ကျွန်ုပ်တို့၏ စာကြည့်တိုက်နှင့် သတင်းဌာနသည် ယူကေနိုင်ငံနှင့်ပတ်သက်၍ သင် သိရန်လိုသောအရာအားလုံးကိုရှာဖွေတွေ့ရှိနိုင်ရန် အကောင်းဆုံး စတင်ရန်နေရာဖြစ်ပါသည်။ သင်သည် မြောက်များလှသော စာအုပ်များ၊ ရုပ်ရှင်ကားများကို နှစ်သက်ခံစားနိုင်မည့်အပြင် သင်၏ အင်္ဂလိပ်စာ တိုးတက်စေရန်ပြုလုပ်ခြင်းဖြင့် နိုင်ငံတကာအသိအမှတ်ပြု ယူကေစာမေးပွဲများကို ဆက်လက် ဖြေဆိုရာတွင် အထောက်အကူရမည် ဖြစ်သည်။
ကျွန်ုပ်တို့၏ အသင်းဝင်များသည် စာအုပ်ပေါင်း ၃၀,၀၀၀ ကျော်၊ ဒီဗွီဒီပေါင်း ၃,၀၀၀ နှင့်အတူ အခကြေးငွေပေးစရာမလိုသည့် wi-fi အင်တာနက်ဝန်ဆောင်မှုလည်းရရှိမည် ဖြစ်သည်။ ငယ်ရွယ်သော လေ့လာသူများအတွက် တစ်နိုင်ငံလုံးတွင် အပြည့်စုံဆုံးသော ကလေးစာကြည့်တိုက်လည်း ရှိနေပါသည်။ စာကြည့်တိုက်ရှိ စာအုပ်များအား အွန်လိုင်း catalogue မှတဆင့် ဝင်ရောက် စစ်ဆေးကြည့်နိုင်ပါတယ်။
စာကြည့်တိုက်အသင်းဝင်များနှင့် သင်ကြားရေးဌာနရှိ ကျောင်းသားများအတွက် ဖွင့်လှစ်ပေးထားသည့် Self Access Center သည် ရန်ကုန်မြို့တွင် အပြည့်စုံဆုံးသော ဘာသာစကားလေ့လာရေးစင်တာဖြစ်သည်။ နားထောင်ခြင်း သင်ခန်းစာများနှင့်အတူ အင်္ဂလိပ်သဒ္ဒါ၊ ဘာသာစကား စွမ်းရည်များနှင့် Cambridge တက္ကသိုလ်စာမေးပွဲ ပြင်ဆင်ခြင်းတို့နှင့် သက်ဆိုင်သည့် ရည်ညွှန်းစာအုပ် ၅၀၀၀ ကျော်ထားရှိပါသည်။