၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်တွင် ကျရောက်မည့် “ကမ္ဘာ့ဓာတ်ပုံနေ့” အထိမ်းအမှတ်ကို ဂုဏ်ပြုတဲ့အနေဖြင့် ကျွန်ုပ်တို့ ဗြိတိသျှကောင်စီစာကြည့်တိုက်မှ ဓာတ်ပုံဝါသနာရှင် စာကြည့်တိုက်အသင်းဝင်များအတွက် ဓာတ်ပုံပြိုင်ပွဲတစ်ခုကို ကျင်းပပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ဤဓာတ်ပုံပြိုင်ပွဲသည် "ကျွန်ုပ်၏မြို့-ရန်ကုန် နှင့် မန္တလေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုက်ညီမယ့် အသက်ဝင်လှုပ်ရှားနေတဲ့ မြို့ရဲ့ အလှဓာတ်ပုံတွေကို အကောင်းဆုံးရိုက်ကူးပေးပို့ပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲအသေးစိတ်အချက်အလက်များ
ရန်ကုန်မြို့မှ ပြိုင်ပွဲဝင်များအတွက် အဓိက ပြိုင်ပွဲခေါင်းစဉ် - ကျွန်ုပ်၏မြို့-ရန်ကုန်
မန္တလေးမြို့မှ ပြိုင်ပွဲဝင်များအတွက် အဓိက ပြိုင်ပွဲခေါင်းစဉ် - ကျွန်ုပ်၏မြို့- မန္တလေး
ပြိုင်ပွဲအတွက် သတ်မှတ်ချက် – အသက် ၁၈ နှစ်နှင့် အထက်ရှိသော စာကြည့်တိုက်အသင်းဝင်များ အားလုံး ပါဝင်နိုင်ပါသည်။
ဓာတ်ပုံပေးပို့ရန် - အသင်းဝင်များသည် ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၁ ရက် မှ ၂၅ ရက်အတွင်း ပြိုင်ပွဲဝင်ပုံများကို အွန်လိုင်းမှ တဆင့် ပေးပို့ရမှာဖြစ်ပါတယ်။ အသင်းဝင်တစ်ဦးလျှင် တစ်ပုံသာ ပေးပို့ပြိုင်ပွဲဝင်နိုင်ပါသည်။
ဓာတ်ပုံပေးပို့ရန်လမ်းညွှန်
- အွန်လိုင်းမှတဆင့် soft copy သာ ပေးပို့ပြီး ပြိုင်ပွဲဝင်ရပါမည်။
- ဓာတ်ပုံသည် ကြည်လင်ပြတ်သားနေရမည်။
- ဓာတ်ပုံကို Google Drive တွင် သိမ်းဆည်းပြီး လင့်ခ်ကို တင်သွင်းပါ။ (ဖော်ပြပါလင့်ခ်ကို အားလုံးကြည့်နိုင်အောင် ပြုလုပ်ထားပေးပါ။)
- ဓာတ်ပုံသည် ကာလာဓာတ်ပုံ သို့မဟုတ် ကာလာတစ်ရောင်တည်း သို့မဟုတ် အဖြူအမဲ ဖြစ်နိုင်ပါသည်။
အကဲဖြတ်ခြင်း - ဓာတ်ပုံ၏ ဖန်တီးမှု၊ နည်းပညာနှင့် ဖော်ပြချက် များကို ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာမှ ဆုံးဖြတ်မည်ဖြစ်သည်။
ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်များ
- ဓာတ်ပုံသည် မူလရိုက်ထားသောအခြေအနေတွင်ရှိရမည်ဖြစ်ပြီး ဘောင်အတွင်းမှ အရာများကို ဖယ်ရှားခြင်း၊ ထည့်ခြင်း၊ ပြောင်းပြန်လှန်ခြင်း သို့မဟုတ် ပုံပျက်ခြင်း သို့မဟုတ် အရောင်ပြင်ထားခြင်းအပါအဝင် မည်သည့်နည်းဖြင့်မျှ ပြောင်းလဲ၍မရပါ။
- ပြိုင်ပွဲဝင်များသည် ဓာတ်ပုံများကို soft copy အနေဖြင့်သာ အွန်လိုင်းမှ တဆင့် တင်သွင်းရမည်။
- ပြိုင်ပွဲဝင်မှ တင်သွင်းသောဓာတ်ပုံသည် မူပိုင်ခွင့်ရထားသောပုံများလုံးဝမဖြစ်ရပါ။
- ပြိုင်ပွဲအတွက်ဆုများကို ဗြိတိသျှကောင်စီမှ ဆုံးဖြတ်ပေးမည်ဖြစ်သည်။ ဆုံးဖြတ်ချက်အားလုံးသည် အတည်ဖြစ်သည်။ မသင့်လျော်ဟုယူဆသော သို့မဟုတ် ဖော်ပြထားသော ပြိုင်ပွဲစည်းမျဉ်းများနှင့် မကိုက်ညီသော မည်သည့်ဓာတ်ပုံကိုမဆို အရည်အချင်းမပြည့်မှီပါက ကျွန်ုပ်တို့မှ ကန့်သတ်ပိုင်ခွင့်ရှိသည်။
- ပြိုင်ပွဲ နောက်ဆုံးရက်ကျော်လွန်ပြီး ပေးပို့ထားသော ပုံများကို လက်ခံမည်မဟုတ်ပါ။
- ဆုရရှိသူကိုယ်တိုင်မှ လာရောက်ထုတ်ယူရမည်ဖြစ်ပြီး အခြားသူအား လွှဲပြောင်း၍မရပါ။
- ပြိုင်ပွဲဝင်ရောက်စဉ်အတွင်း ပေးထားသော အီးမေးလ်လိပ်စာမှတစ်ဆင့် အနိုင်ရရှိသူအား ဆက်သွယ်မည်ဖြစ်ပါသည်။
အသေးစိတ်သိလိုပါက library.enquiries@mm.britishcouncil.org သို့ အီးမေးလ်ပို့၍ ဆက်သွယ်မေးမြန်းနိုင်ပါသည်။