လက်ရှိ Covid-19 အခြေအနေကြောင့် ယူကေနိုင်ငံတစ်ဝှမ်းရှိ အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းများကို ပိတ်ထားရပါသည်။ တုံ့ပြန်မှုအနေနှင့် ယူကေအနုပညာရှင်များနှင့်အဖွဲ့အစည်းများဖြစ်သည့် ပြဇာတ်ရုံများ၊ ပြတိုက်များ၊ ပြခန်းများ၊ ပွဲတော်များနှင့် ကျင်းပရာနေရာများသည် ၎င်းတို့၏ ဖန်တီးမှုလက်ရာများကို အွန်လိုင်းပေါ်တွင် ကြည့်ရှုနိုင်အောင် ထုတ်လွှင့်လျက်ရှိပြီး လူမှုမီဒီယာများနှင့် အခြားသောအွန်လိုင်းပလက်ဖောင်းများအသုံးပြုပြီး အွန်လိုင်းမှတဆင့် ပရိသတ်များနှင့် ပါဝင်ချိတ်ဆက်မှုကို တိုးချဲ့လျက်ရှိပါသည်။ အောက်တွင်ဖော်ပြထားသော အခမဲ့အစီအစဉ်များတွင် ပျော်ရွှင်စွာပါဝင်နိုင်ပါသည်။
ဗီဒီယိုများမှတဆင့် ယူကေယဉ်ကျေးမှုကိုလေ့လာပါ
ကျွန်ုပ်တို့၏ဗီဒီယိုအတိုများမှတဆင့် ယူကေအနုပညာနှင့်ယဉ်ကျေးမှုအကြောင်းကို လေ့လာနိုင်ပါသည်။ ကျွန်ုပ်တို့၏ကိုယ်ပိုင်အွန်လိုင်းပလက်ဖောင်းဖြစ်သော The English Channel သည် အင်္ဂလိပ်စာတိုးတက်စေရန်အတွက် အပြန်အလှန်လုပ်ဆောင်မှုများနှင့် ပေါင်းစပ်ထားသော ရုပ်ရှင်၊ တေးဂီတနှင့်လူနေမှုပုံစံဗီဒီယိုများစသည်တို့ ပါဝင်ပါသည်။
ဂျော်ဂျီယာ၊ တူရကီ၊ ယူကရိန်းနှင့် ယူကေနိုင်ငံမှ အနုပညာရှင်များ၏လက်ရာများကို ပြသထားသည့် ကျွန်ုပ်တို့၏နောက်ဆုံးပေါ်ဒီဂျစ်တယ်ပြပွဲရှိပါသည်။ ဤပြပွဲတွင် လည်ပတ်ပြီး ခေတ်သစ်ကမ္ဘာတွင် လူသားဖြစ်ရခြင်း၏ အဓိပ္ပာယ်ကိုလေ့လာလိုက်ပါ။
ဗြိတိသျှကောင်စီ၏စုဆောင်းမှုကို စူးစမ်းလေ့လာပါ
ဗြိတိသျှကောင်စီစုဆောင်းမှုတွင် ကမ္ဘာကျော်အနုပညာရှင်များဖြစ်သော Henry Moore၊ Barbara Hepworth, Bridget Riley, Gilbert and George၊ Anish Kapoor၊ Mona Hatoum, Damien Hirst The Collection နှင့် များစွာသောအနုပညာရှင်များ လက်ရာများပါဝင်ပါသည်။ ပန်းချီနှင့်ပန်းပုမှသည်ပုံနှိပ်ခြင်း၊ ဓာတ်ပုံ၊ တပ်ဆင်ခြင်းနှင့် မီဒီယာအသစ်များအထိ အမျိုးမျိုးသောအနုပညာပုံစံများဖြင့် ခေတ်ပြိုင်ဗြိတိသျှအစဉ်အလာများ၏ အကောင်းဆုံးအရာများကို ပြသထားပါသည်။