လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်း အကြံပေးများ၏ ထောက်ခံချက်များကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။
အိပွင့်ရှီဇံ
လူမူအကျိုးပြုစီးပွားရေးမှန်းသေချာမသိဘဲ ပြုလုပ်ခဲ့ပေမဲ့ ဒီသင်တန်းအပြီးမှာ သင်ယူခဲ့သမျှ သင်ခန်းစာ တစ်ခုစီတိုင်းကို သင်ယူပြီးတိုင်း ကိုယ့်လုပ်ငန်းမှာ ချက်ချင်းသုံးဖြစ်ခဲ့ပါတယ်။ မြင်သာတာကတော့ ၂၀၁၆ ခုနှစ် လူမူအကျိုးပြုစီးပွားရေး စွန့်ဦးတီထွင်ရှင် ပထမဆုကို ရရှိခဲ့ပြိး ဒီလို လူမှုအကျိုးပြု စီးပွားရေးပုံစံအဖြစ် ရပ်တည်ရခြင်းအတွက်လည်း ဂုဏ်ယူပြီး ဒီပရိုဂရမ်ကို ကျေးဇူးအထူးတင်ရှိပါတယ်။
မင်းဟန်ထွန်း
ကျွန်တော်တို့ကို အချိန်တိုအတွင်းအကြံပေးများဖြစ်လာစေရန် သင်တန်းအစပြုကတည်းက အတွေ့အကြုံရှိသော သင်တန်းဆရာနှင့် အကြံပေးများက လမ်းညွန်ပေးခဲ့ပါတယ်။ ဤသင်တန်းဟာ ကျွန်တော်တို့ကို အကြံပေးများဖြစ်လာစေရန်အတွက် လိုအပ်သော အရည်အသွေးများ၊ နည်းပညာများအပြင် အကြံပေးတစ်ဦး၏ စိတ်နေစိတ်ထားများနှင့် ပြည့်ဝစေရန် ကျစ်လစ်သပ်ရပ်ပြီး စနစ်ကျသောသင်တန်းတစ်ခုဖြစ်ပါသည်။ ထို့နောက်ထိုအရည်အသွေးများနှင့် ကျွန်တော်တို့၏အတွေ့အကြုံများကိုပေါင်းစပ်ကာ Social Enterprise များရင်ဆိုင်နေရသော လုပ်ငန်းလည်ပတ်မှုဆိုင်ရာနှင့် မဟာဗျူဟာဆိုင်ရာ ပြဿနာများကို ကူညီဖြေရှင်းပေးနိုင်ခဲ့သည်။ အခက်အခဲများကို ကျွန်တော်တို့၏အရည်အချင်းဖြင့် ရင်ဆိုင်ဖြေရှင်းခွင့်ရသည့်အပြင် ရပ်ရွာအတွင်းမှ Social Enterprise များအမှန်တကယ်ရင်ဆိုင်နေရသော ပြဿနာများကို ဖြေရှင်းပေးရသည့်အတွက် ဤသင်တန်းကို အလွန်ကြိုက်နှစ်သက်ပါသည်။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်များဟာ သူတို့အတွက် အကျိုးရှိသွားတာကို မြင်တွေ့ရတာ အလွန်အားရကျေနပ်ဖွယ် ဖြစ်ပါတယ်။ Social Enterprise များဟာ လူမှုပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာအများစုကို ဖြေရှင်းနိုင်မယ့် ရေရှည်နည်းလမ်းဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ၎င်းတို့ကိုထောက်ပံ့နေသောအဖွဲ့တွင် ပါဝင်ရသည့်အတွက်လည်း ဂုဏ်ယူပါတယ်။
ဟန်နီမြင့်သောင်း
Social Enterprise Consultancy သင်တန်းဟာ စာတွေ့အပြင် အမှန်တကယ်လုပ်ငန်းလုပ်ဆောင်လျက်ရှိသော လုပ်ငန်းများအတူလက်တွေ့လုပ်ဆောင်ချက်များပါဝင်သော သင့်တင့်မျှတသော သင်တန်းဖြစ်သည်။ အကြံပေးများအနေဖြင့် ကျွန်မတို့ဟာ မြန်မာနိုင်ငံမှာရှိတဲ့ social enterprise တွေရဲ့ အခက်အခဲများကို တီထွင်ဆန်းသစ်သော နည်းလမ်းများအသုံးပြုကာ ဖြေရှင်းပေးရပါတယ်။ ဒီလိုလက်တွေ့လုပ်ဆောင်ပြီးလေ့လာရတာဟာလည်း အလွန်ကောင်းမွန်ပါတယ်။ ဒီသင်တန်းဟာ ကျွန်မရဲ့စီးပွားရေးဆိုင်ရာ အရည်အသွေးများကို လူမှုပတ်ဝန်းကျင်ကောင်းမွန်ဖို့အတွက်အသုံးပြုခွင့်ရသည့်အပြင် ပညာရှင်တဦးအနေဖြင့် ရှင်သန်ရပ်တည်နိုင်ရန်ကောင်းမွန်သော အခွင့်အရေးကို ဖန်တီးပေးခဲ့ပါသည်။ British Council နှင့်အတူ လူမှုပတ်ဝန်းကျင်အတွက် တဖက်တလမ်းမှ ကူညီထောက်ပံ့ခွင့်ရတဲ့ အတွက်အလွန်ဝမ်းသာမိပါတယ်။
နော်သက်သက်ထွန်း
ပုဂ္ဂလိကကဏ္ဍမှာဘဲ အတွေ့အကြုံများခဲ့တဲ့ သူတယောက်အနေနဲ့ Social Enterprise Consultancy Program မှာ သင်ယူလေ့လာခွင့်ရတဲ့အခါ တွေ့ကြုံသိမြင်ရတာတွေ အများကြီးရှိခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ လူမှုအကျိုးပြုစီးပွားလုပ်ငန်းများဟာ ကဏ္ဍတစ်ခုအနေနဲ့ပါဝင်လို့ရတယ်ဆိုတာ သိမြင်လာရပါတယ်။ စီးပွားရေးလုပ်ငန်းတွေကို ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကောင်းမွန်တဲ့ လူမှုအကျိုးရလာဒ်များ ရရန်အတွက်လည်း လုပ်နိုင်တယ်ဆိုတာ သိလာရပါတယ်။ စီးပွားရေးကို သမာသမတ်ကျအောင် လုပ်ဆောင်တတ်ဖို့နဲ့ အချို့စီးပွားရေးလုပ်ငန်းတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သိမြင်တတ်လာစေတဲ့ အသိဥာဏ်မျက်စိပွင့်လင်းစေတဲ့ သင်တန်း တစ်ခုပါပဲ။ အခုဆိုရင် Social Enterprise တွေကို လူမှုစီးပွားလုပ်ငန်းတွေလုပ်ရင် ရှောင်ကြဉ်နိုင်ဖို့ ပြန်လည်အကြံပေး တတ်လာပါတယ်။ လူသားတွေရဲ့အကျိုးနဲ့ကမ္ဘာမြေရဲ့ကျန်းမာလှပရေးကိုလည်း ပိုမိုသိမြင်ပြီး ပြန်လည်ဝေမျှ တတ်လာပါတယ်။ British Council ရဲ့ Social Enterprise Program က ကျွန်မကို ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ လက်တွေ့လုပ်ဆောင်နိုင်ဖို့ တွန်းအားတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။
လှဝင်းမေဦး
သင်လုပ်ဆောင်သောလုပ်ငန်းများမှာ လူမှုအကျိုးပြုချင်တယ်ဆိုလျှင်တော့ ဤသင်တန်းဟာ သင့်အတွက်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဤသင်တန်းဟာ သင့်ရည်ရွယ်ချက်များကို ပိုမိုကောင်းမွန်တဲ့နည်းလမ်းများမှတစ်ဆင့် ရောက်ရှိစေမှာဖြစ်လို့ပါ။ ဒါတင်မကပါဘူး။ ထိုလူမှုအကျိုးပြုလုပ်ငန်းများအတွက် စီးပွားရေးဆိုင်ရာ အကြံပေးမှုများပြုလုပ်နိုင်ရန် လိုအပ်သော သီအိုရီများနှင့် လက်တွေ့လုပ်ဆောင်မှုများပါ ဖြည့်တင်းပေးမှာဖြစ်ပါတယ်။
သူကြွယ်ခန့်စိုး
Social Enterprise Consultancy Training က ကျွန်နော်ရဲ့ လူတွေကို ကူညီချင်သော အိမ်မက်တွေကို လက်တွေ့ဖြစ်ခဲ့ပါတယ်...ပရဟိတ ဆို တဲ့စိတ်ရှိရုံနဲ့ မရပါဘူး...အလှူငွေပုံမှန်လိုအပ်ပါတယ်...လှူတာနဲ့မပြီးဘဲ လူမှုဘဝတွေမှာတကယ်လိုအပ်နေသော အစိတ်အပိုင်းတွေကို ရည်ရှည်ပံ့ပိုးနေဖို့ က SE ဆိုတဲ့ concept က အဖြေတစ်ခု ဖြစ်တယ်ဆိုတာ သိခဲ့ရပါတယ်... Social Enterprise Consultancy Training မှ မိမိနဲ့စိတ်တူ ရည်ရွယ်ချက်တူ မိတ်ဆွေများ ရရှိသလို မြန်မာလှုမှုအသိုင်းအ၀ိုင်းတွင် တကယ်လိုအပ်နေသော အခန်းကဏ္ဍများ အတွက် စိတ်ပါဝင်စားစွာ လုပ်ကိုင်ပေးလိုသော လူပုဂ္ဂိုလ်များ ၊ အဖွဲ့အစည်းများ နဲ့ပါ တွေ့ဆုံလေ့လာနိုင်သော အခွင့်အရေး များ နဲ့ လက်တွေ့လုပ်ဆောင်ရာတွင် တွေ့ကြုံလာနိုင်သော အခြေအနေများကို ရင်ဆိုင်နိုင်ရန် အတွက် ပညာရပ်များပါ လေ့လာမှတ်သားခဲ့ရပါတယ်… မြန်မာပြည်ရဲ့ ဖြေရှင်းဖို့လိုနေတဲ့ လူမှုစီးပွားရေး ပြဿ နာတွေကို ဖြေရှင်းဖို့ က social enterprise တွေ အများကြီး တိုးတက်များပြားလာဖို့ ကိုယ်စွမ်းညဏ်စွမ်းရှိသလောက် ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်
နန်းအေးမြဟန်ထွန်း
Social Enterprise Consultancy သင်တန်းဟာ ကျွန်မရဲ့ လက်ရှိအရည်အချင်းများကို အသုံးပြုကာ တိုးတက်အောင်လုပ်ဆောင်ခွင့်ရသည့်အပြင် သင်တန်းများ၊ လက်တွေ့အကြံပေးပရောဂျက်များမှတဆင့် အရည်အသွေးသစ်များကို ရရှိစေခဲ့ပါတယ်။ ဤသင်တန်းဟာ သင်ခန်းစာမြောက်မြားစွာကို အလျင်အမြန်သင်ယူရသော သင်တန်းတစ်ခုဖြစ်သော်လဲ ကိုယ်ရည်ကိုယ်သွေးးနှင့် ပညာရှင်ဆိုင်ရာအရည်အသွေးများကို တိုးတက်စေရန် အခွင့်အရေးများစွာ ဖန်တီးပေးနိုင်ပါတယ်။ မတူကွဲပြားသော နယ်ပယ်အသီးသီးမှ အတန်းဖော်အကြံပေးများ၊ အကြံပေးဆရာများနှင့် အတူတကွပူးပေါင်းဆောင်ရွက်ရခြင်း၊ မြန်မာနိုင်ငံရှိ Social Enterprise များအား လက်တွေ့လေ့လာတွေ့ကြုံရခြင်းအပြင် Social Enterprise များ မြန်မာနိုင်ငံတွင် တိုးတက်လာစေရန်အတွက် အထောက်အကူပြုရခြင်းဟာ ဝမ်းသာပီတိဖြစ်ဖွယ်ဖြစ်ပါတယ်။
စိုးမြာ
British Council’s Skills for Entrepreneurs သင်တန်းဟာ မြန်မာနိုင်ငံတွင် အရည်အသွေးပြည့်ဝသော social enterprise လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေရန်အတွက် ဖန်တီးထားသော သင်တန်းကောင်းတစ်ခုဖြစ်သည်။ လက်တွေ့အတွေ့အကြုံများမှသင်ယူရခြင်း၊ လေးစားဖွယ် အကြံပေးဆရာများ၏ ပညာရပ်ဆိုင်ရာ အရည်အသွေး၊ ပြီးပြည့်စုံသော သင်ကြားမှုပတ်ဝန်းကျင်တွင် လေ့လာသင်ယူရခြင်းများကြောင့် ဤသင်တန်းတက်ရောက်ရခြင်းကြောင့် အကျိုးကျေးဇူးများစွာ ရရှိပါသည်။ ကျွန်မအတွက် အကျိုးရှိဆုံးကတော့ သင်တန်းသားလုပ်ဖော်ကိုင်ဖက်များ မှတဆင့် ကျွန်မတို့ရဲ့ ပြည်တွင်း၊ ပြည်ပ စီးပွားရေးကွန်ရက်များကို ချဲ့ထွင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
မျိုးခင်
British Council မှဖွင့်လှစ်သော Social Enterprise Consultancy သင်တန်းတက်ရောက်ခွင့်ရခြင်းမှ အလွန်ကောင်းမွန်တဲ့ လေ့လာသင်ယူခွင့်ရရှိခဲ့ပါတယ်။ ဤသင်တန်းဟာ လုပ်ငန်းစီမံကိန်းရေးဆွဲခြင်း၊ အရောင်းမြှင့်တင်ခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာစီမံကိန်းရေးဆွဲခြင်းနှင့် ပတ်သက်သော သီအိုရီနှင့် လက်တွေ့ပြုလုပ်မှုများ ပါဝင်ပါတယ်။ထို့အပြင် လက်ရှိ Social Enterprise များကို သွားရောက်ခွင့်ရခြင်းဖြင့် လက်တွေ့အတွေ့အကြုံများ ရရှိခဲ့ပါသည်။
Social Enterprise Consultancy သင်တန်းတက်ရောက်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ ပိုမိုထိရောက်စွာလုပ်ပြီး မျှော်မှန်းချက်များကို ရရှိနိုင်မည်ဟု ယုံကြည်ပါသည်။ မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်သော ပြောင်းလဲမှုများကို အထောက်အကူပြုမှာဖြစ်တဲ့အတွက် သင်မည်သည့် အတွေ့အကြုံ၊ အရည်အချင်းနှင့် ပြည့်စုံသည်ဖြစ်စေ Social Enterprise Consultanty သင်တန်းအားတက်ရောက်ရန်အကြံပြုချင်ပါတယ်။
ဝါဝါမင်း
Social Enterprise များဟာ ၎င်းတို့ရဲ့ စီးပွားရေးဆိုင်ရာ ရည်ရွယ်ချက်များအပြင် လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုစေခြင်း လူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးစေခြင်းစသော အကျိုးကျေးဇူးများစွာရရှိပါသည်။ နိုင်ငံ၏စီးပွားရေး တိုးတက်မှုအားလည်း အထောက်အကူပြုပါသည်။ Social Enterprise Consultancy အဖွဲ့တွင်ပါဝင်ကာ ကျွန်မရဲ့ အသိပညာနှင့်အတွေ့အကြုံများကို မြန်မာနိုင်ငံရှိ social enterprise များ တိုးတက်မှုအတွက် မျှဝေခွင့်ရတဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ်။ ထို့အပြင် သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများမှလည်း တန်ဖိုးရှိသော ဗဟုတုတများရရှိသည့်အပြင် အတွေ့အကြုံရှိသော အကြံပေးများ၊ ကူညီရိုင်းပင်းသော လုပ်ဖော်ကိုင်ဖက်များနှင့် တွဲဖက်လုပ်ကိုင်ခွင့်ရတဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။
မျိုးသန်းထွန်း
လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်း (Social Enterprise) ဆိုတာ စီးပွားရေး model တစ်ခု အခြေံခံပြီး လူမှုရေးရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်တယ်ဆိုတာသိလိုက်ရတော့ အရင်ကတည်းက လူမှုဖွံဖြိုးရေးလုပ်ငန်းတွေကို ထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်မယ့် နည်းလမ်းတွေကို စိတ်ဝင်စားတဲ့အတွက် ဒီ SE consultancy program ကို ပါဝင်ခဲ့တာပါ။ မကြာသေးခင်ကလဲ ယူကေက အောင်မြင်နေသော SE အချို့ကို သွားရောက်လေ့လာခွင့်ရခဲ့ပြီး သက်ဆိုင်ရာ လူမှုအသိုင်းအဝိုင်းအပေါ်/ ယဉ်ကျေးမှုနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်တွေအပေါ် အထူးသဖြင့် လူငယ်ထုအပေါ် သူတို့ရဲ့အကျိုးသက်ရောက်မှုတွေကို မျက်ဝါးထင်ထင်ကြုံ့တွေ့လေ့လာလိုက်ရတော့ စိတ်ဝင်စားမှု ပိုအားကောင်းလာပါတယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု ရဲ့ အပြောင်းအလဲအသစ်တစ်ခုကို စတင်နေချိန်မှာ SE တွေက နည်းလမ်းအမျိုးမျိုးနဲ့ အထောက်အကူပေးနိုင်မယ်လို့လဲပိုယုံကြည်လာတယ်။
ဒါကြောင့် မြန်မာပြည်ရဲ့လက်ရှိနဲ့နောက်ပေါ်ထွက်လာမယ့် SE တွေအတွက် ပိုမိုကောင်းမွန်တဲ့ အကူအညီ အကြံဥာဏ်တွေပေးနိုင်အောင် ပိုကြိုးစားသွားမှာပါ။ အခြားစိတ်ဝင်စားသူများကိုလည်း ဒီ consultancy program ကိုပါဝင်ပြီး မြန်မာပြည်ရဲ့ ကောင်းမွန်သော အပြောင်းအလဲအတွက် ဝိုင်းဝန်းအကောင်အထည်ဖော်ဖို့ ဖိတ်ခေါ်လိုပါတယ်။
သဉ္ဇာမောင်
ယခုလို လူမှုအကျိုးပြုစီးပွားရေး လုပ်ငန်း(Social Enterprise) အကြံပေးအစီအစဉ်မှာ ပါဝင်ခွင့်ရတာ ကျွန်မအတွက် ကြီးမားသော အခွင့်အလမ်းဖြစ်ခဲ့ပါတယ်။ သီအိုရီသာမကဘဲ လက်တွေ့ကျကျနည်းလမ်းများဖြင့် သင်ကြားပေးခြင်းခံခဲ့ရတယ်။ ဒါ့အပြင် ရပ်ရွာထဲက စီးပွားရေးလုပ်ငန်းအမျိုးမျိုးတို့အား လက်တွေ့အကြံပေးလုပ်ငန်းများပေးနိုင်သည့်အခွင့်အလမ်းများမှတစ်ဆင့် မိမိတို့ဗဟုသုတနယ်ပယ်ကို ချဲ့ထွင်ခွင့်ရခြင်း၊ နယ်ပယ်အမျိုးမျိုးမှာ လုပ်ကိုင်နေကြတဲ့ လုပ်ဖော်ကိုင်ဖက် အကြံပေးများနဲ့ ထိတွေ့ဆက်စပ်ခွင့် (Network) ရခြင်း စသည်ဖြင့်ပေါ့။ ဒါကြောင့် ယခုလို ကောင်းမွန်တဲ့ SE အကြံပေးအစီအစဉ်မျိုးကို ထပ်မံချဲ့ထွင်ခြင်းအားဖြင့် ပိုမိုများပြားသော လူမှုအကျိုးပြုစီးပွားရေး လုပ်ငန်းများကို ပိုမိုကူညီနိုင်မှာဖြစ်ပါတယ်။
ငွေဇမှုန်
Social Enterprise Consultancy သင်တန်းတွင် ထူးချွန်သောသင်ပြမှု၊ ဖြစ်ရပ်များကို လေ့လာခြင်း (case studies) နှင့် လက်တွေ့ လေ့လာသင်ကြားမှုများကို အလေးပေးသော သင်ကြားမှုပုံစံများမှ social enterprises များအကြောင်းအသေးစိတ် ဗဟုသုသများစွာ ရရှိပြီး အကြံဉာဏ်အသစ်များပေါ်ထွန်းကာ အလွန်အားရတက်ကြွဖွယ်ကောင်းသောသင်တန်းဖြစ်သည်။ လက်တွေ့အကြံပေးကွင်းဆင်းမှုများမှာ ကျွန်တော့်အတွက် အလွန်ပင်အသုံးဝင်ပါတယ်။ ဤသင်တန်းမှ မည်သည့် နောက်ခံအတွေ့အကြုံနှင့် ဗဟုသုတရှိသူမဆို အကျိုးများစွာရရှိမယ်လို့ ယုံကြည်ပါတယ်။
(The Backyard Co., Ltd. ဟာ မြန်မာနိုင်ငံအတွင်းတွင် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော စွန့်စားသွားလာမှု (အထူးသဖြင့် ချင်းပြည်နယ်အတွင်း) ခရီးစဉ်များကိုစီစဉ်ပေးပါသည်။ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအတွင်း ရည်ရှည်တည်တံ့၍ တာဝန်သိသော ခရီးသွားလာမှုဖွံ့ဖြိုးတိုးတက်လာစေရန်ဖြစ်သည်။)
ဝေယံစိုး
လူမှုအကျိုးပြုစီးပွားရေး လုပ်ငန်း(Social Enterprise) အကြံပေးအစီအစဉ်ကို ဗြိတိသျှကောင်စီမှ စီစဉ်ပံ့ပိုးခြင်းဟာ ကျွန်တော်တို့ရဲ့ဖွံ့ဖြိုးဆဲနိုင်ငံအတွက် လွန်စွာပင် အကျိုးထိရောက်မှုရှိစေပါတယ်။ ကျွန်တော့်အနေနဲ့လည်း ဝေးလံသောရပ်ရွာများမှ လူမှုအကျိုးပြုစီးပွားရေး လုပ်ငန်းများ၏ အသိဥာဏ် ဗဟုသုတများ ပွင့်လင်းလာရေးအတွက် ကူညီခြင်းကို ဗြိတိသျှကောင်စီ၏ SE Consultancy အစီအစဉ်မှတစ်ဆင့် ပါဝင်ခွင့်ရရှိတဲ့အတွက်များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
ခိုင်ခိုင်ဝင်းသိန်း
လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်း အကြံပေး တစ်ယောက်ရဲ့ တာဝန်ဟာ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို စီးပွားရေးလုပ်ငန်းတွေမှာ အသုံးပြုတဲ့ နည်းစနစ်တွေနဲ့ လိုက်လျောညီထွေ အသုံးပြုနိုင်အောင် အကူအညီပေးဖို့ဘဲ ဖြစ်ပါတယ်။ အဲဒီလို ကူညီဖို့ အတွက် လိုအပ်တဲ့ အရည်အချင်းတွေ ဖြစ်တဲ့ စီးပွားရေးစီမံကိန်း ရေးဆွဲနိုင်အောင် လေ့ကျင့်ပေးခြင်း၊ အားသာချက်၊ အားနည်းချက် (SWOT Analysis) များကို သင်ကြားလေ့ကျင်ပေးခြင်း၊ မားကက်တင်းနဲ့ ပက်သက်တဲ့ အခြေခံ သဘောတရားတွေကို သင်ကြားပေးခြင်း၊ ငွေရေးကြေးရေး အခြေခံ သဘောတရားတွေကို လက်တွေ့ အသုံးချနိုင်စေရန် လေ့ကျင်ပေးခြင်း စတာတွေကို သင်ကြားပေးတဲ့အပြင် သင်တန်းကာလအတွင်းမှာလည်း စီးပွားရေးလုပ်ငန်းတစ်ခုကို လက်တွေ့အကြံပေးလုပ်ဆောင်ခဲ့ရတဲ့ အတွက် စာတွေ့နဲ့ လက်တွေ့ ပေါင်းကူးပေးတဲ့ ဗြိတိသျှကောင်စီရဲ့ Social Enterprise Consultant Programme မှာ အရွေးချယ်ခံရပြီင်္း ပါဝင်မိတာကို အမြဲ ဂုဏ်ယူနေမိပါတယ်။