©

British Council

သင်သည် ကလေးများနှင့် အိမ်တွင်အချိန်များစွာ ကုန်ဆုံးလေ့ရှိပါက အတူတကွပြုလုပ်နိုင်သည့် လုပ်ဆောင်မှုများအတွက် ကျွန်ုပ်တို့တွင် အကြံဥာဏ်များရှိပါသည်။

ဂိမ်းများ၊ သီချင်းများနှင့် ပုံပြင်များ

အိမ်ထဲတွင်သာနေခြင်းသည် ပျော်စရာများမရှိတော့ခြင်းမဟုတ်ပါဘူး။  ကျွန်ုပ်တို့၏ LearnEnglish Kids ဝက်ဗ်ဆိုဒ်နှင့်အတူ သီချင်းများဆိုခြင်း၊ ဂိမ်းများကစားခြင်း (သို့မဟုတ်) ပုံပြင်များ/ကလေးများအတွက် နတ်သမီးပုံပြင်များ ကြည့်ရှုခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ ဤအရာများသည် သင့်ကလေးအား နာရီပေါင်းများစွာဖျော်ဖြေ‌ပေးနိုင်ရုံသာမက ဝေါဟာရများကြွယ်ဝပြီး အင်္ဂလိပ်စာအလေ့အကျင့်ဖြစ်စေရန် ကူညီပေးမှာပါ။ 

How-to ဗွီဒီယိုများ

သင့်ကလေးများအား ကျွန်ုပ်တို့၏ ‘how-to ဗွီဒီယို’ များကြည့်ရှုစေပြီး ၄င်းတို့၏ ဖန်တီးနိုင်စွမ်းများကို လမ်းဖွင့်ပေးလိုက်ပါ။ မျက်လှည့်ပညာလှည့်ကွက်များပြုလုပ်ခြင်း၊ အချိန်ပြောနည်းများကိုလေ့လာခြင်းအစရှိသည်တို့ဖြင့် မိနစ်တိုင်း သင့်က‌လေး‌ပျော်ရွှင်နေမှာပါ။ အသစ်များလေ့လာနေသည်နှင့်အမျှ ၄င်းတို့၏ မိမိကိုယ်ကိုယုံကြည်မှုသည်လည်း တိုးတက်လာမည်ဖြစ်ပါသည်။ 

Timmy နှင့်အတူ အင်္ဂလိပ်စာလေ့လာခြင်း

ငယ်ရွယ်သောလေ့လာသူများသည် YouTube ကိုအသုံးပြုပြီး Timmy နှင့်အတူ အင်္ဂလိပ်စာလေ့လာရခြင်းကို ကြိုက်နှစ်သက်ကြပါသည်။ ကျွန်ုပ်တို့၏ Timmy နှင့်သူ၏သူငယ်ချင်းများအကြောင်း အခမဲ့ YouTube စီးရီးတွင် ကလေးငယ်များသည် ၄င်းတို့၏ ဖန်တီးနိုင်စွမ်းနှင့် စိတ်ကူးစိတ်သန်းများဖွံ့ဖြိုးနေစဉ်အတွင်း စကားလုံးအသစ်များကို ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်ပါသည်။

ချိတ်ဆက်လျက် ရှိနေပါ

ကျွန်ုပ်တို့နှင့် ချိတ်ဆက်မှုရှိနေလိုပါက ကျွန်ုပ်တို့ထုတ်ပြန်သောသတင်းများကို ရယူပါ။ ကျွန်ုပ်တို့၏ Facebook စာမျက်နှာတွင်လည်း သတင်းများရယူနိုင်ပါသည်။ 

ယဉ်ကျေးမှုနှင့် သင်ယူခြင်းကို ကြိုက်နှစ်သက်သူများအတွက် ပိုမိုအားကောင်းပြီးကြီးမားသောအသိုင်းအဝိုင်းကို ကျွန်ုပ်တို့တည်ဆောက်လိုပါသည်။ ထိုကြောင့် ကျွန်ုပ်တို့အားလုံးအတူချိတ်ဆက်‌ဆောင်ရွက်နေကြပါသည်။

မျှဝေပါ