မန္တလေးတွင်ရှိသော ဗြိတိသျှကောင်စီ စာကြည့်တိုက်သည် သင်၏ အင်္ဂလိပ်စာ တိုးတက်စေလိုလျှင်ဖြစ်စေ၊ ယူကေစာမေးပွဲများအတွက် ပြင်ဆင်လိုသည်ဖြစ်စေ၊ ယူကေနိုင်ငံအကြာင်းနှင့် ပညာရေးအခွင့်အလမ်းများ၊ သတင်းအချက်အလက်များ ရယူလို၍ဖြစ်စေ သွားရောက် လေ့လာနိုင်သောနေရာဖြစ်ပါသည်။
မန္တလေး စာကြည့်တိုက်သည် အသင်းဝင်များအတွက်သာမက အသင်းဝင်မဟုတ်သူများအတွက်ပါ အားလုံးအတွက် ဖွင့်လှစ်ထားပါသည်။ စာအုပ်ပေါင်း ၅,၀၀၀ ကျော်၊ သတင်းစာများ၊ ဂျာနယ်များ၊ စာနယ်ဇင်းများနှင့် ဘီဘီစီမှ တိုက်ရိုက်ထုတ်လွှင့်သော ရုပ်သံသတင်းတို့ကို ရယူသုံးစွဲနိုင်ပါသည်။ စာကြည့်တိုက်ရှိ စာအုပ်များအား အွန်လိုင်း catalogue မှတဆင့် ဝင်ရောက် စစ်ဆေးကြည့်နိုင်ပါတယ်။
Self Access Centre သည် သင်၏ အင်္ဂလိပ်ဘာသာ စကားစွမ်းရည်များ တိုးတက်လာစေရန်ဖြစ်စေ၊ ယူကေစာမေးပွဲများအတွက် ပြင်ဆင်ရန်ဖြစ်စေ၊ သင်လိုအပ်သောအချိန်တိုင်းတွင် သင်၏လေ့လာမှုများကို ကူညီထောက်ပံ့ပေးနေပါသည်။ စာအုပ်စာတမ်း ၅၀၀ ကျော်ရှိ၍ အင်္ဂလိပ်ဘာသာသာစကားဆိုင်ရာ စာအုပ်များ၊ စာမေးပွဲပြင်ဆင်ခြင်းဆိုင်ရာ စာအုပ်စာတမ်းများ၊ ခေတ်ပေါ် ယူကေ ၀တ္ထုစာပေများရှိပြီး မန္တလေးတွင် အပြည့်စုံဆုံးဘာသာစကားလေ့လာရေးစင်တာတစ်ခုပင် ဖြစ်ပါသည်။
IELTS Corner သည် IELTS သင်ရိုးစာအုပ်များ၊ စာမေးပွဲလေ့ကျင့်ခြင်းဆိုင်ရာ စာအုပ်များနှင့် အခြားရည်ညွှန်းစာအုပ်စာတမ်းများဖြင့် IELTS စာမေးပွဲအတွက် လေ့ကျင့်ပြင်ဆင်နိုင်သောနေရာ ဖြစ်ပါသည်။