ဒစ်ဂျစ်တယ် စာကြည့်တိုက်အား မြန်မာနိုင်ငံတစ်ဝှမ်း နေရာတိုင်းမှ အသုံးပြုနိုင်ပါသည်။ အသင်းဝင်တစ်ယောက်အနေဖြင့် ကမ္ဘာ့အဆင့်မီ မှီငြမ်းစာအုပ်စာတမ်းကိုအလွယ်တကူ ဖတ်ရှုနိုင်ပြီး အွန်လိုင်းမှ သင်ယူစရာ အရင်းအမြစ်များ အပါအဝင် ebook များ၊ အသံဖိုင်ပါဝင်သောစာအုပ် (audiobook) များကို နေ့တိုင်းအချိန်တိုင်း ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါသည်။
ထိုမျှမကသေးဘဲ ဒစ်ဂျစ်တယ် စာကြည့်တိုက် အသင်းဝင်များသည် ကမ္ဘာတစ်ဝှမ်းမှ မဂ္ဂဇင်းများ၊ သတင်းစာများ၊ ရုပ်ပြကာတွန်းများ နှင့် ဝတ္ထုများစွာကိုပါ အသုံးပြုခွင့်ရရှိမှာဖြစ်ပါသည်။
ဗြိတိသျကောင်စီ Digital Library ၏ ထောင်ပေါင်းများစွာသော digital resource များကို 'MyLoft' Digital Library mobile application တစ်ခုတည်းကို အသုံးပြု၍အလွယ်တကူ ဖတ်ရှု၊ နားထောင်၊ ကြည့်ရှုနိုင်ပါသည်။ MyLoft application အသုံးပြုပုံနှင့် Digital Library ရဲ့ Resources တွေ အကြောင်းကို ဤနေရာတွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
ဒစ်ဂျစ်တယ် စာကြည့်တိုက် အသင်းဝင်များသည် အောက်တွင် ဖော်ပြထားသော သင်ယူခြင်းနှင့် ဖျော်ဖြေရေး ဆိုင်ရာ မှီငြမ်းစရာများကို အပြည့်အဝ အသုံးပြုနိုင်မည် ဖြစ်သည်။
မဂ္ဂဇင်းများနှင့် သတင်းစာများ
ကမ္ဘာတစ်ဝှမ်းရှိ မျက်မှောက် ရေးရာများ၊ နည်းပညာ၊ စီးပွားရေး၊ ငွေကြေးဆိုင်ရာ ပြသနာများအကြောင်း ထုတ်ဝေထားသော သတင်းစာနှင့် မဂ္ဂဇင်းပေါင်း ၆ဝဝဝ ကျော် သာမက ကလေးသူငယ်များအတွက် မဂ္ဂဇင်းများပါ ရှိပါသည်။
Ebooks and audiobooks
ရသစာပေမှစ၍ ပြဇာတ်များ၊ သုတစာပေ၊ ဘဝအရည်အသွေး တိုးတက်စေသော စာပေများအထိစာအုပ်ပေါင်း ၂၅၀၀ ကိုဖတ်ရှုနိုင်ရုံမျှမက နားထောင်နိုင်ပါသည်။
ရုပ်ပြကာတွန်းများ
ပင့်ကူလူသား၊ စွမ်းအားရှင်များ၊ X-Men, Transformers, G.I. Joe Star Trek, and Ghostbusters အစရှိသည့် ၂၀၀၀ ကျော်သော ရုပ်ပြကာတွန်းများကို သင့်၏ မိုဘိုင်းဖုန်း၊ ကွန်ပြူတာဖန်သားပြင်၊ tablet၊ laptop များမှတဆင့် ဖတ်ရှုလိုက်ပါ။
Hoonuit ဗီဒီယိုအခြေပြု ဆော့ဖ်ဝဲလ် လေ့ကျင့်မှု အွန်လိုင်းသင်တန်း
Microsoft Office၊ Adobe Creative Suite၊ Google Docs နှင့် iPad အစရှိသည်တို့ပါဝင်သည့် ရာနှင့်ချီသော ဆော့ဖ်ဝဲလ် applications များ၊ devices များ တွင် အသုံးပြုနည်း သင်တန်းများပါဝင်ပါသည်။
ပညာရေး အထောက်အကူပြု စာအုပ်များ
Ebook Central တွင် ခွင့်ပြုချက်ရ သတင်းအချက်အလက်များ၊ ပညာရေးဆိုင်ရာ ဘာသာရပ် ဧရိယာများအားလုံး နှင့် သက်ဆိုင်သော eBooks များအား လွယ်လင့်တကူ ရှာဖွေလေ့လာနိုင်ပါသည်။
ရုပ်ရှင်နှင့်တီဗီအစီအစဉ်
ထောင်ပေါင်းများစွာသော ချီးကျူးဂုဏ်ပြုခံထားရသည့် ရုပ်ရှင်များနှင့် တီဗွီအစီအစဉ်များအပြင် ကလေးများအတွက် ရုပ်ရှင်များ၊ ပုံပြင်များနှင့်ကဗျာများကိုလည်း ကြည့်ရှုနိုင်ပါသည်။