ကျောင်းများပိတ်ထားခြင်းနှင့်အတူ ကမ္ဘာအနှံ့ရှိဆရာ၊ ဆရာမများသည်လည်း အလားတူစိန်ခေါ်မှုများကိုရင်ဆိုင်နေရပါသည်။ သင်၏ အတတ်ပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်ရန်နှင့် သင်၏အတန်းများကို အွန်လိုင်းသင်တန်းများအဖြစ်ပြောင်းလဲရန် အထောက်အကူပြုမည့် အခမဲ့အွန်လိုင်းအရင်းအမြစ်များမြောက်များစွာကို ဝေမျှပေးလိုက်ပါသည်။
အွန်လိုင်းအတန်းများသင်ကြားနည်း webinar များ
ဆရာ၊ ဆရာမများစွာသည် သူတို့၏အတန်းများကို အွန်လိုင်းတွင်သင်ကြားရန် အတွေ့အကြုံအနည်းငယ် (သို့မဟုတ်) လုံးဝမရှိသောအတွေ့အကြုံနှင့် အကျွမ်းတဝင်မရှိသောအခြေအနေကို ကြုံတွေ့နေကြရပါသည်။ ထို့ကြောင့်ကျွန်တော်တို့သည် အဓိကကဏ္ဍများတွင် လမ်းညွှန်မှုများပို့ချနိုင်ရန် webinar များကိုစီစဉ်ခဲ့ပါသည်။ Webinar များအားအသံဖမ်းထားသောကြောင့် လွတ်သွားပါက စိတ်ပူစရာမလိုဘဲ သင့်ကိုယ်ပိုင်အချိန်တွင် အသံဖမ်းထားသောဖိုင်ကို အမြဲတမ်းကြည့်ရှုနိုင်ပါသည်။
မူလတန်းကျောင်းဆရာ၊ ဆရာမများအတွက်သင်ခန်းစာအစီအစဉ်များ
မူလတန်းကျောင်းစာသင်ခန်းအတွက်အထူးပြုလုပ်ထားသော ရွေးချယ်စရာသင်ခန်းစာအစီအစဉ်နှင့် လှုပ်ရှားမှုပေါင်း ၁၀၀ ကျော် ရှိပါသည်။ ကျွန်ုပ်တို့၏သင်ခန်းစာအစီအစဉ်များနှင့် လှုပ်ရှားမှုများအားလုံးကို အဆင့်များခွဲထားပြီး ရာသီဥတုနှင့်ပွဲတော်များအစရှိသည့် ကွဲပြားသောခေါင်းစဉ်များ၊ သဒ္ဒါတိုးတက်စေရန်အတွက် flashcard ကဒ်ပြားများအသုံးပြုခြင်းနှင့်ပတ်သက်သော အတွေးအခေါ်များကို လေ့လာနိုင်ပါမည်။
ဆယ်ကျော်သက်များအားသင်ကြားသော ဆရာ၊ ဆရာမများအတွက်သင်ခန်းစာအစီအစဉ်များ
အလယ်တန်းစာသင်ခန်းအတွက် အထူးဒီဇိုင်းလုပ်ထားသော ရွေးချယ်စရာသင်ခန်းစာအစီအစဉ် နှင့်လှုပ်ရှားမှုပေါင်း ၂၀၀ ကျော်ရှိပါသည်။ Shakespeare, Jane Austen, Charles Dickens နှင့် Dylan Thomas အပါအဝင် ကျော်ကြားသောဗြိတိန်စာရေးဆရာများအကြောင်းသင်ကြားရန် ကူညီပေးမည့် ယူကေယဉ်ကျေးမှုကဏ္ဍလည်းပါရှိပါသည်။
အင်္ဂလိပ်စာဆရာ၊ဆရာမများအတွက် အွန်လိုင်းအတတ်ပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု
မိမိ၏ သင်ကြားမှုအလေ့အထများကိုကြည့်ရှုပြီး ကျွန်ုပ်တို့၏ အခမဲ့အတတ်ပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်နှင့်အတူ သင်နောက်ထပ်လုပ်ဆောင်လိုသည့် နယ်ပယ်များကို ဖော်ထုတ်လိုက်ပါ။ ဤအစီအစဉ်တွင် ဆရာ၊ဆရာမများအနေနှင့် ၎င်းတို့၏ အတတ်ပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို စီစဉ်နေစဉ် ထည့်သွင်းစဉ်းစားသင့်သည့် ကွဲပြားသောအလေ့အကျင့် ၁၂ ခုပါဝင်သည့်သင်တန်း ၃ ခုပါရှိပါသည်။ မည်သည့်သင်တန်းများတွင်မဆို ပါဝင်တက်ရောက်ပြီး ကမ္ဘာအနှံ့ရှိ ဆရာ၊ဆရာမများအား သင့်အတွေ့အကြုံများကို စတင်မျှဝေလိုက်ပါ။