Frontiers စီမံကိန်းသည် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးရေးပြသနာများကို အဖြေရှာရန်အတွက် နည်းလမ်းမျိုးစုံဖြင့်လုပ်ဆောင်လျက်ရှိပါသည်။ ထိုသို့လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အဖွဲ့အစည်းများ၊ မူဝါဒချမှတ်သူများ၊ လူမှုအခြေပြု လုပ်ဆောင်သူများနှင့် အပြောင်းအလဲလုပ်ဆောင်နေသော လူငယ်တစ်ဦးတစ်ယောက်ချင်းဆီအားဖြင့် စီမံကိန်းအမျိုးမျိုးမှတဆင့် ချိတ်ဆက်ဆောင်ရွက်ပေးနေပါသည်။
- တက်ကြွလှုပ်ရှားနိုင်ငံသားအစီအစဉ်သည် လူမှုဖွံ့ဖြိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်စေရန်အတွက် လူငယ်များ၏ အရည်အသွေးနှင့် စိတ်အားထက်သန်မှုများအား လှုံ့ဆော်ပေးသည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။
- Millennium Centers Network သည် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းများရှိ လူမှုလိုအပ်ချက်များကို ဝန်ဆောင်မှုပေးသည့် စာကြည့်တိုက်နှင့် ပညာရေးစင်တာများ ဖြစ်ပါသည်။
- မြန်မာနိုင်ငံရှိ ကဏ္ဍမျိုးစုံမှ လူငယ်များ၏ အတွေးအမြင် စိတ်ကူးစိတ်သန်းများနှင့် သူတို့၏အခြေအနေအရပ်ရပ်အပေါ်သဘောထားများနှင့် အမြင်များကို ဖော်ထုတ်ပါသည်။
ကျွန်ုပ်တို့စီမံကိန်းသည် နိုင်ငံအတွက် အားလုံးပါဝင်သော သာတူညီမျှသော ဖွံ့ဖြိုးမှုများကို မြန်မာနိုင်ငံရှိ လူငယ်များ၊ လူမှုအဖွဲ့အစည်းများနှင့်အတူ တည်ဆောက်ရန် ရည်ရွယ်ပါသည်။