သင်ဟာ STEM ဘာသာရပ်တစ်ခုမှာ ဘွဲ့ဒီကရီတစ်ခုခု ရရှိထားတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဆက်လက်ပညာသင်ယူရေးအတွက် စိတ်အားထက်သန်နေပါသလား။ ယူကေထိပ်တန်းတက္ကသိုလ်တစ်ခုရဲ့ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ ဒါမှမဟုတ် သင်္ချာဘာသာရပ် သင်ကြားရေးအစီအစဉ်တစ်ခုမှာ မဟာဘွဲ့အတွက် ပညာသင်ဆုကို လျှောက်ထားလိုက်ပါ။
ငွေကြေးအထောက်အပံ့လိုအပ်ချက်ကို ထုတ်ဖော်ပြသနိုင်ပြီး အနာဂတ်မျိုးဆက်သစ် အမျိုးသမီးများကို STEM နယ်ပယ်မှာ လုပ်ကိုင်ကြဖို့ စေ့ဆော်တိုက်တွန်းပေးလိုသော STEM နယ်ပယ်နောက်ခံရှိ အမျိုးသမီးများကို ကျွန်တော်တို့က ရှာဖွေနေပါတယ်။ ဒီလိုမျိုး စေ့ဆော်တိုက်တွန်းနိုင်စွမ်းရှိသော အမျိုးသမီးများအတွက် ကျွန်တော်တို့မှာ ပညာသင်ဆု နှစ်မျိုး ရှိပါတယ် -
1. ယူကေအစိုးရရဲ့ ပထမဆုံးအကြိမ်အဖြစ် ASEAN နိုင်ငံများသို့ အာဆီယံအတွင်းရေးမှူးနှင့်အတူ UK မစ်ရှင်မှတစ်ဆင့် အာဆီယံ - ယူကေ SAGE STEM နယ်ပယ်မှ အမျိုးသမီးများအတွက် ရည်ရွယ်ပြီး ပညာသင်ဆုများကို ဒီဂျစ်တယ်ကျွမ်းကျင်မှုနှင့် အလုပ်အကိုင်ခန့်ထားမှုမှာ ကျား/မ ကွာဟချက်များကို ဖြေရှင်းရန်အတွက် အာဆီယံနိုင်ငံများနှင့် အရှေ့တီမောနိုင်ငံများအတွက် ဖွင့်လှစ်ထားပါတယ်။ ယူကေရဲ့ နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး (FCDO) မှ အာဆီယံ - ယူကေ မိန်းကလေးများရဲ့ ပညာရေး တိုးတက်မှု အကူအညီ (SAGE) အစီအစဉ်မှတစ်ဆင့် ပေးအပ်သည့် ရန်ပုံငွေသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အရှေ့တီမောနိုင်ငံမှ အရည်အချင်းကိုက်ညီသည့် အမျိုးသမီးများအတွက် ရည်ရွယ်ထားပါတယ်။ အဆိုပါပညာသင်ဆုများအကြောင်း ဒီကနေ ပိုမိုလေ့လာလိုက်ပါ။
2. ဗြိတိသျှကောင်စီသည် ယူကေတက္ကသိုလ်များနှင့် ပူးပေါင်းကာ ကျွန်တော်တို့ရဲ့ နိုင်ငံတကာ STEM နယ်ပယ်မှ အမျိုးသမီးများအတွက် ပညာသင်ဆု အစီအစဉ်ကို ဖွင့်လှစ်လိုက်ပါတယ်။ ဒီနှစ်ဟာ မြန်မာနိုင်ငံက အမျိုးသမီးတွေအတွက် ပညာသင်ဆု ဖွင့်လှစ်ခဲ့တဲ့ စတုတ္ထမြောက်နှစ် ဖြစ်ပါတယ်။ ပညာသင်ဆုများအကြောင်း ဒီကနေ ပိုမိုလေ့လာလိုက်ပါ။
ပညာသင်ဆု အစီအစဉ်တစ်ရပ်ကို ဘာကြောင့်ရွေးချယ်သင့်လဲ။
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ရဲ့ အချက်အလက်များအရ ကမ္ဘာ့ သုတေသနပညာရှင်များ၏ ၃၀ ရာခိုင်နှုန်းအောက်သည် အမျိုးသမီးများဖြစ်ကြပြီး အဆင့်မြင့်ပညာရေးတွင် ကျောင်းသူများ၏ ၃၀ ရာခိုင်နှုန်းသည်သာ STEM ဆိုင်ရာ နယ်ပယ်များကို ရွေးချယ်ကြပါတယ်။
ကမ္ဘာတစ်ဝှမ်း ကျောင်းသူများ ကျောင်းအပ်နှံမှုသည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (သုံးရာခိုင်နှုန်း)၊ သဘာဝသိပ္ပံ၊ သင်္ချာနှင့် စာရင်းအင်း (ငါးရာခိုင်နှုန်း) နှင့် အင်ဂျင်နီယာ၊ ကုန်ထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေး (ရှစ်ရာခိုင်နှုန်း) ဘာသာရပ်များတွင် သိသိသာသာ နိမ့်ပါးလျက်ရှိပါတယ်။
STEM နယ်ပယ်ရှိ အမျိုးသမီးများအား ပညာသင်ပေးခြင်း၊ သင်တန်းပေးခြင်းနှင့် အလုပ်အကိုင်ခန့်အပ်ခြင်းသည် အလုပ်ခွင်တွင် စုံလင်ကွဲပြားမှုကို တိုးမြင့်စေခြင်း၊ ကွဲပြားသည့် အမြင်နှင့် အကြံအစည်များကို ဆောင်ကျဉ်းနိုင်ခြင်းနှင့် အဖွဲ့အစည်းများကို ယှဉ်ပြိုင်မှုအသာစီးရရှိစေခြင်းတို့ဖြင့် ပိုကောင်းသည့် သိပ္ပံဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ ရလဒ်များကို ဦးတည်နိုင်စေပါတယ်။
အရည်အချင်းပြည့်မီမှု စံသတ်မှတ်ချက်
* အရည်အချင်းပြည့်မီမှု စံသတ်မှတ်ချက် အပြည့်အစုံကို အောက်ပါ စာရွက်စာတမ်းကဏ္ဍတွင် ရယူနိုင်ပါတယ်။
ကျွန်တော်တို့ဟာ ယခုကဲ့သော အမျိုးသမီးများ သို့မဟုတ် အမျိုးသမီးဟု သတ်မှတ်ခြင်းခံထားရသူများကို ရှာဖွေနေပါတယ်-
• ယူကေတွင် ၂၀၂၄-၂၀၂၅ စက်တင်ဘာ/အောက်တိုဘာမှ စသည့် ပညာသင်နှစ်အတွက် တက္ကသိုလ် ပညာသင်ယူနိုင်သူ။
• ငွေကြေးအထောက်အပံ့လိုအပ်ချက်ကို ထုတ်ဖော်ပြသနိုင်သူ။
• ယူကေ တက္ကသိုလ်တစ်ခုခုတွင် ကြိုတင်ရွေးချယ်ထားသော ဘွဲ့လွန်ပညာသင်တန်းများထဲမှ တစ်ခုခုအား ဝင်ရောက်နိုင်ရန် ဘွဲ့ကြိုဒီကရီတစ်ရပ် ရရှိပြီးသူ (မဟာဘွဲ့အတွက်)။
• ယူကေတက္ကသိုလ်တစ်ခုခုတွင် ဘွဲ့လွန်ပညာသင်ယူရန်အတွက် လိုအပ်သော အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု ရရှိနိုင်သူ။
• ၎င်းတို့၏ ဘာသာရပ်နယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံဖြင့် သို့မဟုတ် ခိုင်လုံသော စိတ်ပါဝင်စားမှုဖြင့် နယ်ပယ်အတွင်း တက်ကြွစွာပါဝင်နေသူ။
• ၎င်းတို့၏ ပညာသင်ယူမှုအတွက် စိတ်အားထက်သန်ပြီး ကတိပြုထားသည့်အတိုင်း ဗြိတိသျှကောင်စီ ပညာသင်ဆုရ ပညာသင်ဟောင်းများနှင့် ချိတ်ဆက်ဆောင်ရွက်လိုသူ။
သင် အောက်ပါအချက်နှင့် တိုက်ဆိုင်လျှင် STEM နယ်ပယ်မှ အမျိုးသမီးများ ပညာသင်ဆုအတွက် အရည်အချင်းမပြည့်မီပါ -
• ဗြိတိန်နိုင်ငံသားအဖြစ် နိုင်ငံသားခံယူထားခြင်း။
• ဘုရင်မကြီး၏ အစိုးရ (ဗြိတိသျှသံရုံးများ/အဆင့်မြင့်ကော်မရှင်ရုံးများ၊ စီးပွားရေး၊ စွမ်းအင်နှင့် စက်မှုလုပ်ငန်းမဟာဗျူဟာဌာန၊ နိုင်ငံတကာကုန်သွယ်ရေးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးရုံး အပါအဝင်) ၏ ဝန်ထမ်း၊ ဝန်ထမ်းဟောင်းတစ်ဦး သို့မဟုတ် ဝန်ထမ်းတစ်ဦး၏ ဆွေမျိုးသားခြင်း (*) ဖြစ်ခြင်း။
• STEM နယ်ပယ်ရှိ အမျိုးသမီးများအတွက် ဗြိတိသျှကောင်စီ ပညာသင်ဆုများ - အရည်အချင်းပြည့်မီသည့် နိုင်ငံများ၏ ဝန်ထမ်း၊ ဝန်ထမ်းဟောင်းတစ်ဦး သို့မဟုတ် ဝန်ထမ်းတစ်ဦး၏ ဆွေမျိုးသားခြင်း (*) ဖြစ်ခြင်း။
(*)- ဆွေမျိုးသားခြင်းဆိုသည်မှာ မိဘများ သို့မဟုတ် မိထွေး/ပထွေးများ၊ တစ်အူတုံဆင်းမွေးချင်းများ သို့မဟုတ် မိဘများ၏ အိမ်ထောင်ပါသားချင်းများ၊ သား/သမီးများ သို့မဟုတ် လင်ပါ/မယားပါ သား/သမီးများ၊ အိမ်ထောင်ဖက်၊ တရားဝင်အတူနေမိတ်ဖက်၊ အတူနေမိတ်ဖက် (အတူနေစုံတွဲအနေဖြင့် အိမ်ထောင်ပြုခြင်းကဲ့သို့သော ဆက်ဆံရေးမျိုးဖြင့်သော်လည်းကောင်း၊ တရားဝင်အတူနေမိတ်ဖက်အဖြစ်သော်လည်းကောင်း အနည်းဆုံး နှစ်နှစ်ကြာ ရှိခဲ့လျှင်) စသည်တို့ဟု သတ်မှတ်ထားပါတယ်။
• ယူကေတွင် သင်၏ ပညာသင်ယူမှု အစီအစဉ်အတွက် လက်ရှိတွင် အခြားသော အရင်းအမြစ်များမှ ငွေကြေးအထောက်အပံ့ သို့မဟုတ် ရန်ပုံငွေ ရယူနေခြင်း။
• ယူကေအစိုးရထောက်ပံ့သည့် ပညာသင်ဆုတစ်ရပ်သို့မဟုတ် ယူကေအဖွဲ့အစည်းဆိုင်ရာ ပညာသင်ဆု/စတိုင်ပင်တစ်ရပ်မှ ရန်ပုံငွေဖြင့် ယူကေတွင် ယခင်က ပညာသင်ယူခဲ့ဖူးခြင်း။
ပညာသင်ဆုမှာ ဘာတွေပါဝင်လဲ။
အထင်ကရ ယူကေ တက္ကသိုလ်တစ်ခုမှာ ပညာသင်ယူရမည့် အခွင့်ထူးသာမက ပညာသင်ဆုမှာ ဒါတွေလည်း အကျုံးဝင်ပါတယ် -
• ကျောင်းလခ အပြည့်အဝ
• နေထိုင်စရိတ် စတိုင်ပင်
• ခရီးစရိတ်များ
• ဗီဇာနှင့် ကျန်းမာရေးအာမခံခများ
• IELTS အင်္ဂလိပ်ဘာသာစကားစစ်ဆေးမှုအတွက် ပြန်အမ်းငွေ(လိုအပ်ပါက)
ဘယ်လို လျှောက်ထားရမလဲ။
• လျှောက်ထားမှုများကို ပူးပေါင်းပါဝင်ထားသော တက္ကသိုလ်များသို့ တိုက်ရိုက် လျှောက်ထားရပါမယ်။
• သင်ရွေးချယ်ထားသည့် အဖွဲ့အစည်းအတွက် အောက်ဖော်ပြပါ လင့်ခ်များတွင် နှိပ်ပါ။
• တက္ကသိုလ်ဝဘ်ဆိုဒ်တစ်ခုချင်းအလိုက် လျှောက်ထားရန် လိုအပ်ချက်များကို ကြည့်ရှုပြီး ထိုမှတဆင့် သင့်လျှောက်ထားမှုကို စတင်ပြုလုပ်ရနိုင်ပါတယ်။
• လျှောက်ထားမှုကို တစ်ခုထက်ပိုပြီး လျှောက်ထားနိုင်ပါတယ်။ သို့သော် သင့်အနေဖြင့် အဖွဲ့အစည်းတစ်ခုချင်းစီမှတစ်ဆင့် သီးသန့် လျှောက်ထားရန် လိုအပ်ပါလိမ့်မယ်။
မဟာတန်းပညာသင်ဆုများအတွက် လျှောက်ထားရန် နောက်ဆုံးရက် - အဖွဲ့အစည်းအပေါ်မူတည်ပြီး ကွာခြားသည်။ အဆင်မပြေမှုများကို ရှောင်လွှဲနိုင်ရန် သင်ရွေးချယ်ထားသည့် အဖွဲ့အစည်း၏ နောက်ဆုံးရက်ကို သေသေချာချာစစ်ဆေးပါ။
လျှောက်ထားမှုမပြုမီ အရည်အချင်းပြည့်မီရန် လိုအပ်ချက်များ ကို သင်ကြည့်ရှုထားပြီး ပြည့်မီကြောင်း သေချာပါစေ။
လျှောက်ထားပြီးပါက သင့်လျှောက်ထားမှု၏ အခြေအနေအကြောင်းကို တက္ကသိုလ်ထံမှ သင် တိုက်ရိုက်ကြားသိရပါလိမ့်မယ်။