©

Mat Wright

ခြေလှမ်းသစ် မြန်မာ သည်  မျိုးဆက်သစ် မြန်မာ သုတေသနစာတမ်း မှရရှိလာသော တွေ့ရှိချက်များကို အခြေခံ၍   "ပိုမိုနက်နဲသော လေ့လာမှု"    ပြုလုပ်မည့်စာစဉ်များထဲမှ ပထမဆုံးသောသုတသေနဖြစ်ပါသည်။  ခြေလှမ်းသစ် မြန်မာ သည် လူငယ်တို့၏ လူမှုလှုပ်ရှားမှုနှင့်  နိုင်ငံရေးတွင်ပါဝင်မှုတို့တွင် ၎င်းတို့၏ ပြောင်းလဲနေသော ပတ်သက်ဆက်နွယ်မှု ကိုပိုမို နားလည်စေရန် ရည်ရွယ်ပြီး လူငယ်များနိုင်ငံရေးနှင့် လူမှုပြောင်းလဲရေးများ လုပ်ဆောင်ရာတွင်  မည်သို့ ချဉ်းကပ်ဆောင်ရွက်နေသည်ကို စမ်းစစ်လေ့လာထား ပါသည်။

မျိုးဆက်သစ်မြန်မာ သုတေသန အရ လူငယ်တို့ နိုင်ငံရေး တွင် ပါဝင်ရန် စိတ်အား ထက်သန်မှုရှိသော်လည်း အသက်အရွယ်အပိုင်းအခြား၊ ကိုယ်ပိုင် စိစစ်ဆုံးဖြတ်မှု တို့အပေါ် မိဘတို့၏ လွှမ်းမိုးမှုနှင့် လုပ်ရိုးလုပ်စဉ်များ သည်  လူငယ်များအတွက် ကျော်လွှားရခက်သော အခက်အခဲများ ဖြစ်နေကြောင်း တွေရှိခဲ့ပါသည်။   သို့သော်လည်း မြန်မာနိုင်ငံတွင်  ပြောင်းလဲနေသော လူမှုရေး နှင့် နိုင်ငံရေး လှုပ်ရှားမှုများ၊ တိုးတက်လာသောနည်းပညာအသစ်များ၊ ပြင်ပ လွှမ်းမိုးမှုများ နှင့် ဝိသေသလက္ခဏာအသစ် ပေါ်ပေါက်လာမှုများသည် လူငယ်တို့၏ လူမှုရေး နှင့် နိုင်ငံရေးပါဝင်လှုပ်ရှားမှုများကို ပြန်လည် ပုံသွင်း ပြောင်းလဲပေးလျက်ရှိပါသည်။

ခြေလှမ်းသစ် မြန်မာ  လေ့လာချက်သည် ထိုပြောင်းလဲမှုကို လူငယ်တစ်ဦးချင်းစီ၏ အတွေ့အကြုံများကို အခြေခံပြီး ဂျန်ဒါ ၊ လူမှုရေးရာအခြေအနေ၊ ကိုးကွယ်ယုံကြည်မှု၊ ဇာတိမျိုးနွယ် နှင့်ပက်သက်သော ကိစ္စရပ်များ သာမက မြန်မာနိုင်ငံအတွက်လူငယ်တို့ တွေ့မြင်လိုသည့် တိုးတက်ပြောင်းလဲမှုမျိုး အပေါ်အလေးအနက်ထား၍ အားလုံးပါဝင် ကိုယ်စားပြုသောနည်းလမ်းများ ဖြင့် စူးစမ်းလေ့လာထားပါသည်။ 

ဗြိတိသျှကောင်စီနှင့်  VSO မြန်မာ တို့မှ ယူကေနိုင်ငံခြားရေး ဓနသဟာယ နှင့် ဖွံဖြိုးရေးရုံး ၏ ကူညီ ပံ့ပိုးမှုဖြင့် ခြေလှမ်းသစ် မြန်မာအစီရင်ခံစာကို မိတ်ဆက်ပေးခွင့်ရရှိသည့်အတွက် အလွန် ဝမ်းမြောက်မိပါသည်။ ဤအစီရင်ခံစာကို မြန်မာနိုင်ငံတစ်ဝှမ်းမှလူငယ်များ၏ အနီးကပ်အကြံဉာဏ်ပေးခြင်းများနှင့်အတူ Conflict Management Consulting အဖွဲ့ မှ ပြုလုပ်ခဲ့ပါသည်။  

ခြေလှမ်းသစ် မြန်မာ နှင့်ပတ်သက်သော သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက ဒေါ်မီမီမျိုးဝင်းကို ဆက်သွယ်နိုင်ပါသည်။

မျိုးဆက်သစ်မြန်မာစာစဉ် နှင့်ပတ်သက်၍ ဤနေရာတွင်လေ့လာနိုင်ပါသည်။

မျှဝေပါ