Date
Monday 01 June 2026 - 08:30 to Friday 05 June 2026 - 17:30
Location
British Council Myanmar Library

အသက် (၁၄) နှစ်နှင့်အထက် Library Member များကို ဇွန်လမှ အောက်တိုဘာလ ၂၀၂၆ အထိ ကျင်းပမယ့် “Pages in the Rain” စာဖတ်အစီအစဉ် မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

“Pages in the Rain” reading programme ဟာ မိုးရာသီအတွင်း စာဖတ်ဖို့၊ အတွေးအမြင်တွေကို ပြန်လည်မျှဝေဖို့နဲ့ အချင်းချင်း ချိတ်ဆက်ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ထားတဲ့ seasonal reading programme တစ်ခု ဖြစ်ပါတယ်။ 

Participant တွေအနေနဲ့ တစ်လကို စာအုပ်တစ်အုပ် အနည်းဆုံး ဖတ်ရှုပေးရမှာဖြစ်ပြီး၊ ပိုမိုဖတ်ရှုချင်သူတွေလည်း လွတ်လပ်စွာ ပါဝင်နိုင်ပါတယ်။ ဖတ်ရှုခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း အခြားသူများနဲ့ မျှဝေဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ ဒီ programme ဟာ British Council Myanmar ရဲ့ (၈၀) နှစ်ပြည့် အထိမ်းအမှတ်နဲ့ UK National Year of Reading 2026 ကိုလည်း ဂုဏ်ပြုထားတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။

Participant တွေအတွက် စာဖတ်ရာမှာ အထောက်အကူဖြစ်စေဖို့ reading prompts နဲ့suggestionsလေးတွေ ပါဝင်တဲ့ Reading Booklet ကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Reading Ambassadors တွေက နှစ်ပတ်တစ်ကြိမ် gatheringလေးတွေ စီစဉ်ပေးသွားမှာဖြစ်ပြီး၊ စာအုပ်အကြောင်းများ ဆွေးနွေးခြင်း၊ အမြင်များ ဖလှယ်ခြင်းနဲ့ အချင်းချင်း ရင်းနှီးချိတ်ဆက်နိုင်မယ့် အခွင့်အရေးများလည်း ရရှိမှာ ဖြစ်ပါတယ်။

Programme မှာ ပါဝင်လိုသူများအနေနဲ့ ဖော်ပြထားတဲ့ Registration Form မှတစ်ဆင့် registerလုပ်နိုင်ပါတယ်။ အသေးစိတ် သိရှိလိုပါက library.Enquiries@mm.britishcouncil.org သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဒီ shared reading journey မှာ အတူပါဝင်ဖို့ သင့်ကို ကြိုဆိုနေပါတယ်။

မျှဝေပါ