Skills for Social Entrepreneurs (SfSE) သည် ဗြိတိသျှကောင်စီ နှင့် ၄င်း၏ လက်တွဲဖော်များက တာဝန်ယူစီစဉ်ဆောင်ရွက်လျက်ရှိသော တစ်ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းဖြစ်ပါသည်။ ၄င်းသည် လူမှုရေးနှင့် ပတ်ဝန်းကျင်၏ လိုအပ်ချက်များကို ရင်ဆိုင်နိုင်ရန် လုပ်ငန်းချဉ်းကပ်နည်းများကို အသုံးပြု၍ ၄င်းတို့၏ လူ့အဖွဲ့ အစည်းပေါ်၌ အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုရရှိစေခြင်းကို ဆောင်ရွက်ပေးသော Social enterprises (လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်း)ဟု ခေါ်သော အဖွဲ့အစည်းများကို အထောက်အပံ့ ပေးလျက်ရှိပါသည်။
SfSE ၏ ရည်ရွယ်ချက်များ
SfSE သည် ကြီးမားတဲ့ ရည်ရွယ်ချက်ရှိပြီး လက်တွေ့လုပ်ဆောင်နေသော လူမှုရေးအကျိုးပြုစီးပွားရေးလုပ်ငန်းများ၊ NGO လက်တွေ့လုပ်ဆောင်သူများ၊ ရပ်ရွာအဖွဲ့အစည်း၏ ခေါင်းဆောင်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဆောင်နေသူများနှင့် လူငယ် လူရွယ်များကို အောင်မြင်သော Social enterprises များ တည်ထောင်နိုင်ရန်အတွက် ကျွမ်းကျင်မှုဆိုင် ရာ လေ့ကျင့်မှုများနှင့် အတတ်ပညာဆိုင်ရာ လမ်းညွှန်မှုများပေးပါသည်။ ထို့အပြင် UK ၏ ကျွမ်းကျင်မှု၊ ကမ္ဘာ အနှံ့ ရည်ရွယ်ချက်ချင်းတူ ကွန်ယက်များနှင့် ငွေကြေးထောက်ပံ့မှုအခွင့်အလမ်းများအထိ ရရှိနိုင်အောင်လည်းအကူ အညီပေးပါသည်။
ဤစီမံကိန်းသည် social enterprises များကို ငွေကြေးထောက်ပံ့မှု၊ လမ်းညွှန်မှုနှင့် အထောက် အပံ့ပေးသော ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ စီးပွားရေးနှင့် လူမှုရေး၌ ရင်းနှီးမြှပ်နှံသူများနှင့် လုပ်ငန်းကို ဖက်စပ် လုပ်ဆောင်ပါသည်။
ထို့ပြင် SfSE သည် ဒေသအဆင့်၊ နိုင်ငံတော်အဆင့်နှင့် နိုင်ငံတကာအဆင့်ရှိ Social enterprices ၏ စံပုံစံနှင့် လူမှုရေးဆန်းသစ်ပြောင်းလဲမှု၊ CSR နှင့် တာရှည်ခံနိုင်သော စီးပွားရေးတိုးတက်မှုတို့ကို မြှင့်တင်ပေး သော လူထုလှုပ်ရှားမှုများ နှင့် မူဝါဒရေးရာဆွေးနွေးပွဲများကိုပါ စီစဉ်ဆောင်ရွက်ပေးပါသည်။
ဤစီမံကိန်းသည် ထိုကဏ္ဍရှိ UK ၏ အကောင်းဆုံးသော လက်တွေ့လုပ်ဆောင်မှုနှင့် အသားပေးမှု တို့ကို ပေါ်လွင်စေပြီး ပါဝင်သော နိုင်ငံများရှိ CSR ၊ လူမှုရေးဆန်းသစ်ပြောင်းလဲမှုများနှင့် Social enterprises တို့၏ တိုးတက်မှုကိုပါ အထောက်အကူပြုပါသည်။ ထိုကဲ့သို့သော အရည်အချင်းများမှတစ်ဆင့် UK ရှိ လူမှုရေး စွမ်းဆောင်ရှင်များနှင့် အဖွဲ့ဝင်နိုင်များကြား အပြန်အလှန်ဆွေးနွေးမှုများနှင့် လုပ်ငန်းကို ဖက်စပ်လုပ်ဆောင်နိုင် ရေးတို့ကို မြှင့်တင်ပေးပါသည်။
မြန်မာနိုင်ငံရှိ SfSE
SfSE ကို မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ပြီး ၄င်းသည် နိုင်ငံတွင်း၌ ပေါ်ထွက်လာမည့် Social Enterprise ကဏ္ဍနှင့် ပတ်သက်သော သုတေသနလုပ်ငန်းများနှင့် အသိမြှင့်တင်ပေး ခြင်းတို့အပေါ်တွင် အထူးအာရုံပြုပါသည်။ ဗြိတိသျှကောင်စီသည် ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်မှုနှင့် လေ့လာရေးခရီးစဉ်များကို စီစဉ်ပေးခြင်းဖြင့် လူအများသိအောင် ဆောင်ရွက်ခဲ့ပါသည်။ ထိုအစီအစဉ်များထဲတွင် ပါဝင်သော ဒေသဆိုင်ရာ လေ့လာရေးခရီးစဉ်များကြောင့် အရှေ့ အာရှနှင့် ယူကေ ရှိ Social Entrepreneurs တို့ အချင်းချင်း မျှဝေသင်ယူနိုင်ခဲ့ကြပါသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သော Social Enterprise ပညာရပ်ဆိုင်ရာဆွေးနွေးပွဲ သည် လူတိုင်းပါဝင်စီးပွား ရေး(Inclusive economic)နှင့် လူမှုရေးတိုးတက်မှုတို့ကို မြှင့်တင်အားပေးရာ၌ ပါဝင်သော Social Enterprises ၏ အခန်းကဏ္ဍပေါ်ကို ပိုမိုနားလည်နိုင်မှု ခိုင်မြဲစွာ ဖြစ်ပေါ်လာရေးကို ရည်ဆူး၍ ကျင်းပခဲ့သော ပထမဦးဆုံး သော လူထုလှုပ်ရှားမှုပွဲစဉ်ဖြစ်ပါသည်။ The Social Enterprise Mapping သည်လည်း မြန်မာနိုင်ငံရှိ ၄င်းကဏ္ဍ၏ စွမ်းရည်ကို ရည်စူး၍ ပြုလုပ်သော ပထမဦးဆုံးသော သုတေသန ဆောင်ရွက်ချက်ပင် ဖြစ်ပါသည်။
ကျွန်ုပ်တို့နှင့် လုပ်ငန်းဖက်စပ်လုပ်ဆောင်သူများ
မြန်မာနိုင်ငံရှိ Skills for Social Entrepreneurs စီမံကိန်းကို Burma Business Executives၊ Hamsa Hub၊ MMRD နှင့် PS Business School တို့နှင့် ဖက်စပ်လုပ်ဆောင်ပါသည်။
မြန်မာနိုင်ငံရှိ Skills for social Entrepreneurs နှင့်ပတ်သက်သော နောက်ထပ် အချက်အလက်များ သိရှိလိုပါ က မမီမီမျိုးဝင်းနှင့် ဆက်သွယ်ပါ။
Social Enterprise နှင့်ပတ်သက်သော British Council ၏ ကမ္ဘာအနှံ့ ဆောင်ရွက်ချက်များနှင့် သက်ဆိုင်သော သတင်းအချက်အလက်များနှင့် စိတ်ဝင်စားစရာကောင်းသော ဆောင်းပါးများနှင့်ပတ်သက်၍ သိရှိလိုပါက ကျွန်ုပ်တို့၏ Partner site, part of the Guardian's Social Enterprise network တွင် ကြည့်ရှုနိုင်ပါသည်။