Plastic Free July သည် လူသားများအားပလစ်စတစ်သုံးစွဲမှုနှင့် ပလတ်စတစ်အမှိုက်လျှော့ချရေးအလေ့အကျင့်အသစ်များဖြစ်ပေါ်စေရန်အားပေးတိုက်တွန်းသည့်ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတခုဖြစ်ပါသည်။
ဗြိတိသျှကောင်စီမြန်မာသည်လည်း မြန်မာနိုင်ငံတွင်ပထမဆုံးအကြိမ်အဖြစ် Plastic Free July ကိုဂုဏ်ယူစွာကျင်းပနေပြီး Plastic Free နှင့်သက်ဆိုင်သည့် ကတိကဝတ်(Pledge)ကို အဆိုတင်သွင်းရန်ဖိတ်ခေါ်ပါသည်။
Pledge ပြိုင်ပွဲ၏ရည်ရွယ်ချက်သည် ပလတ်စတစ်နှင့်ပတ်သက်သည့် ညစ်ညမ်းမှုအန္တရာယ်ကိုသတိပြုမိစေရန်၊ ပလစ်စတစ်သုံးစွဲမှုနှင့်ပလတ်စတစ်အမှိုက်လျှော့ချရေးအလေ့အကျင့်အသစ်များ ဖြစ်ပေါ်စေရန်တိုက်တွန်းအားပေးရန်ဖြစ်ပါသည်။
ယခုလက်ရှိမြန်မာ နိုင်ငံ တွင်နေထိုင်သည့်မည်သူမဆိုပါဝင်နိုင်ပါသည်။
(မှတ်ချက်- အကယ်၍သင်သည် အသက်၁၈နှစ်အောက်ဖြစ်ပါကပြိုင်ပွဲဝင်ရန်မိဘ(သို့) တရားဝင်အုပ်ထိန်းသူ၏ခွင့်ပြုချက်လိုအပ်ပါသည်။ ပြိုင်ပွဲအတွက်ပါဝင်လိုက်သည်နှင့် မိဘ/အုပ်ထိန်းသူများထံမှ ခွင့်ပြုချက်ရရှိပြီးဟုယူဆပြီး ပြိုင်ပွဲအတွက်သတ်မှတ်ထားသော အချက်အလက်များကိုလိုက်နာမည်ဟုသဘောတူညီကြောင်းယူဆမည်ဖြစ်ပါသည်။)
ပတ်သက်သည့်အကြောင်းအရာများကို အင်္ဂလိပ်ဘာသာ(သို့) မြန်မာဘာသာဖြင့်ရေးသားနိုင်ပါသည်။ စာလုံးရေပမာဏအများဆုံးမှာအလုံးရေ ၁၀၀ သတ်မှတ် ထားပါသည်။
ပြိုင်ပွဲတွင်အနိုင်ရရှိသူများကိုဗြိတိသျှကောင်စီ Green Team နှင့် မြန်မာနိုင်ငံတွင် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးအောက်ခြေလှုပ်ရှားမှုများကိုဦးဆောင်နေသည့် Thant Myanmar တို့မှရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။
ပထမဆုရရှိသူ သုံးဦးကို Digital Library service ပါဝင်သည့် စာကြည့်တိုက်အသင်းဝင်ကဒ် တနှစ်စာ ချီးမြှင့်မည်ဖြစ်ပါသည်။
ဒုတိယဆုရရှိသူအယောက် ၂၀ ကို အမှတ်တရလက်ဆောင်ပစ္စည်းများချီးမြှင့်မည်ဖြစ်ပါသည်။
ပြိုင်ပွဲဝင်သူများလိုက်နာရန်အချက်အလက်များ
- Plastic Free July Pledge Competition သို့ပါဝင်ရန်ဗြိတိသျှကောင်စီ Facebook page ၏ Plastic Free July နှင့်ဆိုင်သော post များကို Like နှင့် Share ပြုလုပ်ရပါမည်။
- မြန်မာနိုင်ငံတွင်နေထိုင်သည့်မည်သူမဆို ဤပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ မှတ်ချက် -ဗြိတိသျှကောင်စီနှင့်Thant Myanmar မှဝန်ထမ်းများပါဝင်ယှဉ်ပြိုင်ခွင့်မရှိကြောင်းသတိပေးလိုပါသည်။
- ပြိုင်ပွဲသို့ဝင်ရောက်ခြင်းဖြင့်သင်သည်လိုက်နာရန်အချက်အလက်များအားလုံးကိုလက်ခံလိုက်နာမည်ဟုယူဆသည်။
- ပြိုင်ပွဲဝင်သူတဦးသည်ယခု ဖော်ပြပါ link တွင် ၂၀၂၂ သြဂုတ်လ ၁၅ ရက်နေ့ ည ၁၁:၅၉ မိနစ် နောက်ဆုံးထား၍ တဦးလျှင်တကြိမ်သာဝင်ရောက်ပေးပို့နိုင်သည်။ Facebook messenger နှင့် comment များမှပေးပို့ခြင်းများသည်အကျုံးမဝင်ပါ။
- အနိုင်ရရှိသူများသည်ဗြိတိသျှကောင်စီရန်ကုန်ရုံး၌ဆုလက်ခံရယူသောအခါ မိမိတို့၏သက်သေခံကဒ်ပြား (ID card) ပြသရန်လိုအပ်ပါသည်။
- ဆုလက်ဆောင်များကို သတ်မှတ်ထားသည့်ရက်အတွင်း လာရောက်ထုတ်ယူခြင်းမရှိပါက ဆုလက်ဆောင်များကို ထပ်မံထုတ်ပေးမည်မဟုတ်ပါ။
- အကယ်၍ရွေးချယ်ခံရသောအနိုင်ရရှိသူကိုဆက်သွယ်မရခဲ့လျှင်(သို့မဟုတ်) အရည်အချင်းမပြည့်မီခဲ့လျှင်မည်သည့်အစားထိုးဆုအမျိုးအစားကိုမှခံစားခွင့်ရှိမည်မဟုတ်ပါ။
- ဆုလက်ဆောင်အတွက်ငွေသားဖြင့်လဲလှယ်ခြင်းအစရှိသောအခြားမည်သည့်အရာများနှင့်မျှလဲလှယ်နိုင်မည်မဟုတ်ပါ။
- အခါအားလျော်စွာ(သို့မဟုတ်)လိုအပ်ပါကဗြိတိသျှကောင်စီမှဆုအတွက်အစားထိုးလဲလှယ်ခွင့်ရှိသည်။
- အထက်ဖော်ပြပါစည်းကမ်းချက်များကိုဗြိတိသျှကောင်စီမှကြိုတင်အသိပေးခြင်းမရှိဘဲဖျက်သိမ်း၊ပြုပြင်၊ပြောင်းလဲပိုင်ခွင့်ရှိသည်။
- ပြိုင်ပွဲနှင့်ပတ်သက်၍ဖြစ်ပေါ်လာသောပျက်စီးဆုံးရှုံးမှုများကိုဗြိတိသျှကောင်စီမြန်မာမှတာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။
- ဗြိတိသျှကောင်စီအနေနှင့် အနိုင်ရရှိသူများ၏ပြိုင်ပွဲဝင် ကတိတဝတ်များနှင့် အမည်များကို ဗြိတိသျှကောင်စီ website, Facebook စာမျက်နှာနှင့်ဗြိတိသျှကောင်စီနှင့်ချိတ်ဆက်ထားသောအခြားမည်သည့်မီဒီယာများတွင်မဆိုလွတ်လပ်စွာအသုံးပြုခွင့်ရှိသည်။
- ပြိုင်ပွဲနှင့်ပတ်သက်သောကိစ္စရပ်အဝဝတို့တွင်ဗြိတိသျှကောင်စီ၏ဆုံးဖြတ်ချက်သာလျှင်အတည်ဖြစ်ပြီး၎င်းနှင့်ပတ်သက်၍အပြောင်းအလဲရှိမည်မဟုတ်ပါ။
- အနိုင်ရရှိသူများကို email မှတဆင့်အကြောင်းကြားပေးမည်ဖြစ်သည်။