၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ မှ ၃၀

BFI Flare နှင့်ပူးပေါင်းပြီး ဇာတ်လမ်းတိုရုပ်ရှင်များအတွက် နှစ်စဉ်ကျင်းပသော အွန်လိုင်းပရိုဂရမ် London LGBTQIA+ ရုပ်ရှင်ပွဲတော် ပြန်လာပါပြီ။ မတ်လ ၁၉ ကနျေ ၃၀ အထိ အွန်လိုင်းကနေ ရုပ်ရှင်တွေကို အခမဲ့ ကြည့်ရှုနိုင်ပါသည်။

ယခုနှစ်အစီအစဉ်တွင် ကမ္ဘာအနှံ့က ရုပ်ရှင်ဖန်တီးသူများ၏ အချစ်၊ သတ္တိ၊ လျှို့ဝှက်ချက်နှင့်သစ္စာဖောက်မှုတွေကို အားမာန်ဖြင့်ဖော်ကျူးထားသောဇာတ်လမ်းငါးခုကို ပြသပါမည်။ယခုဇာတ်လမ်းတွေက ကျွန်တော်တို့ ဘယ်နေရာ ရောက်ရောက်၊ ဘယ်သူ ဖြစ်ဖြစ် ချစ်ခြင်း‌မေတ္တာရရှိရန်  ကိုယ့်ကိုယ်ကို ထုတ်ဖော်ပြသရန်တို့မှာ ဘုံတူညီချက်တစ်ခု ဖြစ်ကြောင်း သတိပေးနေပါသည်။

၂၀၂၅ ခုနှစ် အစီအစဉ်ကို အသိပေးကြေငြာခြင်း 

Dragfox – Lisa Ott (ယူကေ)

၁၁ နှစ်သားလေး Sam ဟာ လိင်ဝိသေသခံယူမှုနဲ့ ပတ်သတ်ပြီး အခက်အခဲတွေ့နေပါတယ်—အစအနောက်သန်တဲ့ မြေခွေးတစ်ကောင်က တောက်ပပြီး အဆိုအကတွေ ထုံမွှမ်းတဲ့ ကိုယ့်ကိုယ်ကို ရှာဖွေတွေ့ရှိမှု ခရီးစဉ်ကို ခေါ်ဆောင်မသွားခင်အထိပေါ့။

If I Make It to the Morning – Andre Shen (ယူအက်စ်အေ/တရုတ်)

တရုတ်လူမျိုး ဆယ်ကျော်သက် Ziyi ဟာ နိုင်ငံအနှံ့က ကောလိပ်ကျောင်းတွေကို လေ့လာရေးခရီးရဲ့ နောက်ဆုံးညကို နယူးယောက်က သူ့ရဲ့ အန်တီ အလန်းလေးရဲ့ တိုက်ခန်းမှာ ဖြတ်သန်းနေတာပေါ့။ ဒါပေမယ့် ဒီနေရာဟာ ပြီးပြည့်စုံတဲ့နေရာ ဖြစ်မယ်လို့ တွေးလိုက်မိတာနဲ့ မမျှော်လင့်ထားတဲ့ အကြောင်းအရာတွေကို ထုတ်ဖော်ပြောမိပြီး သူတို့အကြားမှာ တင်းမာမှုတွေ ဖြစ်လာပါတော့တယ်။

NGGAK!!! – Oktania Hamdani နဲ့ Winner Wijaya (အင်ဒိုနီးရှား)

Sekar နဲ့ Bebi ရဲ့ အချစ်ဇာတ်လမ်းက ဒီဂျစ်တယ်ကမ္ဘာမှာ ဖြစ်တည်လာတာပါ—ရယ်လိုက်မောလိုက်၊ ဂိမ်းဆော့လိုက်၊ meme တွေ ပို့လိုက်နဲ့ လုပ်နေစဉ်မှာ Seker ရဲ့ အမေက ဖုန်းခေါပြီး သူတို့ဘဝတွေကို အပြောင်းအလဲဖြစ်သွားစေမယ့် သတင်းကိုပြောခဲ့တဲ့အခါမှာတော့ ခါးသီးတဲ့အမှန်တရားတစ်ခု ပေါ်လာပါတော့တယ်။

Wait, Wait, Now! – By Ramon Te Wake (New Zealand)

Alex နဲ့ Sam တို့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက် အိမ်မှာနှစ်ယောက်တည်းရှိနေတဲ့အခါ တချို့သော ဆယ်ကျော်သက်ကောင်လေးတွေလိုပဲ—အမေ့ဗီရိုကို မွှေနှောက်၊ အဝတ်တစားတွေ ဝတ်ကြည့်ပြီး သူတို့ကိုယ်သူတို့ ကျေနပ်လက်ခံနိုင်တဲ့ ကမ္ဘာလေးတစ်ခုထဲကို တိုးဝင်ကြည့်ကြတယ်။ ဒါပေမယ့် သူတို့ရဲ့ လျှို့ဝှက်စွဲလန်းမှုလေးဟာ အရှိတရားနဲ့ ထိတွေ့လာချိန်မှာ ဘာတွေဖြစ်လာလိမ့်မလဲ။ 

We'll Go Down in History – Cameron Richards နဲ့ Charlie Tidmas (ယူကေ)

ရင်ထဲလှိုက်အောင်ခံစားရစေမယ့် ဒီမှတ်တမ်းရုပ်ရှင်ကတော့ TRUK United ဆိုတဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေရဲ့ ရပ်ရွာအခြေပြု ဘောလုံးအသင်းအကြောင်း ဇာတ်လမ်းလေးပါ။ လိင်စိတ်ခံယူမှုကွဲပြားသူတွေကို ကြောက်ရွံ့မှုတွေ တိုးမြင့်လာနေချိန်မှာ ရပ်ရွာအတွင်းမှာ ဘေးကင်းတဲ့ခုံလှုံရာလေးတစ်ခု ဖန်တီးဖို့ အသင်းရဲ့ ကွင်းတွင်းကွင်းပြင် ကြိုးစားရုန်းကန်မှုတွေကို ရိုက်ကူးထားတာပါ။

ကိုယ်ပိုင်ဝိသေသ၊ ဖြစ်တည်မှုနဲ့ ကျေနပ်လက်ခံမှုတွေအကြောင်း ရှာဖွေဖော်ထုတ်ကြတဲ့ ဇာတ်ကောင်တွေရဲ့ ဘဝထဲကို ဝင်ရောက်ပြီး ချစ်ခြင်းမေတ္တာကို ပုံစံမျိုးစုံနဲ့ ဖော်ကြူးဖို့ ကျွန်တော်တို့နဲ့အတူ ပါဝင်လိုက်ပါ။

ချစ်ခြင်းမေတ္တာ မျှဝေစို့

ကမ္ဘာတစ်ဝှမ်းမှာ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြသော LGBTQIA+ အသိုင်းအဝိုင်းနဲ့အတူ ရပ်တည်ပြီး မိမိစကားသံတွေကို #FiveFilmsForFeedom ဆိုသော hashtag ကိုသုံးပြီးမျှဝေပါ။

မျှဝေပါ