Image: New York Skyline, Photo by: Jerry Ferguson, Creative Commons
အမေရိကန်နိုင်ငံ၌ ပညာသင်ရန်အတွက် သင့်တွင် သင့်တော်သော အင်္ဂလိပ်စာစွမ်းရည်များရှိကြောင်းသက်သေပြရန် IELTS စစ်ဆေးမှုကို ခံယူပါ။ IELTS ရမှတ်များကို အင်္ဂလိပ်စာကျွမ်းကျင်မှု၏ အထောက်အထားအဖြစ် အမေရိကန်နိုင်ငံရှိ အဆင့်မြင့်ပညာရေးကျောင်း (၃၀၀၀) ကျော်နှင့် သင်တန်းများက လက်ခံထားကြပါသည်။
IELTS သည် သင်၏ အင်္ဂလိပ်စကားကို နားလည်နိုင်စွမ်း၊ ဖတ်နိုင်စွမ်းနှင့် ပြောနိုင်စွမ်းတို့ကို တိကျစွာ ဖော်ပြပေးထားကြောင်းကို အမေရိကန်နိုင်ငံ အနှံ့အပြားရှိ အဓိကကျောင်းများက အသိအမှတ်ပြုထားကြသည်။ IELTS သည်
- ထိပ်သီးတက္ကသိုလ် ၂၅ ခု၏ ယုံကြည်မှုကိုလည်းကောင်း
- Ivy League ကောလိပ်ကျောင်းအားလုံး၏ လက်ခံမှုကိုလည်းကောင်း
- နိုင်ငံတကာ ကျောင်းသားအများဆုံးရှိသော အမေရိကန်နိုင်ငံ၏ ထိပ်သီးတက္ကသိုလ်များရှိ သင်တန်းများက အသုံးပြုခြင်းကိုလည်းကောင်း ရရှိထားသော စစ်ဆေးမှုဖြစ်ပါသည်။
စိတ်ချရသော IELTS ရမှတ်များက သင့်အား စိတ်ကြိုက်တက္ကသိုလ်သို့ ၀င်ခွင့်ရနိုင်ရန် အထောက်အပံ့ပြုမှာဖြစ်ပါသည်။
ထို့ကြောင့် သင်လိုအပ်သော IELTS ရမှတ် ကို စုံစမ်းကြည့်ပါ။
IELTS နှင့် သက်ဆိုင်သော အမေရိကန်တက္ကသိုလ်များ၏ မှတ်ချက်များ
"TOEFL အပြင် အခြားနည်းလမ်းအဖြစ် IELTS ကို လက်ခံရန် မဆုံးဖြတ်မီ ကိုယ်တိုင် စစ်ဆေးမှုကို ခံယူခဲ့ခြင်းဖြင့် IELTS ၏ စစ်မှန်၍ အသေးစိတ်သော စစ်ဆေးမှုကို ခိုင်ခိုင်မာမာဖြင့် လက်ခံနိုင်ခဲ့ပါသည်။"
- James F.Minter, Coulumbia တက္ကသိုလ်၊ New York
"၂၀၀၂ ခုနှစ်မှစ၍ IELTS ကို လက်ခံခဲ့ပြီး ၄င်းသည် ခိုင်လုံသော အင်္ဂလိပ်စာစွမ်းရည်စစ်ဆေးမှုဖြစ်သည်ကို ခံစားသိရှိပါသည်။ အပြောစစ်ဆေးမှုကဏ္ဍကို အထူးကျေနပ်နှစ်သက်ပါသည်။"
- Dean Tsantir, Minnesota တက္ကသိုလ်
"ကမ္ဘာအရပ်ရပ် အသုံးပြုနိုင်ခြင်းသည်ကပင် IELTS ကို ဆွဲဆောင်မှုရှိသော ရွေးချယ်မှုတစ်ခုဖြစ်စေပါသည်။ နိုင်ငံတကာမှ လျှောက်ထားသူများ၏ တုံ့ပြန်မှုများကို ကျွန်ုပ်တို့ ကျေနပ်အားရပါသည်။"
- Daniel J.Bennet, UCLA ဒါရိုက်တာ၊ ဘွဲ့ရ ၀င်ခွင့်ဌာန