“လက်ခတ်သံ” ရိုးရာရက်ကန်းထည်ဆိုင်ရာ ပြပွဲနှင့် ဆွေးနွေးပွဲကို ၂၀၁၈ ဖေဖော်ဝါရီလ (၂၄) ရက် မှ (၂၅) ရက်နေ့အထိ ကျင်းပခဲ့ပြီး ပြပွဲအခင်းအကျင်းများကို ဖေဖော်ဝါရီလ (၂၈)ရက် (ဗုဒ္ဓဟူးနေ့) အထိ အများပြည်သူ အခမဲ့ ဝင်ရောက်လေ့လာနိုင်ရန် ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးဝမ်းကျောင်းသိပ္ပံ၊ အမရပူရမြို့တွင် ခင်းကျင်းပြသခဲ့ပါသည်။

ဆွေးနွေးပွဲများတွင် သမိုင်းနှင့် ယဉ်ကျေးမှုပညာရပ်ဆိုင်ရာ ပညာရှင်များ၊ ရက်ကန်းကျောင်းများမှ ဆရာမများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ စီမံချက်ဝန်ထမ်းများနှင့် အမရပူရမြို့ရှိ ချည်ထည်နှင့် ပိုးထည်တိုက်လုပ်ငန်းရှင်များ ပါဝင်ဆွေးနွေးခဲ့ပြီး ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးဝမ်းကျောင်းသိပ္ပံမှ ကျောင်းသားကျောင်းသူများ၊ ဆရာ၊ဆရာမများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ပါသည်။

မြန်မာ့ရိုးရာရက်ကန်းကဏ္ဍ ရေရှည်တည်တံ့ဖွံ့ဖြိုးစေဖို့ ၊ ရက်ကန်း ပညာသင်ကျောင်းများနဲ့ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန် ရည်ရွယ်ကျင်းပခဲ့သည့် ဤပြပွဲနှင့် ဆွေးနွေးပွဲများအကြောင်းကို ယခုမှတ်တမ်းတင်ဗွီဒီယိုတွင် လေ့လာနိုင်ပါသည်။

မျှဝေပါ