တက်ကြွလှုပ်ရှားနိုင်ငံသား အစီအစဉ်သည် လူမှုဝန်းကျင်ခေါင်းဆောင်မှုသင်တန်း အစီအစဉ်တစ်ခုဖြစ်ပါသည်။ လူမှုဝန်းကျင်တွင် ၎င်းတို့ အလေးထားသော အကြောင်းအရာပြသနာကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ပံ့ပိုးပေးခြင်းအားဖြင့် နားလည်မှုနှင့် ယုံကြည်မှုများကို တည်ဆောက်ပါသည်။
တက်ကြွလှုပ်ရှားနိုင်ငံသားအစီအစဉ်သည် အကျိုးအမြတ်မယူသော အစီအစဉ်တစ်ခုဖြစ်ပြီး လက်ခံနိုင်မှု၊ မတူညီသော ယဉ်ကျေးမှုများကြား ဒိုင်ယာလော့်များ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အသွင်ပြောင်းလဲခြင်းများ နှင့် လှုမှုအခြေပြုဖွံ့ဖြိုးရေးများကို တက်ကြွလှုပ်ရှားနိုင်ငံသား သင်ယူမှုခရီးစဉ်မှတဆင့်မြှင့်တင်ပေးပါသည်။
တက်ကြွလှုပ်ရှားနိုင်ငံသား လူမှုခေါင်းဆောင်မှုသင်တန်းအစီအစဉ်မှတဆင့် ကျွနိုပ်တို့သည် ထောင်ပေါင်းများစွာသောသူများအား ၎င်းတို့ အလေးထားသည့် အကြောင်းအရာကိစ္စရပ်များအပေါ် ရင်ဆိုင်ဖြေရှင်းရန် အားပေးခဲ့ပါသည်။ဤလုပ်ဆောင်ချက်များသည် ၎င်းတို့အား ၂၁ ရာစု ၏ အချို့သောအကြီးမားဆုံး လူမှုစိန်ခေါ်မှုများကို ဖြေရှင်းရန် အဆင်သင့်ဖြစ်စေပါသည်။
တက်ကြွလှုပ်ရှားနိုင်ငံသားအစီအစဉ်အား ဗြိတိသျှကောင်စီနှင့် မိတ်ဖက်အဖွဲ့များမှ အကောင်အထည်ဖော်လျက်ရှိပြီး ကမ္ဘာတစ်ဝန်းနှင့် နိုင်ငံတစ်ဝှမ်းတွင် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှုများ ရရှိရန်လုပ်ဆောင်ရာတွင် လူမှုရေးတက်ကြွလှုပ်ရှားသူများ၏ ပါဝင်မှုများကို မြှင့်တင်ပေးရန် ရည်ရွယ်ပါသည်။
တက်ကြွလှုပ်ရှားနိုင်ငံသား အစီအစဉ်သည် လွန်ခဲ့သော ဆယ်နှစ်တာ ကာလအတွင်းတွင် မြန်မာနိုင်ငံတွင် သိသာထင်ရှားသော အကျိုးသက်ရောက်မှုများစွာကို အမှန်တကယ် ဖြစ်ထွန်းစေခဲ့ပြီဖြစ်သည်။
ဤအစီအစဉ်အတွက် တက်ကြွစွာ မြုပ်နှံထားသူတစ်ဦးချင်းဆီ၏ ဆယ်နှစ်တာ
ရဲစွမ်းသတ္တိများ၊ ခွန်အားများနှင့်ပြည့်နေသည့် အံ့သြဖွယ်ရာ ဆယ်နှစ်တာအတွေ့အကြုံများ၊
လူမှုအဖွဲ့အစည်းမှ အပြုသဘောဆောင်သော ပြောင်းလဲမှုများအား ဖော်ဆောင်ရာတွင် ဦးစီးဆောင်ရွက်ပြုသော ဆယ်နှစ်တာ စသည့် သက်ရောက်မှုများဖြစ်ထွန်းခဲ့ပါသည်။
တက်ကြွလှုပ်ရှားနိုင်ငံသားအစီအစဉ်သည် မိတ်ဖက်ပေါင်း ၄၀ ကျော်နှင့် လုပ်ကိုင်ခဲ့ပြီး Master Facilitator ၂၅၆ ယောက်အား မွေးထုတ်ခဲ့ပြီးဖြစ်ပါသည်။ ထိုပံ့ပိုးကူညီသူများမှတဆင့် တက်ကြွလှုပ်ရှားနိုင်ငံသားပေါင်း ၁၀၀၀၀ ကျော်အား ဆင့်ပွားသင်တန်းပို့ချပေးခဲ့ပြီး ရပ်ရွာလူထု ၇၀၀၀၀ ကျော်ဖြင့် လူမှုဖွံ့ဖြိုးရေးစီမံချက်များကို ချိတ်ဆက်အကောင်အထည်ဖော်ခဲ့ပါသည်။
မြန်မာနိုင်ငံရှိ တက်ကြွလှုပ်ရှားနိုင်ငံသားများသည် ၎င်းတို့၏သင်ယူမှုများကို မျှဝေခြင်း၊ ကမ္ဘာတစ်ဝှမ်းရှိ တက်ကြွလှုပ်ရှားနိုင်ငံသားများနှင့်လည်း ချိတ်ဆက်လျက်ရှိပါသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် မတူညီသည့်ယဉ်ကျေးမှု၊ ပထဝီအနေအထားနှင့်နိုင်ငံရေးနယ်နိမိတ်များအကြား သက်တူရွယ်တူ စိတ်ဝင်စားမှုတူသည့်သူ အချင်းချင်း ဆက်ဆံရေးကို လူမှုရေးကွန်ရက်မှတစ်ဆင့် ပိုမိုအားကောင်းစေပြီး ကျွန်ုပ်တို့၏ “တကမ္ဘာလုံးနှင့် ချိတ်ဆက်၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ တခြားနိုင်ငံများနှင့်ချိတ်ဆက်၍သော်လည်းကောင်း လော့လာရေးခရီးစဉ်များမှတဆင့်လည်း ဆောင်ရွက်ပါသည်။
တက်ကြွလှုပ်ရှားနိုင်ငံသားအစီအစဉ်သည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုဖြင့်သာ ပူးပေါင်းလုပ်ဆောင်ခြင်းမဟုတ်ဘဲ စီးပွားရေး၊လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်အရေးကိစ္စများကို ဆောင်ရွက်နေသည့် အစိုးရသို့မဟုတ်ပုဂ္ဂလိက ကဏ္ဍများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် လူမှုစီးပွားအဖွဲ့များအားဖြင့်သော်လည်းကောင်း အပြုသဘောဆောင်သော ပြောင်းလဲမှုများကို လုပ်ဆောင်လိုသည့်သူများဖြင့်သော်လည်းကောင်း ချိတ်ဆက်လုပ်ဆောင်ပါသည်။ ဤအစီအစဉ်သည် ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်း ၁၄ ခုဆီသို့ရောက်ရှိပြီးဖြစ်ပါသည်။