အင်္ဂလိပ်စာအဆင့်စစ်ဆေးခြင်းဆိုတာဘာလဲ။

သင်၏ လက်ရှိအင်္ဂလိပ်ဘာသာကျွမ်းကျင်မှုအဆင့်အား သိရှိရန် ၂၅မိနစ်ခန့်ကြာသော ရေးဖြေစာမေးပွဲတစ်ခု ဖြေကြည့်ပါ။ ပြီးလျှင် ကျွန်ုပ်တို့၏ ဆရာ/ဆရာမများထဲက တစ်ဦးမှ စကားပြော စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်သည်။ ဤသို့စစ်ဆေးခြင်းကို အင်္ဂလိပ်စာအဆင့်စစ်ဆေးခြင်း (English Level Test) ဟုခေါ်သည်။

သင် အင်္ဂလိပ်ဘာသာဖြင့် မည်မျှပြောဆိုဆက်ဆံတတ်သည်ကို ကျွန်ုပ်တို့ကို ပြသနိုင်ပါက ကျွန်ုပ်တို့ကလည်း သင့်အား မည်သည့်အတန်းတွင် တက်ရောက်ရန် အဆင်ပြေမည်ကို ပြောပြနိုင်ပါသည်။ ကျွန်ုပ်တို့ အတန်းများသည် Beginner ၊ Elementary ၊ Pre-Intermediate ၊ Intermediate ၊ Upper Intermediate (သို့မဟုတ်) Advanced ဟု၍ level အမျိုးမျိုးအတွက် ရှိပါသည်။

စစ်ဆေးမှုကို ဘယ်မှာပြုလုပ်ပါသလဲ။

ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီတွင် ပြုလုပ်ပါမည်။ 

မည်သည့်အချိန်တွင် ဤစစ်ဆေးမှုကို ဖြေဆိုလို့ရပါသနည်း။

အသက် ၁၆နှစ်အောက် - အီးမေးလ် (enquiries@mm.britishcouncil.org) ဖြင့်ဆက်သွယ် စာရင်းပေးပါ။

အသက် ၁၆နှစ်နှင့်အထက် - ဒီနေရာမှာ စာရင်းပေးပါ။

အသေးစိတ်သိရှိလိုပါက ၀၁ ၃၇၀၉၃၃၊ ၃၇၀၉၄၄၊ ၃၇၀၈၂၉၊ ၃၇၀၈၃၀ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

ကုန်ကျစရိတ်

မြန်မာငွေ ကျပ် ၁၅,၀၀၀ ကျပါသည်။ ဗြိတိသျှကောင်စီသည် အင်္ဂလိပ်စာအဆင့်စစ်ဆေးသော စာမေးပွဲများအတွက် ငွေပြန်မအမ်းပါ။ စစ်ဆေးမှုရလာဒ်များသည် တစ်နှစ်အတွင်း အကျုံးဝင်ပါသည်။

See also

မျှဝေပါ