By Maria Quero, Arts University Bournemouth (AUB)

23 October 2023 - 14:24

မျှဝေပါ

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့မှာတော့ British Council ၏ “Together We Grow” ဂုဏ်ပြုအခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပါတယ်။ အဆိုပါပွဲဟာ နိုင်ငံတကာအမြင်များကို မြှင့်တင်ပေးကာ မတူကွဲပြားသော အမြင်များဖြင့် ကျောင်းသားများကို ခွန်အားဖြစ်စေအောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့တဲ့ မိတ်ဖက်များကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပပေးခဲ့တဲ့ပွဲပဲဖြစ်ပါတယ်။

ကျွန်ုပ်တို့အနေဖြင့် မိတ်ဖက်ကျောင်းများအတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာမှာ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ပြီးတော့ ကျောင်းသားများနှင့် ကျောင်းသားမိဘများ၏ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်ခဲ့တဲ့အတွက်လည်း အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အွန်လိုင်းဘေးကင်းရေးဆိုင်ရာအရင်းအမြစ်များ ထောက်ပံ့ပေးခဲ့ပြီးတော့လည်း လုံခြုံစိတ်ချရတဲ့ သင်ယူမှုပတ်ဝန်းကျင်ကို သေချာစွာဖန်တီးနိုင်ဖို့အတွက်လည်း လုပ်ဆောင်ပေးခဲ့ပါတယ်။

သင်ရိုးညွှန်းတမ်းပြင်ပလှုပ်ရှားမှုများနှင့် ကမ္ဘာလုံးဆိုင်ရာပြိုင်ပွဲများ ကျင်းပပေးသည်အထိ ကျောင်းသားများကို ပြောင်းလဲမှုမြန်ဆန်တဲ့ အနာဂတ်ဆီသို့ လျှောက်လှမ်းနိုင်အောင် ကူညီဆောင်ရွက်ပေးဖို့ဟာ ကျွန်ုပ်တို့၏ ကတိကဝတ်ပဲဖြစ်ပါတယ်။ စာမေးပွဲများ ကျင်းပပေးခြင်းနှင့် အကောင့်များ စီမံခန့်ခွဲပေးခြင်းများ စသည့် အထူးထောက်ပံ့ပေးမှုများဖြင့်လဲ မိတ်ဖက်ကျောင်းများရဲ့ ပညာရေး            လမ်းကြောင်းကို အကူအညီဖြစ်စေခဲ့ပါတယ်။

ကွန်ရက်ပွဲများနှင့် ဖိုရမ်များ ကျင်းပပေးကာ အသိပညာမျှဝေခြင်းကို တိုးတက်စေပြီးတော့ သင်ကြားမှုအရည်အသွေးကို မြှင်တင်ပေးပါတယ်။ မိတ်ဖက်ကျောင်းများဟာ ကမ္ဘာ့အတွေးအမြင်ရှိတဲ့ 

ကျောင်းသားများကို ချိတ်ဆက်ပေးတဲ့အတွက် တက်ရောက်တဲ့ ကျောင်းသားများအတွက် အကျိုးရှိပြီး မိဘများအတွက် အရင်းအမြစ်များကို ထောက်ပံ့ပေးပါတယ်။

ပါတနာအသစ်များဟာ သူတို့၏ ပံ့ပိုးကူညီမှုကို အသိအမှတ်ပြု 'British Council Partner Schools' ကမ္ဗည်းပြားများကို လက်ခံရရှိခဲ့ပါတယ်။ ကျောင်းများအတွက် အွန်လိုင်း ပံ့ပိုးကူညီမှု (OSS) ပလပ်ဖောင်းဟာ အရည်အသွေးပြည့်မီတဲ့ သင်ကြားမှုအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်းကိုလည်း အသိအမှတ်ပြုခဲ့ပါသည်။

'Together We Grow' ဟာ ပူးပေါင်းဆောင်ရွက်သော ပညာရေး၏ စွမ်းအားကို အလေးပေးဖော်ပြတဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသားများကို ပြုစုပျိုးထောင်ပေးနေတဲ့ ကျွန်ုပ်တို့၏ မိတ်ဖက်ပါတနာများနှင့်အတူ ဤခရီးကို ဆက်သွားဖို့အတွက် စိတ်အားထက်သန်မှုများဖြင့် အသင့်ရှိနေပါတယ်။

https://www.britishcouncil.org/exam/partnerschools တွင် ပိုမိုလေ့လာလိုက်ပါ။