဆေးရန် ဉာဏ်စမ်းပဟေဠိအတိုများကို ဖြေဆိုနိုင်သည်။

ခုနစ်ရက်ကြာ အခမဲ့အစမ်းသုံးရန်အတွက် ဆိုင်းအပ်လုပ်ပြီး ခုနစ်ရက်နောက်ပိုင်း ဆက်လက်လေ့လာသင်ယူလိုလျှင် စာရင်းသွင်းပါ။ စာရင်းသွင်းမှုများသည် တစ်လလျှင် £၃၆/၃၆€ ကျသင့်ပြီး အချိန်မရွေး စာရင်းပယ်ဖျက်နိုင်သည်။

ဗြိတိသျှကောင်စီ၏ ကျွမ်းကျင်အမြန်သင်တန်း-

IELTS အား နားလည်သဘောပေါက်သိရှိခြင်း

IELTS အား နားလည်သဘောပေါက်သိရှိခြင်း ExpertTrack ရှိ သင်တန်းလေးခုသည် စာမေးပွဲ၏အပိုင်းလေးပိုင်းစလုံးအတွက် အကြံဉာဏ်များ၊ နည်းဗျူဟာများနှင့် လေ့ကျင့်ခန်းများပါသည့် IELTS ကြိုတင်ပြင်ဆင်မှုဆိုင်ရာ အစအဆုံးပါရှိသော လမ်းညွှန်ချက်တစ်ခုကို ပံ့ပိုးပေးသည်။ ExpertTrack အပြီးတွင် IELTS တွင် အောင်မြင်မှုရအောင် ပြင်ဆင်ရန်အတွက် လိုအပ်သောအရာအားလုံးကို သင်သိရှိပါမည်။ သင်လိုအပ်သော ကျွမ်းကျင်မှုစွမ်းရည်များကို အာရုံစိုက်ရန်အတွက် မည်သည့်သင်တန်းကိုမဆို တက်ရောက်လိုက်ပါ။

ကျွမ်းကျင်မှုအဆင့်- အခြေခံ

သင်တန်းကြာချိန်- ၁၂ ပတ်/၃၆ နာရီ

သင်တန်းများ- အဖတ်၊ အရေး၊ အပြော၊ အကြား

နောက်ထပ်လေ့လာရန်- IELTS အား နားလည်သဘောပေါက်သိရှိခြင်း အကြောင်း နောက်ထပ်လေ့လာရန်အတွက် FutureLearn သို့သွားရောက်ပါ

အင်္ဂလိပ်ဘာသာစကား စူးစမ်းလေ့လာခြင်း- ဘာသာစကားနှင့် ယဉ်ကျေးမှု

ExpertTrack သည် ယူကေနိုင်ငံ၏ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းအပေါ် သင်၏ နားလည်သဘောပေါက်သိရှိနိုင်စွမ်းကို နက်ရှိုင်းလာစေပြီး သင့်အင်္ဂလိပ်စာတိုးတက်ရေးတွင်လည်း ကူညီပေးကာ အဆင့်တိုင်းတွင်လေ့ကျင့်ရန်အတွက် အခွင့်အလမ်းများပေးသည်။

သင်တန်းသုံးခုသည် ခေတ်သစ်ဗြိတိန်၏ ရှုထောင့်မှနေ၍ ရှုမြင်ထားရုံသာမက ကျွန်ုပ်တို့ ခေတ်သစ်ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်ဖြစ်သော William Shakespeare နှင့် Magna Carta တို့၏စာပေတွင် ဗြိတိသျှယဉ်ကျေးမှု၏ အရင်းအမြစ်အချို့ကိုပါ ပြန်ပြောင်းလေ့လာထားခြင်းဖြစ်သည်။

သင်တန်းသုံးခုစလုံးတွင် သင်သည် ယူကေနိုင်ငံတစ်ဝှမ်းရှိလူများနှင့် အင်တာဗျူးများတွင် အင်္ဂလိပ်လူမျိုးများ၏အသံ အစစ်အမှန်ကို ကြားရမည်၊ သင်ကြားသော အင်္ဂလိပ်လူမျိုးများ၏အသံကို အခြေခံ၍ ဘာသာစကားဆိုင်ရာလုပ်ဆောင်ချက်များ လုပ်ရမည်ဖြစ်ပြီး အဆင့်တစ်ခုစီတိုင်းတွင် သင်၏အတွေးများ၊ အတွေ့အကြုံများနှင့် ထင်မြင်ယူဆချက်များကို မျှဝေရပါမည်။

ကျွမ်းကျင်မှုအဆင့်- အခြေခံ

သင်တန်းကြာချိန်- ၁၃ ပတ်/၃၉ နာရီ

သင်တန်းများ- ဘာသာစကားနှင့်ယဉ်ကျေးမှု၊ Shakespeare နှင့် Magna Carta

နောက်ထပ်လေ့လာရန်- အင်္ဂလိပ်ဘာသာစကား စူးစမ်းလေ့လာခြင်း- ဘာသာစကားနှင့်ယဉ်ကျေးမှု အကြောင်း ပိုမိုလေ့လာရန်အတွက် FutureLearn သို့ သွားရောက်ပါ

ကောင်းမွန်သော အင်္ဂလိပ်သင်ခန်းစာများအား အစီအစဉ်ပြုလုပ်၍ သင်ကြားနည်း

အင်္ဂလိပ်စာဆရာများအား သင်ခန်းစာအစီအစဉ်များ ရေးဆွဲခြင်းနှင့် ပြင်ဆင်ခြင်းတွင် တိုးတက်လာစေရန်နှင့် ၎င်းတို့၏ စဉ်ဆက်မပြတ် ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး (Continuing Professional Development) ကို ကိုယ်တိုင်ခန့်ခွဲလုပ်ဆောင်နိုင်စေရန်အတွက် ExpertTrack ရှိ သင်တန်းသုံးခုက ကူညီပေးသည်။

ဆရာတစ်ဦး၏ လုပ်ဆောင်ရမည့်အရာကို ဖော်ပြပေးပြီး ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးကို စီစဉ်ရာတွင် သင့်အား ကူညီပေးသော ဆရာအတတ်ပညာဆိုင်ရာ လက်တွေ့လုပ်ဆောင်မှု အချက်ဆယ့်နှစ်ချက်ကို ဗြိတိသျှကောင်စီ၏ CPD မူဘောင်က သတ်မှတ်ဖော်ပြသည်။ ဤသင်တန်းသုံးခုတွင် ဘာသာရပ်ကို သိရှိခြင်းမှစ၍ ၂၁ ရာစု တတ်ကျွမ်းမှုစွမ်းရည်များအထိ လက်တွေ့လုပ်ဆောင်မှု အချက်ဆယ့်နှစ်ချက်ပါဝင်ပြီး သင်၏ကိုယ်ပိုင်သင်ကြားမှုပုံစံကို ထည့်သွင်းစဉ်းစားရန် အကြုံပြချက်များနှင့် အကြံဉာဏ်ကောင်းများစွာကို သင့်အား ပံ့ပိုးပေးသည်။

ကျွမ်းကျင်မှုအဆင့်- အခြေခံ

သင်တန်းကြာချိန်- ၁၂ ပတ်/၃၆ နာရီ

သင်တန်းများ- သင်ခန်းစာများနှင့် သင်ကြားခြင်း၊ သင်ယူလေ့လာခြင်းနှင့် သင်ယူလေ့လာသူများ၊ စာသင်ခန်းနှင့် ကမ္ဘာလောက

နောက်ထပ်လေ့လာရန်- ကောင်းမွန်သော အင်္ဂလိပ်သင်ခန်းစာများအား အစီအစဉ်ပြုလုပ်၍ သင်ကြားခြင်း အကြောင်း ပိုမိုလေ့လာရန်အတွက် FutureLearn သို့သွားရောက်ပါ

FutureLearn ၏ အခမဲ့သင်တန်းများ

ဗြိတိသျှကောင်စီသည် ကျွန်ုပ်တို့၏ ကျွမ်းကျင်အမြန်သင်တန်း အပြင် FutureLearn တွင်လည်း ဆရာများနှင့် လေ့လာသင်ယူသူများအတွက် အခမဲ့သင်တန်းများစွာကို ပို့ချလျက်ရှိသည်။ ၎င်းအခမဲ့သင်တန်းများတွင် လုပ်ငန်းခွင်ဆိုင်ရာ အင်္ဂလိပ်စာ နှင့် လေ့လာသင်ယူသူ လူငယ်များအား အွန်လိုင်းမှတစ်ဆင့် အင်္ဂလိပ်စာသင်ကြားခြင်း တို့ပါဝင်သည်။

ကျွန်ုပ်တို့၏ FutureLearn သင်တန်းအားလုံး၏ အသေးစိတ်အချက်များကို FutureLearn ၏ မိတ်ဖက်စာမျက်နှာ တွင် ကြည့်ရှုပါ။

မျှဝေပါ